Let You Love Me

2K 218 39
                                    

အချစ်​ဆိုတာက ခဏတာစူးစိုက်​ကြည့်​မိတဲ့ မျက်​လုံးဝိုင်းဝိုင်း​တွေကလည်း စတင်​နိုင်​တာပဲ။ဒါကိုခင်​ဗျားတို့ ခံစားဖူးမှသိလိမ့်​မယ်​။

_________________________

"ငါအခု ပစ္စည်း​တွေယူပြီးထွက်​လာပြီ...အသင့်​​စောင့်​​နေ"

စကား​ပြောစက်​ထဲက​နေ သတင်းလှမ်းပို့လိုက်​​တော့ တစ်​ဖက်​ကအ​ကြောင်းပြန်​လာတယ်​။

ပတ်​ဝန်းကျင်​ကိုသိပ်​မသင်္ကာတာမို့ ​ခြေလှမ်း​တွေကိုမြန်​လိုက်​ပြီး လမ်းချိုးတစ်​ခုထဲ ဝင်​ချလိုက်​တယ်​။ ဒီရပ်​ကွက်​ရဲ့လမ်း​တွေက မသိတဲ့သူဆို ဝင်္ကပါလိုရှုပ်​​ထွေး​နေတတ်​ပြီး အိမ်​​သေး​သေး​လေး​တွေကလည်းပူးကပ်​​နေတာမို့ ​တော်​ရုံမှတ်​မိဖို့မလွယ်​ဘူး။

အကွယ်​တစ်​ခုမှာပုန်း​နေလိုက်​​တော့ ထင်​တဲ့အတိုင်း ​နောက်​ကလူသုံး​ယောက်​လိုက်​လာတယ်​။ အကုန်​လုံးက Dragon Wu ဂိုဏ်းတံဆိပ်​နဲ့ ဓား​ရှည်​​တွေကိုင်​ထားကြတယ်​။

"​တောက်​!ဒီလူကြီးဘာလို့ ဒီ​လောက်​​တောင်​အကင်းပါး​နေရတာလဲ..."

ခပ်​တိုးတိုးကျိန်​ဆဲရင်း အဲ့ဒီ​နေရာရဲ့မျက်​နှာချင်းဆိုင်​က လမ်းချိုးထဲကို ဖျတ်​ကနဲ​ပြေးဝင်​လိုက်​တယ်​။ပြေးထွက်​သွားတဲ့အရိပ်​အ​ယောင်​ကိုမြင်​လိုက်​​တော့ အ​နောက်​က ​ပြေးလိုက်​လာကြတယ်​။

Sorry.....​အပင်​ပန်းခံလိုက်​ကြပါ​​ဦးး!!

ခြေတံရှည်​ရှည်​​တွေ​ကြောင့်​ မြန်​မြန်​သွား​နေရတဲ့ခရီးကပို​ရောက်​တယ်​။အဖြူ​ရောင်​ဆံပင်​ပွပွ​တွေကို လက်​နဲ့သပ်​တင်​ပြီး ဦး​ထုပ်​​ဆောင်းလိုက်​​တော့ ဖုံးဖိမရနိုင်​တဲ့ ​နားရွက်​ကားကား​တွေက ​ဘေးမှာကားထွက်​​နေ​တော့တာပဲ။

တစ်​​နေရာ​ရောက်​​တော့ ဆိုင်​ကယ်​တစ်​စီးရပ်​ထားတဲ့ဆီကို ​ခြေလှမ်း​တွေကဦးတည်​သွားတယ်​။

"Hyungရာ...ကြာလိုက်​တာ....ကျွန်​​တော်​ Gameသွား​ဆော့ရပါမယ်​ဆိုမှ.."

လွယ်​အိတ်​ကိုလှမ်းယူရင်း မ​ကျေနပ်​ဟန်​ပြု​နေတဲ့ ​ကောင်​​လေးကို နဖူးတစ်​ချက်​​ခေါက်​ပြီး ဆိုင်​ကယ်​​နောက်​မှာခွထိုင်​လိုက်​တယ်​။

Let You Love Me [Completed]Where stories live. Discover now