မနက်ခင်းနေရောင်ခြည်နုနုလေးတွေက
ပြတင်းပေါက်ကနေပြီးအိပ်ရာပေါမှာအိပ်နေတဲ့ခပ်ချောချောကောင်ငယ်လေးဆီသို့ကျ
ရောက်ကာမြင်ရသူဖို့စိတ်ပျော်ရွှင်ဖွယ်ရာ
နတ်သားလေးတစ်ပါးကဲ့သို့ချောသောကောင်လေးမကြာခင်မှာနိုးလာတော့တွေ့ရသည်က
စားပွဲမှာစာရွက်တစ်ရွက်နဲ့ကဒ်တစ်ခု
ငါအလုပ်သွားပြီညနေရောက်မှတွေ့
မယ်မင်းတောင်းဆိုထားတဲ့ATMကဒ်
မင်းသုံးချင်သလောက်သုံး
Hahaဒီလိုကျတော့လည်းရက်ရောသား
ပဲ
ရေမိုးချိုးရအောင်ရေချိုးခန်းထဲသို့ဝင်ကာ
ရေပန်းအောက်မှာရေချိုးနေမိတယ်။
အပြင်ထွက်ရန်ပြင်ဆင်ပြီးမှန်ထဲတစ်ချက်ကြည့်မိသည်။ဖြူဖွေးသောအသားအရည်နဲ့
နီစွေးစွေးနှုတ်ခမ်းတို့ကြောင့်မိန်းမချောချော
ကာယောကျာ်းပီသမှုပျက်နေသောမိမိကိုယ့်ကိုအပြစ်တင်မိသည်။စားပွဲမှာတင်ထားတဲ့
ကဒ်ကိုယူပြီးအောက်ထပ်ကိုအပြင်သွားဖို့်
ဆင်းလာလိုက်တယ်။အိမ်တော်ထိန်းနဲ့အကူ
အချို့ကစားသောက်ခန်းမှာရပ်နေသည်မို့
တစ်ယောက်ယောက်ရှိနေတာကိုသိရသည်
သူမနက်စာစားဖို့အစီအစဉ်ကိုဖျက်ပြီးအပြင်
မှာစားရန်ကားသော့ကလေးကိုလှည့်ပြီးလေ
တချွန်ချွန်နဲ့ထွက်လာခဲ့သည်။ဘာကိုဂရုစိုက်
ရမှာလည်းဆိုတဲ့အထာနဲ့သူ့ကိုတွေ့ရတဲ့
တစ်စုံတစ်ယောက်မျက်မှောင်ကြုံ့ထားမှာကို
မြင်ယောင်မိသည်။ထို့နောက်မနေ့ကမှ
အသစ်စက်စက်ဝယ်ထားတဲ့နောက်ဆုံး
မော်ဒယ်ကားနီလေးကိုမောင်းကာစိတ်ကြိုက်
Shoppingထွက်ရန်ထွက်ခွာလာခဲ့သည်
စစ်သော်ခန့်မမလေးကိုမထီမလေးစား
လုပ်သောထိုလူသားကိုကိုယ့်အဆင့်ကိုယ်သိ
အောက်လုပ်ချင်ပေမယ့်မမလေးကိုယ်တိုင်က
ဘာမှမပြောသည်မို့ဆိတ်ငြိမ်နေမိသည်။
မမလေးကတော့မနက်စာကိုအကျအနစားကာ
ကျွန်မကိုညနေကျရင်ကြက်ကုန်းဘောင်နဲ့ဆာကေးပြီးတော့ဖက်ထုပ်စွပ်ပြုတ်လုပ်
ထားပေးပါ
ကောင်းပါပြီမလေး
အိမ်တော်ထိန်းကိုစကားပြောကာ
ဒီနေ့အတွက်ဘာတွေရှိလည်း
ကျနော့်ကိုလှမ်းမေးသည်မို့
နေ့လယ်ဘက်meetingတစ်ခုနဲ့
Mallကိုမြုပ်နှံဖို့အတွက်ဆွေးနွေးပွဲတက်ရပါမယ်
ကောင်းပြီလေ
မမလေးကပြောကာထသွားသည်မို့မမလေး
