812 107 5
                                    


မှောင်မည်းနေတဲ့ အိပ်ခန်းထဲ ဂျုံအင်း ခြေပစ်လက်ပစ် ထိုင်နေမိတာ ညနေစောင်းလို့ မိုးချုပ်တဲ့ အထိလည်း အခန်းမီးကို ထမဖွင့်မိ...

ကုတင်ကို ကျောမှီရင်း မျက်စိရှေ့က Recorder လေးကို သာ တွေတွေကြီး ငေးကြည့်နေမိသည်.... 

Recorder ထဲက အသံချိုချိုလေးကတော့ လေထုထဲကို ဖြတ်ရင်း နားစည်ထဲသို့ အဆတ်မပြတ် တိုးဝင်နေကြသည်.....

'ကံမကုန်ရင် ပြန်ဆုံကြတာပေါ့ ဂျုံအင်းရယ်' တဲ့လေ....

ဘာလို့များ..... ဘာလို့များ ငါ့ကိုမှလည်း ကောင်လေးရယ်...

သံယောဇဉ်တွေ ရစ်ဖွဲ့ခဲ့ပြီးမှ ထားရစ်လေခြင်း....

ကောင်လေး ရူးနေတာ မဟုတ်လို့ ဝမ်းသာရပေမယ့် ကောင်ငယ်ကလေးကတော့ သူ့ထံမှ အပြီးအပိုင် ထွက်ခွာသွားလေပြီ......

ကောင်လေး မသွားခင်မှာ အသုံးပြုသွားခဲ့သည့် ဂျုံအင်း၏ Handphone အနက်ကလေးက ကုတင်ဘေးက စာကြည့်စားပွဲလေးပေါ်မှာ အခန့်သားရယ်... 

' အိမ်ရှေ့စံ....... '
' ကျွန်ပေါကြီး.......'
' ဆေးလုံးတော်ကြီး...'
' တယ်လဖုန်တော်ကြီး..'
' Hyung..........'
' ဒိုဂျောင်ဆူး........'

ကောင်လေးရေ!!!!!!!!!! မင်းငါ့ကို......

တိုက်ခန်းထဲက ကောင်လေးခြေရာ လက်ရာတွေနဲ့ ပြည့်နေတဲ့ လွမ်းဆွတ်စရာတွေကို တွေးမိတော့ မျက်ရည်က ဝေ့ခနဲ.... 

ငါ မင်းကို တွေ့အောင်ရှာမှာ... ကောင်လေး...

မင်း ယုံကြည်တဲ့ ကံတရားက ငါ့ဘက်မှာ မရှိရင်တောင် ကိုယ်တိုင် လုပ်ယူပြီး မင်းဆီကို လှမ်းလာခဲ့မှာ.....

ကုတင်ခြေရင်းက Recorder လေး ကတော့ ဂျုံအင်းရဲ့ ခိုင်းစေမှုကြောင့် အသံချိုချိုလေးကို ထပ်ပြီး ထုတ်လွှတ်လေရဲ့...

' တကယ်ပါ ဂျုံအင်းရယ် ကျွန်တော့် ဘဝမှာ ဘယ်သူ့ကိုမှ ခင်ဗျားလောက် ဘယ်သူ့ကို မှ မချစ်ခဲ့မိဖူးဘူး ထင်တယ်.... ခင်ဗျားနဲ့ ကျမှ....ဟင်း..... '

ငါလည်း ဘယ်သူ့ကိုမှ မင်းလောက်..........

.
.
.
.
.
.
.
.
.
.
.
.

' ဂျောင်ဆူးရယ် .... ဘာလို့ အဲ့လိုမျိုး လျှောက်လုပ်ရတာလဲ .... ကိုယ်နဲ့ မရင်းနှီးတဲ့ မြေမှာ တစ်ခုခုဆို Noona တို့ ရင်ကျိုးရချည်ရဲ့ကွယ်... '

Miracle Destiny... ☘[Completed]Where stories live. Discover now