ဝါဆိုဦးလည်းခက်ထန်ရင်ခွင်ထဲ၌သာအိပ်မောကျသွားတော့သည် ခက်ထန်လည်း ဝါဆိုဦးအိပ်နေတာလေးကို မျက်တောင်တစ်ချက်မခတ်ပဲ ကြည့်ရင် ဝါဆိုဦးကိုဖက်ထားလျက်နဲ့ အိပ်ပျော်သွားခဲ့သည် မနက်မိုးလင်း နေရောင်ခြည်သည် ပြတင်းပေါက်အားထိုးဖောက်၍ ဝါဆိုဦးနဲ့ခက်ထန်မျက်နှာတည့်တည့်သို့ကျရောက်လေသည် ခက်ထန်လည်းအိပ်မောကျနေသောကြောင့် မျက်နှာနေထိုးတာတောင်မနိုး ဝါဆိုဦးကနိုးလာပြီး ခက်ထန်ရင်ခွင်ထဲရောက်နေသည်ကိုသိ၍ ခက်ထန်နိုးမည်စိုးသောကြောင့် မလှုပ်မယှက်ပဲ ခက်ထန်ရဲ့ ပါးမို့မို့လေးပေါ် ဖြာကျနေသောနေရောင်ခြည်ကို သူ့လက်နဲ့ကာလိုက်ပြီး ခက်ထန်ရဲ့ ဘာမှလိမ်းခြယ်ထားခြင်းမရှိ မနက်စောစောမျက်နှာမသစ်မှီအချိန်သည် မိန်းကလေးတျောက်အလှအပအစစ်ဖြစ်သည်ဟု စကားအရ မျက်ခုံးနက်နက်လေးမှာနေရောင်ခြည်ကြောင့် မျက်ခုံးကြုတ်နေပြီး နှာတံစင်းစင်းလေးနဲ့ ပါးမို့ရဲရဲလေးတွေရဲ့အလှတရားအောက်မှာ ဝါဆိုဦးအသက်ရှုဖို့တောင်မေ့နေသည် ခက်ထန်ဆီကအကြည့်မခွာနိုင် ခက်ထန်ရဲ့ ရင်ခွင်ထဲနေရသည့်အခက်တန့်လေးကို ကုန်ဆုံးမှာကြောက်နေသည် ဝါဆိုဦးအတွက် ခက်ထန်ဆီကပြန်ရတဲ့ ပထမဦးဆုံးနွေးထွေးမှုတစ်ခုဖြစ်သောကြောင့် ဝါဆိုဦး ဒီလောက်နဲ့သာအချိန်တွေကိုရပ်တန့်ချင်နေသည် ထို့နောက် ခက်ထန်ရဲ့ နှုတ်ခမ်းရဲလေးကို အိဝင်သွားအောင်နမ်းလိုက်သည် ခက်ထန်လည်း မျက်လုံးပွင့်လာပြီး သူ့မရင်ခွင်ထဲက ဝါဆိုဦးကို ဖယ်ထုတ်လိုက်ပြီး ကုတင်ပေါ်မှဆင်းကာ
သူ့အခန်းသူပြန်လာလေသည် ဝါဆိုဦးလည်း ပြုံးစိစိနဲ့ကျန်ခဲ့လေသည် ထို့နောက် မေကြည်ဝင်လာကာသမီးလေး...မမလေးက...ဒီနေ့ကျောင်းမသွားပဲအိမ်မှာအနားယူဖို့မှာထားခဲ့တယ်.....
ဝါဆို:: အာ့ဆို...သူကျောင်းသွားပြီပေါ့
မေကြည်:: သွားပြီသမီးရဲ့......
ဝါဆို:: အစောကြီးကို......ကျောင်းချိန်လိုသေးတယ်လေ
မနက်စာရောစားသွားရဲ့လား...မေကြည်မေကြည်:: မမလေးမှာအရေးကြီးကိစ္စရှိလို့သမီး....မနက်စာလည်းမစားသွားဘူး...သူနောက်ကျနေလို့လေ
ကမန်းကတန်း သွားရတာ
YOU ARE READING
The Rain..............မိုး
Lãng mạnရှင်းဗိုလ်ရဲ့..the rain....လေးကိုဖတ်ပြီး ရှင်းဗိုလ်ကိုဝေဖန်အကြံပြုပေးကြပါနော် အစွမ်းကုန်ကြိုးစားနေပါတယ်😘😘😘