" ဘဝမှာ ရွေးချယ်စရာတွေ များနေရင်တောင်
မင်းကိုပဲ ထပ်တလဲလဲရွေးချယ်မှာ ကလေး "တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်မှာ သူ့အသံက သြရှရှ ။
မျက်နှာသေနှင့်ဖွင့်ဟပြနေတဲ့ အကြောင်းအရာတွေကို
ဘယ်လိုစိတ်နဲ့ ယုံကြည်စရာကောင်းနေပါမလဲ ။သောက်လက်စစီးကရက်ကို ခပ်ပြင်းပြင်းလေးရှိုက်လိုက်ပြီး
ဖိနပ်ထိပ်ဦးနဲ့ နင်းချေပစ်လိုက်သည် ။" ဒီထက့်ကောင်းတဲ့ ဟာသမရှိတော့ဘူးလား အကို "
" ဟာသဆိုရင်တောင် မင်း ပျက်ရယ်ပြုဖို့
မထိုက်ဘူး ကလေး "" ဘာလို့ ကျွန်တော့်ကိုချစ်လဲ "
" မင်း ဖြစ်နေလို့ပေါ့ "
" ကျွန်တော်တော့ အကို့ကို မချစ်ဘူး "
" သဘောပါ ....ကိုယ့် planထဲမှာ
ကလေး ပြန်ချစ်ပေးဖို့မပါဘူး "" ok bro ! "
ဘဝမှာ အယုံအကြည်မရှိဆုံးအရာတစ်ခုကို လက်ညိုးထိုး
ပြဆိုရင် ကျွန်တော်ကတော့ ချစ်ခြင်းမေတ္တာကိုပဲ
ဦးတည်ပြမှာပဲ ။
ကျွန်တော်ဆိုတာ ချစ်ပေးဖို့အထိုက်မခံတဲ့ကောင်
တနည်းအားဖြင့် အချစ်မခံရတဲ့ကောင် ။လူတစ်ယောက်က မွေးဖွားလာရင် မိသားစုနဲ့
အသိုက်နဲ့အဝန်းနဲ့ ရှိတတ်ကြစမြဲ ။
ကျွန်တော်ဆိုတဲ့ ကောင်မှာရော ???
ဖြစ်ချင်တဲ့ကောင်နဲ့ ဖြစ်တာ ငါ့ကလေးမဟုတ်ဘူး နှင့်
ရှင်မလိုရင် ကျွန်မလည်းမလိုအပ်ဘူး ဆိုသည့်
မိဘများ၏ စွန့်ပစ်ခဲ့ခြင်း အကြောင်း "
ပြန်ပြောင်းတွေးရင် ရင်နာစရာ အကြောင်းတွေချည်းဖြစ်သည်။လိုအပ်ချိန်မှာ ကျွန်တော့်ကိုကပ်တွယ်နေကြမှာပဲ ။
မလိုအပ်ရင် ကျွန်တော်က အမှိုက်တစအပြင်ပိုမှာမဟုတ်ခဲ့ဘူး ။
လိုအပ်နေမှ ပစ်ချခံရမှာထက် မလိုအပ်အောင်ပဲ
နေထိုင်မယ် ။ ကျွန်တော်ဟာ ချစ်ခြင်းကိုမယုံတဲ့လူတစ်ယောက်ပါပဲ ။
YOU ARE READING
Romanceလူတိုင်းက အချစ်ခံရဖို့ ထိုက်တန်တယ် ကျွန်တော်လည်းပဲ ။ လူတိုင်းက အချစ်ခံရဖို့ ထိုက်တန်တယ် ကျွန်တော်လည်းပဲ ။ Happy Birthday Present For @Han Me