အပိုင်း-(၁)

333 16 5
                                    

❤❤❤
သာယာလှသော မနက်ခင်းတစ်ခု.........
Bangkok...
အေးချမ်းလှတဲ့ ရပ်ကွက်လေးတစ်ခုရဲ့ တိုက်အိမ်လေးတစ်လုံး...
မကျဉ်းမကျယ် ခြံဝန်းလေးရဲ့အလည်မှာ မိုးပြာရောင် တစ်ထပ်တိုက်ပုပုလေး...ခြံဝန်းထဲမှာလည်း ဥယျာဉ်သေးသေးလေး
တခု အပြင် ပန်းအိုးလေးများကို သူ့နေရာနှင့်သူ အစီအရီ ချထားသည်။ ထိုသို့လှပသော တိုက်အိမ်လေးရဲ့ အိပ်ခန်းတစ်ခု ထဲမှာတော့...
"iPlan! အခုထတော့ကွာ...နှိုးနေတာ တော်တော်ကြာနေပြီနော်"
အရပ်မြင့်မြင့် အသားဖြူဖြူ တရုတ်စပ်ဖြစ်ပုံရသော ကောင်လေးက တစ်စုံတစ်ယောက်ကို နှိုးနေပုံရသည်။ အိပ်ယာပေါ်မှ ကောင်လေးကလည်း အသေခံတပ်သား တစ်ယောက်လို ဆွဲခွာနေ
သော စောင်ကို မရအရ ဆွဲကာ သူ့ရဲ့အိပ်စက်ချိန်ကို တိုးရဖို့ အသေအလဲကြိုးစားနေသည်။ နှုတ်ဖျားမှလည်း
"ကိုကိုရာ...၅မိနစ်ပဲနော်...၅မိနစ်ပဲ ...ကျွန်တော် မနေ့ညက မအိပ်ရသေးဘူး..."
"ဘာလို့မအိပ်ရသေးတာလဲ..."
"ဂိမ်းဆော့နေလို့..."
"ကောင်းကွာ! "ဟုသာ ရေရွတ်လိုက်ရင်း Saint သူ့နဖူးသူသာ ရိုက်လိုက်မိသည်။ သူ ဘွဲ့တစ်ခု ရပြီးတည်းက သူ ၀ါသနာပါရာ အလုပ်ကိုသာ လုပ်ဖို့တောင်းဆိုခဲ့သည်။ သူက ထိုင်း-တရုတ် မို့ ဘာသာစကား၂မျိုးလုံးကို ကျွမ်းကျွမ်းကျင်ကျင် တတ်သည်။ သူ့မိဘတွေက တရုတ်မှာ အရှိန်အ၀ါ ကြီးသော မိသားစုဖြစ်ပေမယ့် သူက အေးအေးလူလူ နေချင်၍ ဘွဲ့ရပြီးချိန်တည်းက တယောက်တည်း ခွဲကာ ထိုင်းတွင်နေထိုင်ခြင်း ဖြစ်သည်။  ဪ......သူက သူ့ဝါသနာအတိုင်းကော်ဖီဆိုင် လေး တစ်ဆိုင် ဖွင့်ထားကာ သူ့ဘ၀ကို ရပ်တည်နေခြင်းပင်။ သူ့ဘ၀က တည်ငြိမ်အေးချမ်းခဲ့ပါ
သည်။ အင်း.........အခုလို သူ့ထက်၂နှစ်ခန့် ငယ်သော ညီဝမ်းကွဲလေး iPlan သူ့ဆီ ရောက်မလာခင် အထိပေါ့...

