မြတ်နိုးမှု အရှုံး-၎

678 117 45
                                    


၂၀၁၆ ခုနှစ်....

အဝတ်လဲခန်းအတွင်း ဂျောင်ဆူး ပုန်းကာ စောင့်နေရင်းမှ ရင်ခုန်နေမိသည်.
ဘတ်ခ်ဟွန်းသည် သူ စပရိုက်လုပ်လျှင် မည်သို့ဖြစ်သွားမည်ဆိုသည်ကိုလည်း သိချင်လွန်း၍ အချိန်တွေကို မြန်မြန်ကုန်စေချင်လှပြီ.
ဂျောင်ဆူးလက်ထဲတွင် ကိုင်ထားသော ကိတ်မုန့်ကလည်း အခန်းအပူချိန်ကြောင့် အချိန်အနည်းငယ်အတွင်း တစတစအရည်ပျော်တော့မည်.

တံခါးအား တွန်းဖွင့်သံကြားလိုက်တာကြောင့် ဘတ်ခ်ဟွန်း လာပြီဟု ထင်၍ ဂျောင်ဆူး အခန်းအပြင်ထွက်မည်ကြံသော်လည်း ခြေသံက တစ်ခုတည်းမဟုတ်သည်မို့ ဂျောင်ဆူးမထွက်ဖြစ်.
အခြားသော ကစားသမားများဝင်လာသည်ဟုသာ ထင်မိလိုက်သည်.

ခြေသံတို့က ဂျောင်ဆူးရှိနေရာအဝတ်လဲခန်းနှင့် ပိုမိုနီးကပ်လာပြီး ဂျောင်ဆူးဘေးကပ်ရက်အခန်းကို ဖွင့်ကာ ထိုအခန်းထဲသို့ အလျင်စလို တွန်းဝင်လိုက်ကြသည်ထင်သည်.
ဘေးအခန်းမှ ကြားရသော ခြေသံတို့က ကတုတ်ကယက်.

ထို့နောက် နောက်ဆက်တွဲထွက်လာသည်က အကြင်နာပြင်းပြင်း၏ မောဟိုက်သံများ.
အခန်းနံရံသို့ ဆွဲကပ်လိုက်ပုံရသောကြောင့် ဝရုန်းသုန်းကားဖြစ်ကာ ဖြစ်လာသောအသံများ.
သြော်...အတွဲတွေ ထင်ပါရယ့်...

တဖက်အခန်းရှိ အတွဲက အကြင်နာအပြိုင်ကြမ်းနေကြသည်မို့ ဘေးခန်းတွင် လူရှိမှန်းသိလျှင် ရှက်သွားကြမည်စိုး၍ ဂျောင်ဆူး အသံမထွက်...
တိတ်တိတ်ကလေးသာ နေပေးဖြစ်သည်.

ဘတ်ခ်ဟွန်းကလည်း ကြာလိုက်တာ...

ဂျောင်ဆူးက ဘတ်ခ်ဟွန်းကို တမျှော်မျှော်လုပ်နေရပေမယ့် တဖက်အခန်းက အတွဲကတော့ အတော်လေး မောဟိုက်သွားကြပုံရသည်.
အကြင်နာသံ တပြွတ်ပြွတ်ကို မကြားရတော့.
တိတ်ဆိတ်သွားလေပြီ.

"မောသွားပြီလား....ဘေဘီ.."

တိုးလျလျထွက်လာသည့် ဘေးအခန်းမှ အသံသည် ဘတ်ခ်ဟွန်းအသံနှင့် ဆင်လွန်းလှသည်.
ဂျောင်ဆူးသည်ပဲ စိတ်ထင်လေသလား?

တမင်စပ်စုသည် မဟုတ်ပေမယ့် ကိုယ့်ချစ်ရသူအသံနှင့် ဆင်ဆင်တူလေတော့ ဂျောင်ဆူး နံရံကို အသာကပ်ကာ အသံကို နားစွင့်မိသည်.

မြတ်နိုးမှုအရှုံးOù les histoires vivent. Découvrez maintenant