💖Dimple💖(Z+U)

1.7K 107 42
                                    

4.8.2019
Happy Birthday to you😍
This part is birthday present 🎁for
chit ma😘
🎁🎁🎁🎁🎁🎁🎁🎁🎁🎁🎁🎁🎁

ပါးပေါ်က နက်ရှိုင်းတဲ့အရာတစ်ခု။
ပြုံးလိုက်တိုင်း ပေါ်လာတဲ့ သင်္ကေတတစ်ခု။
ခင်ဗျားအပြုံးရဲ့ နက်ရှိုင်းတဲ့သင်္ကေတတစ်ခုက
ကျွန်တော့ကို နက်ရှိုင်းတဲ့အချစ်တစ်ခု ဖြစ်ပေါ်စေတယ်။
ခင်ဗျားကြီးက ကျွန်တော့ရဲ့Mr.Dimple'

ဆယ်ကျော်သက်တို့ရဲ့ လုပ်ရိုးလုပ်စဉ်တစ်ခုဖြစ်တဲ့
ကုတင်ပေါ်မှာ မှောက်လိုက်ပြီး တွေးမိတွေးရာလေးများကို
ဓာတ်ပုံတစ်ပုံနဲ့အတူ စာရေးနေခြင်းပင်။
ကျွန်တော့ရဲ့ တွေးမိတွေးရာစာတွေကတော့
ခင်ဗျားကို ဦးတည်ထားတဲ့ ချစ်ခြင်းတရားရဲ့မြစ်ဖျား။
တစ်နေ့မှာတော့ အဲ့ဒိမြစ်ဖျားကအချစ်တွေ ခင်ဗျားရဲ့
ပါးချိုင့်ထဲ စီးဆင်းအောင် ကျွန်တော်ကြိုးစားမယ်။

ငှက်တွေက ပျံရင်းသေကြတယ်။
လူတွေက ကြံရင်းသေကြတယ်တဲ့။
ကျွန်တော်ကတော့ ခင်ဗျားပါးချိုင့်ကိုကြည့်ရင်း သေမှာ။
ခင်ဗျားကိုလည်း ကြံရင်းပေါ့။

"ဟားဟား''

ကျွန်တော်ရေးထားတာလေးတွေ ကျေနပ်သလိုရှိတော့
ပက်လက်ပြန်လှန်ပြီးအသံထွက်ရွတ်ဖတ်ကာ ရယ်မိသည်။
ကဗျာဆိုရင် ယောင်လို့တောင်မဖတ်တဲ့အထိ စိတ်မဝင်စား
ခဲ့တဲ့ ကျွန်တော်။အခုတော့ အဲ့ဒိလူကြီးကြောင့်
ကဗျာမမည်သေးတဲ့ စာစုလေးတွေကိုရေးတတ်နေပြီ။
ရေးပြီးရင်လည်း ကိုယ့်ကိုကိုယ်လှောင်မိသေးသည်။
ခင်ဗျားကြီးက ကျွန်တော့ကိုပြုစားတဲ့ Mr.Dimple'

"အဟက် ငါရူးနေပြီ ငါတော်တော်လေးရူးနေပြီပဲ''

ပါးစပ်ကသာ ရူးနေပြီပြောတာ လက်ထဲမှာတော့
စာအုပ်ကိုပိုက်ထားလျက်နဲ့ စိတ်ကူးယဉ်နေဆဲ။
ထိုအချိန် အခန်းတံခါးပွင့်လာပြီး

"သား jiminnieလေး ဒီနေ့ အလုပ်သင်အဖြစ်ဝင်မှာကိုဘာမှမပြင်ရသေးဘူးလား''

"Omaကလဲ အလုပ်သင်မဟုတ်ပါဘူးနော်။
လက်ထောက်ပါ။ပြီးတော့ ပြင်စရာမလိုပါဘူး။
ဗီရိုထဲကတွေ့ရာထုတ်ဝတ်သွားရင်တောင်
သားက ချစ်စရာကောင်းနေတာကို''

'"Dimple'''Where stories live. Discover now