❤🙄❤

"ကိုကို...ဆိုင်သွားတော့ မလို့လား ......"
နံနက်စာ အချို့ကို သူပြင်ဆင်ပြီး ဆိုင်သို့ သွားဖို့ ပြင်နေချိန်မှာ မပွင့်ချင် ပွင့်ချင် မျက်လုံးတို့ကို အတင်းဖွင့်ရင်း Plan ရောက်လာ
သည်။
"အင်း...အကုန်ပြင်ထားပြီးပြီ...စားလိုက်ဦး...ပြသနာ မရှာနဲ့နော်..."
"အင်းပါ...Jackie ရော...Jackie"
Jackie ဆိုသည်မှာ သူမွေးထားသော Husky မျိုးစိတ် ခွေးလေးတကောင်ပင် ...
"ခြံထဲမှာ ထင်တယ်...ကိုကို လွှတ်လိုက်မယ် "
"ရတယ်...ကိုကို့ ဘာသာ သွားစရာရှိတာသွား...ကျွန်တော့်ဘာသာ လိုက်ခေါ်မယ်"
ပြောပြောဆိုဆို သောက်လက်စ coffee ကို ချထားရင်း သူနဲ့အတူ ခြံထဲဆင်းလာသည်။ သူဖိနပ်စင်တွင် ဖိနပ်လဲစီးနေတုန်း အိမ်တွင်းစီး ဖိနပ်နှင့် အပြင်ထွက်သွားသော Plan...နှုတ်မှလည်း
"သားကြီးရေ...Jackie ...Jackie ရေ"
"iPlannnn...အခုလာခဲ့စမ်း! အိမ်စီးဖိနပ်ကို အပြင်မှာ စီးရလား...အခုပြန်လာခဲ့"
Saint လှမ်းအော်တော့ ခြံထဲမှာ Jackie နှင့် လုံးထွေးနေသော Plan က ဂရုတောင် မစိုက်...ဆေးဆိုးထားသော ၀ါဖြော့ဖြော့ ဆံပင်တို့ ရမ်းခါနေရင်း Jackie နဲ့ ဆော့ကောင်းနေသည်။
"ဦးလေးနဲ့ ဒေါ်လေးတို့ရေ...ဘယ်လိုကြောင့်များ ဒီမျောက်ကို ကျွန်တော် ထိန်းနိုင်မယ်ထင်လို့ ပို့လိုက်ရတာလဲလို့ "
Saintစိတ်ထဲမှ ရေရွတ်လိုက်ရင်း လက်ဆွဲအိတ်ကို ဆွဲကာ ခြံထဲ ထွက်လာသည်။
"Plannnn...အခုချက်ချင်း အိမ်ထဲဝင်တော့...ဖိနပ်ကို ပြန်သန့်ရှင်းထားနော်...Jackie ကိုလည်း ရေချိုးပေးလိုက်..."
"Kha...Jackie ရေ ကိုကို့ကို နှုတ်ဆက်လိုက်ဦး ..."
"ဟေ့ကောင်...Jackie အနားမကပ်နဲ့...ဖေဖေက ဆိုင်သွားတော့မှာ...ဖေဖေ့ကို ညစ်ပတ်ရင် မင်းကိုအပြစ်ပေးမှာနော်...ညစ်ပတ်၂ကောင် အခုရေသွားချိုးတော့..သွား! "
ပြောပြောဆိုဆို အိမ်တံခါးနားက သူအသင့်ယူလာသော ကြက်မွှေးနှင့် ရွယ်ရင်း ကြိမ်းလိုက်မှ အိမ်ထဲသို့ ခပ်ကုပ်ကုပ် ၀င်သွားတော့သည်။ ဟူး......သူ့မလဲ တမနက်လုံး ဒီဟာလေးတွေနဲ့ ခုထိ ပါးစပ်မပိတ်ရသေး.........
🙄❤
"ဟူး"
ဆုံလည် ကုလားထိုင်ပေါ် Mean လှဲချလိုက်ကာ မျက်လုံးအစုံတို့ကို ပိတ်ထားလိုက်မိသည်။ ရုတ်တရက် တံခါးခေါက်သံကြောင့်
"၀င်ခဲ့..."
ခပ်လျော့လျော့ ထိုင်နေသော ခါးကို ပြန်မတ်လိုက်ရင်း သူပြင်ထိုင်လိုက်သည်။ ဂျူတီကုတ် ၀တ်ထားသော ဆရာဝန်လေးတယောက် ၀င်လာသည်။