ကိုအမှီလိုက်ရပြန်သည်။
အစ်ကိုလေးဒါကညီမတို့ဆိုင်ကမနေ့က
တင်ထားတဲ့နောက်ဆုံးဒီဇိုင်းပါ
မဆိုးဘူးပဲငါနဲ့လိုက်ရဲ့လား
အရမ်းလိုက်တာပေါ့အစ်ကိုလေးရဲ့
ဒီဟာငါယူမယ်
သူများကရက်ရက်ရောရောပေးထားတာကို
ကိုယ်တွေကအလိုက်တသိနဲ့သုံးပေးရမှာပေါ့
အခုဝင်တဲ့ဆိုင်နဲ့ဆိုဝယ်နေတာဆယ်ဆိုင်
မြောက်အားလုံးကလည်းဈေးကြီးပြီးအဆင့်
အတန်းမြင့်တဲ့brandဆိုင်တွေချည်းပဲ
ဘာလိုလိုနဲ့ဝယ်နေတာလက်ထဲမှာအထုပ်တွေအပြည့်နေ့လယ်ထမင်းစားချိန်ရောက်ပြီ
မို့ဒီMallရဲ့နာမည်ကြီးစားသောက်ဆိုင်ကို
သွားတော့တွေ့လိုက်ရသည်ကဘယ်လို
ဆက်ဆံရေးလိုပြောလို့မရတဲ့ဆက်နွယ်မှုနဲ့
ရင်းနှီးတဲ့မျက်နှာနဲ့ကောင်မလေး
ကောင်မလေးဆိုတာထက်သူ့ထက်တော့
အသက်နည်းနည်းကြီးပုံရပေမယ့်အသက်ဘယ်လောက်ဆိုတာတော့မသိချေကိုယ်က
လည်းအဲ့အိမ်တော်ကိုရောက်ကတည်းက
ပျော်ပါးလျှောက်လည်နေတာလေ။
ထိုကောင်မလေးနဲ့အတူအမြဲတွေ့နေရတတ်
တဲ့တွန့်ချိုးနေတဲ့မျက်ခုံးနဲ့ရေခဲရိုက်မျက်နှာ
ပိုင်ရှင်သူတို့ကကိုယ့်ကိုတွေ့ပုံမပေါ
စမတ်ကျကျဝတ်ဆင်ထားပြီးလုပ်ငန်းရှင်
တစ်ဦးဖြစ်ဟန်ပုံပေါသည့်ထိုလူနဲ့စကား
ပြောနေလေရဲ့။ကိုယ်လည်းဗိုက်ဆာနေသည့်
စားပွဲတစ်ခုမှာဝင်ထိုင်ကာမှာစရာရှိတာမှာပြီး
ဖုန်းပွတ်နေလိုက်တယ်။
စားစရာတွေရောက်လာတော့ဆာဆာနဲ့
လွေးကာအချိုတည်းနေတုန်းမိမိကိုတစ်စုံ
တစ်ယောက်ကြည့်နေသည်ထင်မိသည်မို့
လှည့်ကြည့်လိုက်တော့မိမိကိုတွေ့ရတာ
အလိုမကျဟန်နဲ့အမြဲမျက်မှောင်ကြုံ့နေသော
ထိုလူသားသူ့ကိုဘာမှမလုပ်ဘဲဘာလို့အမြဲ
သူ့ကိုမကြည်တာပါလိမ့်
ကောင်မလေးကတော့လုပ်ငန်းပိုင်ရှင်
ပြောတာကိုနားထောင်နေကာမျက်လုံးတွေက
စူးရှတောက်ပလျက်။မိမိကိုမကြည်သော
ထိုလူသားအားဂရုမစိုက်ပေတေတေဟန်ဖြစ်
ပိုက်ဆံရှင်းကာထိုဆိုင်မှထွက်လာခဲ့သည်
နေရစ်ခဲ့တော့လေမလေးရဲ့ကျွန်
ခပ်တိုးတိုးရေရွတ်ကာခြေဦးတည်ရာဆီသို့
မမလေးနဲ့အတူMallမြုပ်နှံ့ဖို့အတွက်
လာကာနေ့လယ်စာအတွက်Mallပိုင်ရှင်က
တည်ခင်းပေးကာဆိုင်အားလိုက်ကြည့်တော့
