' ဟင်း...... အိုမား.....'မီးဖိုချောင် ဘက်ကနေ ကော်ဖီ တစ်ခွက်ကိုင်ရင်း ထွက်လာတဲ့ ဂျုံအင်းမှာ အခန်းရှေ့က ဖြတ်အလျှောက် ကြားလိုက်ရတဲ့ ညည်းသံ သဲ့သဲ့ကြောင့် ခါးတွေ မတ်ခနဲ ဖြစ်သွားရသည်..
ဒါ သေချာပေါက် အခန်းထဲက ကြားလိုက်ရတဲ့ အသံပါပဲ ....
'ဟင်း..... ချမ်းတယ်...'
ဟော!!!... သေချာတာပေါ့... အရူးလေးရဲ့ အသံ...
' ဒေါက်...ဒေါက်... '
ကော်ဖီခွက်ကို ထမင်းစားပွဲပေါ် သွားပြန်တင်ပြီး အခန်းဆီ လျှောက်လာကာ တံခါးနှစ်ချက် ဆင့်ခေါက်လိုက်ပေမယ့်လည်း တုံ့ပြန်သံ တစ်ခုတစ်လေမှ မကြားရပဲ ညည်းသံ သဲ့သဲ့ကသာ ကြီးစိုးနေရဲ့...
တံခါးလက်ကိုင်ကို အသာတွန်းကြည့်တော့ အသာတကြည် ပွင့်သွားတဲ့ တံခါးကြောင့် ဂျုံအင်းမှာ ကြောင်စီစီ
ဒီကောင်လေး တံခါးချက်ချပြီး နေတာ မဟုတ်ဘူးလားဟု တွေးမိနေရင်း သူအိပ်နေတဲ့ ကုတင်စီ လျှောက်သွားမိတော့ စောင်ပုံထဲ မြုပ်နေတဲ့ ကောင်ငယ်လေး...
တဆတ်ဆတ်တုန်ရီနေတဲ့ ကောင်လေးရဲ့ နဖူးကို အသာစမ်းမိတော့ ခြစ်ခြစ်တောက် ပူနေတာများ မီးခဲလို....
ကျစ်ခနဲ စုတ်သတ်မိကာ အခန်းပြင်ထွက်ရင်း ရေခဲရေနဲ့ ရေစိုဝတ်တင်ပေးဖို့ ပြင်ရသည်...
ဘေးတစောင်း အနေအထားနဲ့ ပုစွန်ထုပ်လို ကွေးနေတဲ့ ကောင်လေးကို ပက်လက်လှန်စေရင်း ရေစိုဝတ် တင်ပေးကာ အပူကျအောင် အရင်လုပ်ရသည်...
တစ်နာရီလောက် ဆက်တိုက် လုပ်အပြီးမှာတော့ ကောင်လေးနဲ့ အပူရှိန်က နည်းနည်း လျော့ကျသွားတာမို့ စိတ်အေးသွားရသည်...
အခုမှ သေချာကြည့်မိတဲ့ အရူးလေးရဲ့ မျက်နှာ နုနုက တကယ်ကို ချစ်စရာကောင်းသည်...
ခပ်မို့မို့ ပါးပြင်ကလေးတွေနဲ့ နှာခေါင်းလုံးလုံးလေး...
တိုစိပ်စိပ် မျက်တောင်လေးတွေနဲ့ မျက်ဝန်းကျယ်ကျယ်လေးတွေရော...
နောက်ဆုံး အသည်းပုံ သဏ္ဍာန် နှုတ်ခမ်းဖူးဖူးလေးအထိ အရာအားလုံး က သူ့နေရာနဲ့ သူ အစီစဉ်တကျ ရှိနေတော့တာ....
YOU ARE READING
Miracle Destiny... ☘[Completed]
Romanceဆန်းကြယ်တဲ့ ဖူးစာပါပဲ ~~ ဒီလိုနဲ့ပဲ.... ကျွန်တော်တို့ ဆုံတွေ့ခဲ့ကြတာပေါ့.. ♧♧