အပိုင်း-၅၃

1.8K 170 2
                                    

စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ (အပိုင်း-၅၃)

Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

'ပြောလေ.. ဘာလဲ.. ဘယ်လိုပဲ ဖြစ်ဖြစ် ဒါကို မင်းတောင်းပြီးသွားရင်.. ငါတို့ စေ့စပ်ထားတာ ပြီးပြီနော်..'

'ဟုတ်တယ် စေ့စပ်ထားတာ ပြီးပြီ..'

သူမ ပြောလိုက်တာကို သူက အတည်ပြုပေးလိုက်တော့ သူမက ပြုံးရယ်သွားပြီး..

'ကောင်းပြီ.. မင်းပြော..'

'ရင်းအော်.. ငါ့ကို လက်ထပ်ပါ..'

'ဟာမ့်!!..'

ရုတ်တရပ် ပွင့်ဟသွားသော ရင်းအော်၏ နှုတ်ခမ်းများ..၊ ချိုသာစွာ ပြုံးနေဆဲ.. ယီမင်၏ အပြုံးတွေ..၊ ရင်းအော်က ကြောင်အနေရာမှ..

'ယီမင်.. ငါက စေ့စပ်မှုကို ဖျက်သိမ်းချင်နေတာ မင်းက ဒီလို တောင်းဆိုလို့ မရဘူးလေ.. မင်းစေ့စပ်ပွဲကို ဖျက်သိမ်းဖို့ သဘောတူထားတယ်..'

'ဟုတ်တယ်.. ငါတို့ စေ့စပ်ထားတာကို ဖျက်သိမ်းမယ်.. ပြီးရင် ငါတို့ မင်္ဂလာဆောင်ကြမယ်..'

ရင်းအော် ခေါင်းခါယမ်း ပစ်လိုက်ပြီး..

'မရဘူး.. ငါက မင်းကို လော့အော်ဆီ ပြန်ပေးရမှာ.. ငါအပိုင်ယူလို့ မရဘူး..'

ထိုစကားကိုတော့ ယီမင် မျက်နှာပျက်သွားမိသည်။ သို့သော် သူမနှင့် ပြိုင်ဆိုင်ပြီး မငြင်းနေချင်တာမို့.. အေးဆေးသော လေသံဖြင့်..

'ငါက မင်းတူမနဲ့ မင်းနဲ့ ကြားက သက်မဲ့အရာတစ်ခု မဟုတ်ဘူး.. မင်းပြန်ပေးချင်တိုင်း ပြန်ပေးဖို့ ငါ လက်မခံဘူး..'

'အစကတည်းက မင်းနဲ့ငါက..'

'ငါတို့ လက်ထပ်ဖို့ကို မင်းစဉ်းစားပါ ရင်းအော်.. မင်းအတွက် တခြားကိစ္စတွေ ငါ ဖြေရှင်းပေးမယ်.. ငါ့ကို လက်ထပ်ပါ.. မင်းနဲ့ ဝေးဖို့အကြောင်းရင်းကို ငါ ထပ်မတွေးရဲတော့ဘူး.. ရင်းအော်..'

~ငါက ဘယ်တုန်းက သူနဲ့ နီးစပ်ခဲ့လို့လဲ..~

'ကောင်းပြီ.. ငါစဉ်းစားလိုက်အုံးမယ်..'

သူမ ပျောက်သွားပြီ ဆိုမှ သူ မွေးနေ့ပွဲ ရှိရာသို့ ပြန်လှည့်လာတော့.. ဆစ်ကျီနတ်ဘုရားနှင့် ကျိုးဖန့်သုန် နတ်ဘုရားက မရှိတော့ ကျိုးလျန် နတ်ဘုရားက သူဝင်သွားတာနဲ့ သူ့အနားသို့ တိုးလာပြီး..

စိမ့်စမ်းရေပြာအိုင်မှ အလွမ်းဒဏ္ဍာရီ The Legend of Azure LakeWhere stories live. Discover now