စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ (အပိုင်း-၅၁)
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
'ဖြေရှင်းရတဲ့ အရေးကိစ္စတိုင်းမှာ အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံးက.. အလှဲအလှယ်ပဲလေ.. စေ့စပ်မှုကို ဖျက်ချင်ရင် စေ့စပ်မှုထက် တန်ဖိုးကြီးတာနဲ့ လှဲလှယ်ရမှာပေါ့..'
သူ ပြောလိုက်တာကို သူမက ခဏတာ တွေဝေစွာ စဉ်းစားလိုက်ပြီးမှ..
'ကောင်းပြီ.. ဒါဆို ငါမင်းနဲ့ အလှဲအလှယ်လုပ်မယ်.. ဘယ်လို အလှဲလှယ် လုပ်ရမလဲ..'
'မင်းဆီက တန်ဖိုးအကြီးဆုံး အရာပေါ့!..'
ယီမင်၏ ချိုမြစွာ ပြုံးနေသော နောက်ကွယ်တွင်.. ရှိသော အကြောင်းအရာကို ရင်းအော် သေချာ တွေးသော်လည်း.. အဖြေက ဝေ့ကာ ဝိုက်ကာဖြင့် ကွယ်ပျောက်သွား၏။
'တန်ဖိုးကြီးတာ.. တန်ဖိုးကြီးတာ ငါ့မှာ ဘာရှိမလဲ..'
သူမ အတွေးတွေ လျှော်ထွက်သွားပြီ ဆိုတာကို ယီမင် သိလိုက်ပြီမို့ စကားတစ်ခွန်းမှ ဝင်မပြောပဲ သူမ ဘာပြောလာမလဲ ဆိုတာကို လိုက်ငေးနေမိသည်။ သူမက ပက်လက်လေး လဲကျနေရာမှ ထထိုင်လိုက်ပြီးလျှင်..
'မင်း အဲ့အတိုင်းနေ.. မလှုပ်နဲ့.. ငါ့ဆီမှာ တန်ဖိုးကြီးတာတွေ များလွန်းလို့.. ငါ တွေးကြည့်ဖို့ လိုအပ်တယ်..'
'ကောင်းပြီ.. ငါတို့နှစ်ယောက်ရဲ့ စေ့စပ်တာကို ဖျက်ဖို့ထိ တန်ဖိုးကြီးမားတာက အများကြီး ရှိမယ်လို့တော့ မထင်ဘူး..'
မလှုပ်နဲ့ ဆိုပေမယ့် ယီမင် နောက်ထပ် သူမအနားသို့ တိုးသွားကာ.. အနောက်ကနေ သိုင်းဖက်လိုက်ပြီးလျှင်..
'မင်း ဖြည်းဖြည်း စဉ်းစားပါ ရင်းအော်.. အချိန်တွေ အများကြီး ရှိပါသေးတယ်..'
သူမက သူ့လက်တွေကို မသိမသာလေး.. ဖယ်နေရာမှ.. စိတ်မရှည်နိုင်တော့ဘူး ထင်သည်။ သူ့ဘက်သို့ မျက်နှာလှည့်လိုက်ပြီး.. သူ့လက်တွေကို ဆွဲဖြုတ်ပစ်လိုက်သည်။ ပြီးမှ..
'ငါ့ဆီမှာ.. ထူးဆန်းတဲ့ သစ်ပင်တွေ ရှိတယ် ပြီးတော့ နှစ်သောင်းနဲ့ချီတဲ့ ရေခဲတွေ ရှိတယ် ပြီးတော့.. ဆေး.. မင်း ဆေးတွေ လိုချင်တယ် မဟုတ်လား.. နောက်ထပ် ဘာရှိသေးလဲ ငါ သေချာ သွားရှာကြည့်လိုက်အုံးမယ်..'
YOU ARE READING
စိမ့်စမ်းရေပြာအိုင်မှ အလွမ်းဒဏ္ဍာရီ The Legend of Azure Lake
Historical Fictionရေးသားသူ - စွဲညို့ #ဘာသာပြန် မဟုတ်ပါ# Own Credtion လို့ အတိအကျ မဖော်ကျူးနိုင်ပေမယ့် ကျောရိုးမှလွဲ၍ ဇာတ်လမ်း ဇာတ်ကွက်နဲ့ ဇာတ်ကောင်တွေ အားလုံးဟာ စွဲမွေးဖွားထားတဲ့ စွဲရဲ့သားသမီးတွေ ဖြစ်ပါတယ်၊ ထောင်လွှားဖို့ သက်သက် မွှေးဖွားလာတဲ့ နတ်ဘုရားမ တစ်ပါးကို ချ...