နာမည်ကြီးbrandတွေရဲ့အထုပ်တွေဆွဲ
ကာသူဠေးသားပုံစံနဲ့ပေတေတေမျက်နှာပိုင်ရှင်ကိုတွေ့လိုက်ရတော့စိတ်အလိုမကျစွာထို
လူသားအားကြည့်မိသည်။ထိုကောင်လေးက
မမလေးနဲ့သူတို့ကိုအကဲခတ်ကာသူ့ကို
ခပ်ပေပေကြည့်ကာဆိုင်ထဲကထွက်သွား
လေသည်
မမလေးနဲ့ရေစက်ဆိုးများလားမသိ
ဟုစိတ်ထဲကတိုးတိုးပြောမိသည်
မမလေးကMallပိုင်ရှင်နဲ့လက်ဆွဲနှုတ်ဆက်
ပြီး
ကျွန်မကတော့စိတ်ပါသွားပြီနောက်ဆက်
သွယ်လိုက်ပါ့မယ်
ကျွန်တော်သတင်းကောင်းစောင့်နေပါ့မယ်
မမလေးကယဲ့ယဲ့လေးသာပြုံးပြီ
အလုပ်ကိုပြန်ဖို့ထွက်လာခဲ့သည်
ဟူးငါကတော့စိတ်ဝင်စားပေမယ့်ဟို
ဘိုးတော်တွေကိုစည်းရုးံရအုန်းမယ်စစ်
မမလေးကဆီကရှယ်ယာရှင်တွေကိုအလိုမကျသည့်စကားသံနဲ့အတူစစ်လည်းပြုံးမိ
သည်မမလေးကစစ်ရဲ့လောကကြီးပါ
ဟန်အိမ်တော်ကိုပြန်ရောက်တော့
အိမ်နော်ထိန်းကသူ့အားစောင့်နေသည်ကို
တွေ့ရသည်မို့အထုပ်တွေကိုအိမ်အကူတွေ
ကိုအခန်းထဲသယ်ခိုင်းကာပြောမည့်စကားကို
နားထောင်လိုက်သည်
ဒီနေ့သခင်လေးကပြောစရာရှိလို့
ထမင်းစားချိန်အတူတူစားဖို့ပြောခိုင်းလိုက်ပါတယ်ကိုလေး
ဘာများပြောမို့လည်း
မသိပါဘူးကိုလေး
Haလီမွန်တီးအခန်းကိုယူလာပေးပါ
ညကျရင်ကျနော်တရုတ်စာစားမယ်
ကောင်းပါပြီကိုလေး
လေးကန်ကာအတွေးတွေပြည့်နေတဲ့
ခြေလှမ်းနဲ့အတူဟန်အခန်းဆီသွားမိတယ်
လူကြီးခင်ဗျားဘာတွေအကွက်ရွှေ့အုန်း
မှာလည်း
ဟန်စိတ်ထဲမှာတွေးမိသည်ဟုတ်တယ်လေလူကြီးဆိုသည်မှာကိုယ့်အတွက်အကျိုးမရှိ
ဘဲဘာမှလုပ်မည့်သူမဟုတ်ဟန်တော့
လူကြီးရဲ့showမှာဘာတွေသရုပ်ဆောင်ရ
အုန်းမလဲမသိ
မသိတော့ဘူးကွာလူကြီးရာဟန်သူရိန်
စစ်သော်နိုင်
ကောင်းခန့်ပိုင်
ယူရီချယ်
YOU ARE READING
ချစ်ခြင်းဆိုသည်မှာ
FantasyဒီstoryလေးကBlအဖြစ်ဖန်တီးမှာပါ အချစ်ဟုတ်လားဟာသပဲ ငါမပိုင်ဆိုင်တဲ့အရာဘာမှရှိဘူး မင်းပြောတဲ့အချစ်ကိုငါရအောင်လုပ်ပြမယ် မင်းမချစ်လည်းငါ့ကိုချစ်မယ့်လူမရှားဘူးဆိုတာ မင်းသိထားဖို့ကောင်းတယ် ငါမင်းမှားတယ်ဆိုတာသက်သေပြမယ် ငါလည်းမင်းက...