"ပင်ပန်းနေပြီလား..."
"ဪ... Title ...အေးကွာ...ပင်ပန်းပေမယ့် လူနာ အသက်ကယ်နိုင်ခဲ့တာ တော်သေးတယ်"
သူပြောတော့ သူငယ်ချင်းဖြစ်သူ Title က ကျေနပ်ပြုံးတစ်ခုကို ပြုံးလိုက်ရင်း
"ငါတို့ရဲ့ Mean ...ပင်ပန်းသွားပြီ...ဂျူတီ မရှိတော့ဘူးမလား...
အိပ်ဆောင်မှာ ပြန်နားတော့လေ"
"တော်ပြီကွာ...အိမ်ပဲ ပြန်လိုက်တော့မယ်...ဒီနေ့တော့ အိမ်မှာ နားလိုက်ဦးမယ်..."
ပြောပြောဆိုဆို သူပစ္စည်းအချို့ကို သိမ်းဆည်းရင်း အိမ်ပြန်ရန် ထွက်လာသည်။ ကားထဲသို့ ၀င်ထိုင်လိုက်ချိန်မှ ဖုန်းမြည်လာသံကြောင့် ကြည့်လိုက်မိတော့   Title .........
"အင်း...ပြော"
"ညနေ ဆေးခန်းကို မင်းသွားထိုင်ပေး ပြောမလို့...ငါညနေ ဆေးရုံအုပ်နဲ့ တွေ့စရာရှိလို့ "
"Yeah! ...ငါ ဒီရက်ပဲ နားရတာကိုကွာ..."
"လုပ်ပါကွာ...နော့်...ငါလည်း ရုတ်တရက်ဆိုတော့ ပြောဖို့ မေ့နေတာ...ငါ coffee လိုက်တိုက်မယ်လေ...နော်...နော်"
"အေးပါကွာ...အာ့ဒါဆို ဖုန်းချလိုက်ပြီနော်...ငါနားချင်နေပြီ"
Mean ပြောပြောဆိုဆို ဖုန်းချလိုက်ရင်း ကားကိုအိမ်ဆီသို့ ဦးတည်လိုက်သည်။
🙄❤
ဆက်တိုက် မြည်နေသော Alarm ကို ပိတ်လိုက်ရင်း Mean အိပ်ချင်မူးတူး ထလိုက်သည်။ နာရီကိုကြည့်တော့ ညနေ (3)နာရီ ထိုးတော့မည်။ ဆေးရုံကပြန်ရောက်ပြီးတည်းက အိပ်နေခြင်းဖြစ်၍ ဘာမှမစားရသေး။ ဗိုက်က ဆန္ဒပြလာသည်။ အလွယ်ပင် အသင့်စား ခေါက်ဆွဲဘူးကို ဖောက်လိုက်ရင်း ရေနွေးဖြောကာ ဗူးကိုကိုင်၍ ခြံထဲဆင်းလာခဲ့သည်။ အပင်ရိပ်အောက်က Dream bed ပေါ်တွင် မှီရင်း ဘေးရှိစားပွဲခုံပုလေးပေါ် ခေါက်ဆွဲဗူးကို တင်လိုက်သည်။ (4)နာရီ ထိုးလျှင် ဆေးခန်း သွားထိုင်ပေးရမည်။
အဖုံးပိတ်ထားသော ခေါက်ဆွဲဗူးကို ဖွင့်လိုက်ရင်း ခေါက်ဆွဲကို တူနှင့်ယူစားလိုက်သည်။ ပထမတစ်လုတ် အားရပါးရစားပြီး အရသာ ခံနေတုန်း ဘယ်အပေါက်ကနေ ဘယ်လိုဝင်လာမှန်း မသိ သူ့ဆီပြေးလာသော ခွေးတကောင်ကြောင့် သူလန့်ပြီး ခုန်လိုက်မိသည်။
"ဘယ်...ဘယ်ကဘယ်လို ၀င်လာတာလဲ! ရောဂါကူးကုန်တော့မှာပဲ...ထွက်သွားစမ်း...အခု! ...အော်...မင်းမသွားဘူးလား...တွေ့ကြတာပေါ့...အသေရိုက်ပစ်မယ်"
ပြောပြောဆိုဆို အနားက တွေ့ကရာတုတ်နှင့် ရိုက်မလို လုပ်နေတုန်း
"ဟိတ်...ဦးလေးကြီး...ခင်ဗျားနော်...Jackie ကို ထိရဲရင် ထိကြည့်စမ်း...ခင်ဗျားခေါင်းကို ရိုက်ခွဲပစ်မယ်"
