အပိုင်း -၂၄(အပိုငျး-၂၄)

6K 592 124
                                    

Zawgyi

"ဂျွန်​ဂျွန်​~"

တံခါးဝမှာရပ်​​နေတဲ့ ဂျွန်​​မြောင်​က ​ခြေလှမ်းမှန်​မှန်​နဲ့ အနား​ရောက်​လာပီး ဘတ်​ဟျွန်းကိုချန်​​ယောလ်​နားကဆွဲယူလိုက်​ကာ အားပြင်းပြင်းနဲ့ ထိုးချလိုက်​သည်​။

"ကိုကို!"
"ငါ့ညီကိုဘာလုပ်​တာလဲ မင်း! မင်းဘယ်​လိုစိတ်​မျိုးနဲ့!"

နောက်​တစ်​ချက်​ ​​မေးရိုးကိုထိထိမိမိထပ်​ထိုးလိုက်​တဲ့ ဂျွန်​​မြောင်​။ သုံး​လေးချက်​​လောက်​ဆင့်​ထိုးအပီးမှာ ဘတ်​ဟျွန်းမျက်​နှာက ​ပေါက်​ပြဲရာ​တွေပါထွက်​လာ​တော့သည်​။ တချို့​နေရာ​တွေမှာဆို ​သွေးပါစို့လို့ ။
ဂျွန်​​မြောင်​ဒီ​လောက်​​ဒေါသတကြီးပြုမူ​နေတာ​တောင်​ ဘတ်​ဟျွန်းက မချက်​ပြန်​မလုပ်​ခဲ့ဘူး။

ဘာလို့ဆို ဂျွန်​​မြောင့်​လို ညီကို သည်းသည်းလှုပ်​သူတစ်​​ယောက်​အဖို့ ​တော်​​တော်​တုန်​လှုပ်​သွား​စေမယ်​မှန်းသူသိလို့ ။ ​နောက်​ပီး ချန်​​ယောလ်​ကြည့်​​နေတယ်​ဆိုတာကို သတိထား​နေရလို့။

"မလုပ်​ပါနဲ့ ဟင့်​ မလုပ်​ပါနဲ့ဂျွန်​ဂျွန်​"
"ပိတ်​ထားစမ်းချန်​! အိမ်​ကျမှမင်းနဲ့ရှင်းမယ်​!"

ချန်​​ယောလ်​က လက်​ဖျံကအပ်​ကိုဆွဲဖြုတ်​ပီး ​ဘတ်​ဟျွန်းဆီ​ပြေးလာဖို့လုပ်​​ပေမဲ့ ဂျွန်​​မြောင့်​​အော်​သံ​ကြောင့်​ တုန်​တက်​ကာကုတင်​​ပေါ်မှာတင်​ မလှုပ်​ရဲ​တော့။

"မင်း​ပြောစမ်းဘတ်​ဟျွန်း ငါ့ညီ​လေးကိုမှ ဘာလို့လဲ! ဘာလို့လဲ!!!"
"ချစ်​လို့"
"မင်း!"
"အားနာ​ပေမဲ့ ထပ်​ထိုးလိုက်​ မင်းဘယ်​လိုလုပ်​လုပ်​ ငါ​ဘေဘီ့ကိုလက်​​လျှော့မှာမဟုတ်ဘူး"
"​ဗြောင်​ဘတ်​ဟျွန်း!! ​တောက်​! မင်းကွာ"

"​တော်​ပါ​တော့! ဂျွန်​ဂျွန်​​တော်​ပါ​တော့ အင့်​"

ကုတင်​​ပေါ်မှာ နား​တွေပိတ်​ထားပီး တုန်​လှုပ်​​နေတဲ့ ချန်​​ယောလ်​က ​ဆေးပိုက်​​တွေကို​တောင်​ဖြုတ်​ချပီး​နေပီ။

"ချန်​​ယောလ်​လီ! မင်း!"
"အဲ့လို​တွေမလုပ်နဲ့  ဂျွန်​ဂျွန့်ကိုချန်​ ချန်​​ကြောက်​​နေပီ~"

Big Boss And His Mochi [ COMPLETE ]Where stories live. Discover now