Ch.92 : Chatting over Coffee (2)

9.7K 853 27
                                    

ဝန်းထဲမှာပဲ ဟိုတယ်နဲ့ဘေးချင်းကပ်လျက် အတူတွဲဖွင့်ထားတဲ့ ကော်ဖီဆိုင်လေးထဲမှာတော့ customers အချို့ရှိလို့နေပြီး ၊ နေ့လည်ခင်းရဲ့ အေးမြတဲ့ လေနုသွေးဟာ ငြင်သာတိုးဝေ့ တိုက်ခတ်လို့နေလေတယ် ။ ရနံ့သင်းကြိုင်တဲ့ လတ်လတ်ဆတ်ဆတ် ကော်ဖီရနံ့ဟာ လေထုထဲမှာ လွင့်ပျံနေပြီး  ၊ အမြင်နဲ့တင် စားချင်စဖွယ် အရသာရှိလှမယ့် dessert တွေကို ပြင်ဆင်တည်ခင်းထားတဲ့ ဒီကော်ဖီဆိုင်လေးဟာဆိုရင် အရမ်းကို စိတ်ချမ်းမြေ့ဖွယ်ရာကောင်းပြီး ၊ သက်တောင့်သက်သာ အေးအေးဆေးဆေး အနားယူဖို့ကောင်းလှတဲ့ နေရာတစ်ခုပဲ ဖြစ်လေတယ် ။

Gino ဟာကော်ဖီခွက်ကို ဇွန်းနဲ့ အသာအယာမွှေလိုက်ပြီး ၊ အရှေ့မှာထိုင်နေကာ ဇာတ်ညွှန်းစာအုပ်ကို ဖတ်နေတဲ့ လူရွယ်ကို စိုက်ကြည့်လို့နေခဲ့တယ် ။ သူ့ရှေ့ချထားတဲ့ ဇာတ်ညွှန်းစာအုပ်ကို တစ်ချက်တစ်ချက် ဖတ်ကြည့်ခဲ့ပေမယ့်လည်း အချိန်အများစုကတော့ Tang Feng ကိုပဲ ကြည့်လို့နေလေခဲ့တယ် ။ Tang Feng ကိုကြည့်လေ ကြည့်လေ ထူးဆန်းပြီး ဟိုးတုန်းကတည်းက သူနဲ့ ရင်းနှီးခဲ့ဖူးသလို ခံစားချက်မျိုး သူ့ရဲရင်ထဲမှာ ပေါ်ပေါက်လို့လာခဲ့လေတယ် ။ ဘာလို့ သူဒီလိုမျိုး ခံစားနေမိရတာလဲ ?

" ခင်ဗျား ကျွန်တော့်ကို ဘယ်လောက်ပဲ စိုက်ကြည့်နေနေ ၊ လူအရှင်လတ်လတ်ကနေ ပန်းပွင့်တစ်ပွင့် ဖြစ်သွားမှာ မဟုတ်ဘူးနော် ။ "

နောက်စာမျက်နှာကို လှန်လိုက်ကာ ၊ Tang Feng ဟာ Gino ကိုပြန်ကြည့်မနေပဲ ကော်ဖီတစ်ငုံ သောက်လိုက်လေတယ် ။ သူသောက်နေတဲ့ ကော်ဖီထဲမှာ သကြား ၊ နို့ ဘာမှထည့်မထားဘူး ။ ဒါဟာ သူလုံးဝပြင်လို့မရတဲ့ အကျင့်တစ်ခုပဲ မို့လို့လေ ။

Gino ဟာ မေးကိုလက်နဲ့ထောက်ထားပြီး ၊ နေကာမျက်မှန်တပ်ထားရင်းနဲ့ပဲ ခပ်ဖျော့ဖျော့ ပြုံးကာ အခုလို ပြောလိုက်လေတယ် ။

" မင်းက ပန်းလေးတစ်ပွင့် ဖြစ်ခဲ့နေပြီပဲလေ ။ "

" ကျွန်တော်က ပန်းပွင့်ဆိုရင် ခင်ဗျားကကော ဘာလဲ ? "

Tang Feng ဟာ လှောင်ရယ်သလိုလေသံနဲ့ ပြန်မေးခဲ့လိုက်တယ် ။ ဒါ သူ့ဘဝမှာ တခြားသူတစ်ယောက်က ပန်းနဲ့တူတယ်လို့ ခိုင်းနိူင်းခံခဲ့လိုက်ရခြင်းပဲ ။

True Star (Myanmar Translation )Where stories live. Discover now