အပိုင်း(၃)

2.8K 149 22
                                    

"လရိပ်​ချို "

"​ခေတ်​ အတန်းမတက်​ဘူးလား"

"ဟုတ်​တယ်​။ ဂျူ ဒိုပြိုင်​ပွဲရှိလို့ "

"​သြော်​"

"အဲ့တာလာ​ပြောတာ...မင်းအကူအညီလိုရင်​​ခေါင်​မိုးထပ်​မှာအခန်း​လေးရှိတယ်​။အဲ့တာငါ​နေတာ"

"ဟုတ်​"

"ငါသွားပြီ"

ကျွန်​မနဲ့ရင်းနှီးတာဆို​တော့သူပဲရှိတာ​လေ။သူမရှိ​တော့တစ်​​ယောက်​တည်း​​ကြောင်​​တောင်​​တောင်​ဖြစ်​ရသည်​။

ကျောင်းဆင်းချိန်​သို့​ရောက်​လာခဲ့ပါပြီ။

"ဟဲ့ နင်​ဒီတိုင်းပြန်​လို့ရမယ်​ထင်​လား"

"မလုပ်​ပါနဲ့။ကျွန်​မ​တောင်းပန်​ပါတယ်​" ကျွန်​မစကားမဆုံးခင်​မှာပဲ ကျွန်​မကို​ယ်​​ပေါ်​သို့​ကော်​ဖီ​တွေ​လောင်းချခံလိုက်​ရသည်​။

"ဒါသင်​ခန်းစာပါးပါး​လေးပဲရှိ​သေးတယ်​။ ​ဆောင်းဝတ်​ရည်​ရဲ့အမြတ်​နိုးဆုံးအရာကိုမှနင်​ကလုယူချင်​တာ​လေ။နင်​သူများနဲ့​စေ့စပ်​ထားတဲ့သူကိုမြူ ဆွယ်​​နေတာမရှက်​ဘူးလား"

လူ​တွေအကြည့်​​တွေကကျွန်​မဆီသို့​ရောက်​လာကြသည်​။

"​ထပ်​ပြီးသတိ​ပေးလိုက်​မယ်​...နင်​​ခေတ်​နဲ့​ဝေး​ဝေးမှာ​နေပါ။မ​နေရင်​​ဆောင်းဝတ်​ရည်​အ​ကြောင်း​ကောင်း​ကောင်းသိရမယ်​" ​ပြောကာ ကျွန်​မ ကိုတွန်းပြီး ထွက်​သွားသည်​။

ကျွန်​မရှက်​လွန်းလို့ ထို​နေရာမှ​ပြေးထွက်​၍ ဘစ်​စကတ်​​ဘောကွင်းမှာထိုင်​ငို​နေလိုက်​သည်​။

"လရိပ်​ချို "

ကျွန်​မ​ခေတ်​သခင်​ကိုမြင်​​တော့​ခေါ်ချင်​​ပေမဲ့​ဆောင်းဝတ်​ရည်​စကား​ကြောင့်​​ရှောင်​ထွက်​ဖို့ထလိုက်​သည်​။

"လရိပ်​ချို ...မင်းဘာဖြစ်​လို့လဲ"

"ကျွန်​မလက်​ကိုလွှတ်​ပါ"

"မင်းကိုဘယ်​သူကဒီပုံစံဖြစ်​​အောင်​လုပ်​ထားတာလဲ"

"ကျွန်​မနဲ့လာမပတ်​သတ်​ပါနဲ့"

အမုန်းမီးလျှံOpowieści tętniące życiem. Odkryj je teraz