အသံသာကြား၍ လူက ဘယ်ကအော်နေမှန်းမသိ...
"ဟေး...ဘယ်ချောင်ကမှ အော်မနေနဲ့...မင်းခွေးဆို မင်းပြန်လာခေါ်"
"ခင်ဗျား ခြံထဲကနေ အော်မနေနဲ့! "
လူကိုမမြင်ရဘဲ အသံနဲ့တင် အစွာလေးဟု Mean တွေးလိုက်မိသည်။ သူ့ကျော်ခွကာ ခြံတံခါးသွားဖွင့်လိုက်တော့
"အပုလေးပါလား! "
"ဘာဗျ!! "
လောစပီကာထက် ၂ဆလောက်ကျယ်သော အသံဖြင့် အအော်ခံလိုက်ရပြီးသကာလ Mean နား၂ဖက်လုံးပူထူသွား
သည်။  သူကလည်းသူပဲ...မရည်ရွယ်ပဲ လွှတ်ကနဲ ပါးစပ်ကထွက်သွားမိသည်ကိုး.........အရပ်ပုသလောက် စိတ်ကလက်တဆစ်ဆိုတာ နားလည်လိုက်ပါသည်။
"မြေပဲတောင့်လေး...ဟိ"
ထိုအနှီကောင်လေး၏ ပုံစံကို ကြည့်ရင်း သူခပ်တိုးတိုး ရယ်မိသည်။ ဒါကို နားပါးသော ထိုကောင်လေးက ကြားပုံရသည်။ လက်သီးကို ရွယ်ပြရင်း လှည့်လာသည်။ သူ ခေါင်းကိုခါရင်း ရယ်လိုက်ကာ ကောင်လေးနောက် လိုက်သွားသည်။ ကောင်လေးက ခွေးလေးကို အားရပါးရ ဖက်ကာ ပါးစပ်က ပွစိပွစိနဲ့ ဘာတွေရေရွတ်နေသည်မသိ...
"မင်းခွေးကို အာ့လိုကိုင်တွယ်ပြီးရင်း လက်ကို သေချာဆေး...ခွေးဆိုတာမှာ ရောဂါတွေ ပါလာတတ်တယ်...ကိုယ်က ဆရာဝန်မို့ မင်းကို သေချာပြောပြနိုင်တာ...စကားနားထောင်နော် ကောင်လေး"
ကောင်လေး၏ ၀ါဖြော့ဖြော့ ဆံပင်တို့ကို သူဖွလိုက်ရင်း အပြုံးတစ်ခုနှင့် ပြောလိုက်သည်။ ရုတ်တရက် သူ့လက်ကို ပုတ်ချခံလိုက်ရသည်။ တဆက်တည်းမှာပင်...
"သွားစမ်းပါ...ခင်ဗျားသာ ကိုယ့်ဘာကို ဂရုစိုက်ပါ... Jackieက ခင်ဗျားထက်တောင် သန့်ရှင်းတယ်...နားလည်လား! ...ဟွန်း"
သူကြောင်အစွာ ရပ်ကြည့်နေတုန်းမှာပင် ကောင်လေးက ပြောပြောဆိုဆို လှည့်ထွက်သွားသည်။ သူ့အနားက အဖြတ်မှာပင်
မကြားတကြားနှင့် "ဆရာဝန်ရူး" ဟု ပြောသွားသေးသည်။
ကောင်လေးနဲ့ခွေးလေး မြင်ကွင်းက ပျောက်သွားမှ သူ dream bed ပေါ် လှဲချလိုက်မိသည်။ စားလက်စ ခေါက်ဆွဲလည်း ဆက်မစားချင်တော့...ထိုစွာတေးလန် ကောင်လေးကိုသာ တစစီ လုပ်စားပစ်ချင်လာသည်။
"ဟူး........."
သက်ပြင်းမောကိုသာ ရှိုက်မိတော့သည်။
TBC ............

You've reached the end of published parts.

⏰ Last updated: Apr 07 ⏰

Add this story to your Library to get notified about new parts!

Love is you Where stories live. Discover now