(zαωgуι)
ငါ့ရဲ့ အာရုံတွေကို
မင်းကြောင့် ပထမဆုံး
မင်းကြောင့်
ငါ မတားနိုင်လို့
ဝေ့ရင်းရယ်....22,7,2k19
(υηι¢σ∂є)
ရွှတ်နောက်နောက် အမူအရာတွေ
မလေးစားတဲ့အပြောအဆိုတွေနဲ့
ငါ့ရဲ့ အာရုံတွေကို
ပထမဆုံး ဖမ်းစားလိုက်တာလည်း
မင်းက ပထမဆုံးပဲ ဝေ့ရင်း......ပေါ့ပါးတဲ့မင်းရဲ့ပုံစံ
ပွင့်လင်းတဲ့မင်းရဲ့ပုံစံ
နွေးထွေးတဲ့မင်းရဲ့ပုံစံကြောင့်
ငါ မင်းကြောင့် ပထမဆုံးပြုံးမိတယ်
ဝေ့ရင်း.....ကူစူးရဲ့စည်းကမ်းတွေ
တစ်ခါမှမဖောက်ဖျက်ဘူးတဲ့ငါ လန်ဝမ်ကျီ
မင်းကြောင့် ပထမဆုံး
အချက် ငါးရာ အရိုက်ခံခဲ့ရသလို
မင်းကြောင့်
မင်းကိုလမ်းမှန်ပေါ်ပြန်ရောက်အောင်လုပ်ပေးချင်လို့
လျှို့ဝှက်စာကြည့်ဆောင်ကို ခိုးဝင်ခဲ့တယ်
ဝေ့ရင်း....ခံစားချက်တွေကို ဖွင့်မပြောတတ်တဲ့ငါက
မင်းကိုကာကွယ်ပေးထားချင်လို့
ပထမဆုံး ထုတ်ပြောခဲ့မိတယ်
ဝေ့ရင်း.....မင်းက ငါနဲ့မတူတဲ့လမ်းကို ရွေးချယ်တော့မယ်
မင်းက မင်းကိုယ်တိုင်နာကျင်ရမယ့်လမ်းကို ရွေးချယ်တော့မယ်
ငါနာကျင်နေရသလို မင်းလည်းနာကျင်နေရမယ့်လမ်းကို သွားတော့မှာကို
ငါ မတားနိုင်လို့
အသည်းခိုက်အောင်နာကျင်ပြီး
ပထမဆုံးမျက်ရည်ကျမိပြန်ပေါ့
ဝေ့ရင်းရယ်....22,7,2к19