Part 70
Krist ''P''
Sing အင်း
Krist ကျွန်တော့်ကို မမုန်းဘူးလား
Sing ဘာလို့မုန်းရမှာလည်း မင်းငါ့အနားမရှိတဲ့အချိန်တွေမှာ ပိုတောင်ချစ်လာတာ မင်းမသိပါဘူး ငါ့ရင်ထဲက ခံစားချက်တွေကို
Krist ကျွန်တော် P ကို အမြဲလွမ်းနေတာ ရေပြင်အကျယ်ကြီးကို ငေးကြည့်ပြီး Pရှိတဲ့နေရာကို မှန်းပြီး မျက်လုံးထဲမြင်အောင် ကြည့်ပြီး အလွမ်းဖြေရတယ် တစ်ခါလေ အရမ်းလွမ်းလို့ ငိုရတယ် ကျွန်တော့်ကို Pရှာတွေ့မယ်လို့ မထင်ထားခဲ့ဘူး ဒီမှာရှိနေတာ ဘယ်သူမှ မသိဘူး ဘယ်လိုသိလဲ
Sing မင်းက ငါ့ရဲ့အပိုင်ဘဲ ငါမသိဘဲနေပါ့မလား ငါရဲ့နှလုံးသားလေးရဲ့ လမ်းညွန်မှူအရ ရှာတွေ့တာဘဲ
Krist "P''အကြိုက် "P''အလိုတွေကို ဖြည့်ဆည်းပေးချင်တာ ငြိုငြင်မှူတွေမရှိဘဲနဲ့ဘဲ ဒါပေမယ့် မရေရာမသေချာတဲ့ Pရဲ့ အိမ်ထောင်ရေးထဲကို မဝင်ရဲဘူး ဒါပေမယ့် ဘယ်လိုနေရာမှာ ဘယ်လိုနေရမလဲဆိုတာ မသိဘူး
Sing မင်း ငါ့ကို သံသယတွေရှိသေးတာဘဲ မင်းရဲထဲက အစွဲကို ငါဘယ်လိုဖျောက်ပေးရမလဲ
Krist တစ်ခါလေ စိတ်အားငယ်တဲ့အခါလည်းရှိတယ် Pအရမ်းဆူပြီးငေါက်တာတို့ အဲ့ဒါတွေကို ကျွန်တော်က Pကိုချစ်တော့ ခွင့်လွတ်ပေးလို့ရတယ်လေ ခွင့်လွတ်နိုင်ခဲ့တယ် ကျွန်တော် သူများအိမ်ထောင်ကို ပြိုကွဲအောင်လုပ်တဲ့သူမဖြစ်ချင်ဘူး
Sing အိမ်ပြန်ရောက်တဲ့အခါကြ သိမှာဘဲ ငါ အိပ်ချင်ပြီ မင်းကို စိတ်မချလို့ ငါမအိပ်ဘဲနေတာ အိပ်တော့
Krist ကျွန်တော်မှ အိပ်မပျော်တာ ညတိုင်း မီးထိုးနေရတာလေ
Sing ငါ့ဒေါသကိုမစွနဲ့ မအိပ်ချင်လည်း ငြိမ်ငြိမ်လေးနေ ငါဘာဖြစ်နေတယ်ဆိုတာ မင်းအသိဆုံး အိပ်တော့
Krist ကျွန်တော် အမြဲတမ်း နာကျင်စရာတွေဘဲ ရှိတယ် အပျော်ဆိုတာ ဘာလဲဆိုတာ မသိဘူးP နဲ့ကြမှ မပျော်ဆိုတာ ခံစားတက်လာတယ် အလွမ်းဆိုတာ ဘာလဲဆိုတာ သေချာမသိခဲ့ဘူး ဒါပေမယ့် Pနဲ့ ကြမှ ကျွန်တော် လွမ်းတက်လာတာထက် တမ်းတတက်လာတယ် ကျွန်တော် တစ်ဇွတ်ထိုးနိုင်တယ် ထင်ကြတယ် ထင်ရာစိုင်းတယ်ထင်ကြတယ် ကျွန်တော် ဟိုးအရင်ကတည်းက တစ်ယောက်တည်းရုန်းကန်လာရတာလေ ကျွန်တော် အမှောင်ထဲမှာ ရှောက်သွားရင်တောင် တားမယ့်သူမရှိဘူး အခုလည်း ဒီမီးပြတိုက်လေးထဲမှာ ကျွန်တော်တစ်ယောက်တည်းငိုနေရတာ ဘယ်သူမှမသိဘူး ကျွန်တော်သိလိုက်ရတာက ကျွန်တော်ထက်အရင် Pက အိမ်ထောင်ကျနှင့်ပြီးသားဆိုတာ အခု ဒီမီးပြတိုက်က ကျွန်တော့်ကို အလင်းမပြပေမယ့် သူများတွေအတွက် အလင်းရအောင် အန္တရယ်မဖြစ်အောင် ကျွန်တော် အလင်းပြနေတယ် အဆင်ပြေတယ် မနက်ကြ Pရဲ့ အိမ်ထောင်ဖက်က ပျောက်လို့ လိုက်ရှာနေလိမ့်မယ် Pပြန်ပါ မိုးလင်းရင်