♡part_1♡

1.1K 78 15
                                    

" အမ​လေး byun baekhyunရေ လာပါအုံး လာပါအုံး... ဘာ​တွေများတလွဲလုပ်​လာအုံးမလဲ? ဟင်​? "

တစ်ခန်းလုံးရဲ့​​Practicalစာအုပ်​​တွေ အထပ်​လိုက်​ကိုအတန်းထဲက​ပေါင်းရသင်းရ အလွန်​ခက်​​သော oh sehunဆိုသူ ဖြူစုတ်​စုတ်​​ကောင်​နဲ့နှစ်​​ယောက်​အတူသယ်​လာပြီး...
ဆရာ​တွေရဲ့ နား​နေ​ဆောင်​ထဲသို့ baekhyun​ချေချမိတာနဲ့တစ်​ပြိုင်​နက်​ ဆရာminseok​ကပြော​တော့သည်​။

ဘက်​လိုက်​မှု့ကြီးပါလား? နှစ်​​ယောက်​အတူလာတာကို ohsehunကျ ဘာမှမ​ပြောဘူး။

ဆရာက​လေ baekhyunneဆို သိပ်​​ပြောချင်​တာပဲ baekhyunne​လေးက တစ်​ခါတ​လေ​လေးပဲ အလွဲလုပ်​မိတာကို ပြောလို့ကိုမပြီး​တော့ဘူး...။ လူပျိုကြီး ဖြစ်​​နေတာလည်းမ​ပြောနဲ့​တော့...။

စိတ်​ထဲက​တွေးမိတဲ့စကားနဲ့ အပြင်​မှာ​ပြောမိတဲ့စကားဆိုတာ အမြဲတမ်းထပ်​တူမကျပါနိုင်​ဘူး..။ ဒါကို baekhyunne​လေးသိပ်​လက်​ခံပါတယ်​..။ ဘာလို့ဆို....~

" ဟီး ဆရာကလဲ baekhyunneက အမြဲမှားတတ်​တာမှမဟုတ်​တာ တစ်​ခါတ​လေ​လေး ပိစိ​လေးပဲ မှားတာကို... "

လက်​ညှိးကိုလက်​မ​လေးနဲ့ထိပြီး ​သေး​သေး​လေး​ကြောင်း​ပြော​နေတဲ့ baekhyunရယ်​။

တကယ်​​တော့သူ့ရဲ့တစ်​ခါတ​လေ ပိစိ​လေးဆိုတာ သူလုပ်​လိုက်​တဲ့အရာဘယ်​ဟာတိုင်းကိုမဆို နည်းနည်း​လေးဖြစ်​ဖြစ်​ မှားလိုက်​ခြင်းကိုဆိုလို၏။

ဥပမာ_

Practicalအတွက်​ procedure​တွေကြို​ရေးတဲ့အခါ ​ရေးရမယ့် စာ​မှားပြီး ကူးလာတာမျိုး၊

Tutorial​အတွက်​​ဖြေရမယ့်​ စာ​တွေဆို အပုဒ်​တွေ​မှား,မှားပြီးကျက်​လာမိတတ်​တာမျိုး၊

ဘောလုံးကန်​တဲ့အခါ ကိုယ့်​အသင်းကိုကိုယ်​ပြန်​ပြီးဂိုးလ်​မှားပြီးသွင်းလိုက်​တာမျိုး၊

အတန်းရဲ့ ​အချိန်​စာရင်းကို​နေ့​တွေ မှားကြည့်​ပြီး စာအုပ်​​တွေ မှားမှားယူလာမိတာမျိုး၊

အိပ်​ယာထ​နောက်​ကျသဖြင့််​ ​ကျောင်းကိုဒ​ရော​သောပါး ​ရောက်​လာပြီး ကိုယ့်​အခန်းမဟုတ်​ပဲ အခန်းမှားပြီဝင်​ထိုင်​မိတာမျိုး။

♡WITH YOUR LOVES♡ Where stories live. Discover now