Zawgyi:
လေသာဆောင်မှာချိတ်ဆွဲထားတဲ့ အိမ်မက်ဖမ်းအဆောင်လေးဟာ လေပြေလေညှင်းတွေရဲ့အဝှေ့ နံနက်ခင်းနေရောင်ခြည်ရဲ့အောက်မှာ ငြိမ့်ငြိမ့်ညောင်းညောင်းလှုပ်ရှားနေသည်။ညဝတ်အကျီင်္ဝတ်ဆင်ထားတဲ့Wayဟာ စောင်အထူကြီးရဲ့အောက်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်နေပါသည်။နာရီကနေနှိုးစက်သံမထွက်လာခင်အချိန်ထိပေါ့။နှိုးစက်မြည်လာတဲ့အခါမှာ သူဟာလက်မောင်းတွေကိုဆန့်တန်းကာ အပျင်းကြောဆွဲလိုက်ပြီး နှိုးစက်ကိုပိတ်လိုက်သည်။မနေ့ညတုန်းက သူ့အမေတစ်ယောက်တည်း သူ့အဖေရဲ့ဓာတ်ပုံကိုပိုက်ပြီးငိုကြွေးနေတာကို သူအခုထိသတိရနေတုန်းပါပဲ။သူဟာ သူ့အမေအတွက် အလွန်ပဲဝမ်းနည်းရသည်။မျက်နှာလည်းမသစ် သွားလည်းမတိုက်ချင်လောက်အောင်ပဲ သူ့အမေကသာ သူ့စိတ်ထဲကြီးစိုးနေသည်။ဒါ့ကြောင့် သူဟာညဝတ်အကျီင်္တောင်မလဲပဲ လှကားထစ်တွေအတိုင်း အောက်ထပ်သို့ဆင်းလာခဲ့သည်။သူ့အမေဟာ မီးဖိုချောင်ထဲမှာပန်းကန်တွေဆေးကြောနေသည်။သူ့အမေဖြစ်သူဟာ သူ့ကိုတစ်ယောက်ယောက်ကစူးစိုက်ကြည့်နေတယ်လို့ ခံစားရတာကြောင့် အနောက်သို့လှည့်ကြည့်လိုက်တဲ့အခါမှာတော့ ညဝတ်အကျီင်္တောင်မလဲရသေးတဲ့Wayဟာ သူ့ကိုမတ်တပ်ရပ်ကြည့်နေတာကိုတွေ့လိုက်ရသည်။
"အို...Way ကလေးရေ... နိုးပြီလား"
သက်လတ်ပိုင်းအရွယ်အမျိုးသမီးဟာ သူ့ရဲ့သားဖြစ်သူကို အာမေဋိတ်သံဖြင့်မေးလိုက်ပြီး ပန်းကန်တွေကိုဆက်လက်ဆေးကြောနေသည်။
"သားအတွက် ထမင်းကြော်နဲ့စွပ်ပြုတ်လုပ်ထားတယ် အမေအလုပ်အရင်သွားနှင့်မယ်နော်"
အမေဖြစ်သူဟာ Wayဘေးကနေဖြတ်ပြီး မီးဖိုချောင်ထဲကနေထွက်ခွာရန်ဟန်ပြင်လိုက်သည်။Wayဟာ သူ့အမေရဲ့လက်မောင်းကိုကိုင်ပြီး အနောက်ကနေသိုင်းဖက်လိုက်သည်။
"မေမေ..."
Wayရဲ့ပွေ့ဖက်မှုဟာ အမေကို အံ့အားသင့်စေခဲ့သည်။
"ဘာဖြစ်လို့လဲ သား..."
"မေမေ့ကိုချစ်တယ်.."
ကောင်လေးဟာ သူ့ရင်ထဲကခံစားချက်တွေကို သူ့အမေသိအောင်ပြောလိုက်ပါသည်။
ESTÁS LEYENDO
My Dream The Series(Myanmar Translation) Zawgyi+Unicode
RomanceMy Dream The Seriesရဲ့မူရင်းဝတ္ထုကိုမြန်မာဘာသာပြန်ထားတာပါ။Serisကြည့်ဖူးသူများလည်း အလွမ်းပြေအနေနဲ့ ပြန်ဖတ်နိုင်ဖို့ရည်ရွယ်ပြီး ထိုင်းဘာသာစကားနားမလည်သူများလည်းလွယ်လင့်တကူဖတ်နိုင်ဖို့မျှော်လင့်ပါတယ်။အင်္ဂလိပ်ဘာသာပြန်မှတစ်ဆင့်ပြန်...