(Zawgyi)
ယနေ့ကား ကျောင်းပိတ်ရက်အမြဲတမ်း ပုန်းလျှိုးကွယ်လျှိုးနေတတ်သူမို့ weekendတွေဆို ဘယ်မှမသွားဖြစ်
ပျင်းလို့လားရယ်တော့မသိ
အတိအကျပြောရရင် လူတွေနှင့်ပေါင်းသင်းဆက်ဆံရသည်မှာ စိတ်ထဲတွင်လေးလံလာခြင်းပင်.ညဘက်က ညဥ့်နက်တဲ့ထိ game ဆော့လိုက်မိလို့ထင်ရဲ့
နေ့လည် (12)နာရီ လောက်မှ နိုးလာခဲ့သည်အိပ်ရေးဝတာက အသာထား သေချာတာတစ်ခုက မနက် (9)နာရီကနေ (11)နာရီ အထိ ကန့်သတ်ထားသော နေ့လည်စာကို
လွတ်သွားလေခြင်းဟူး ဘယ်တတ်နိုင်မလည်း အပြင်ထွက်ရတော့မှာပေါ့
ခပ်ပွပွ အညိုရောင် Hoodieလေးကိုဝတ်ကာ ခပ်ကုပ်ကုပ်လေးနှင့်အဆောင်မှထွက်လာခဲ့သည်...။
အဆောင်နှင့် မလှမ်းမကမ်းတွင်ရှိသော Mini Mark သို့ဝင်ကာ
ခေါက်ဆွဲတစ်ဘူးကိုယူပြီး counterတွင်ငွေရှင်းကာ အပြင်ကခုံတန်းလေးတွင် အသာလေး ထိုင်စားနေမိသည်
" Arr.. အခုမှ အဆာပြေသွားသလိုဘဲ"ပူပူနွေးနွေး ခေါက်ဆွဲဘူးကို အားပါးတရစားနေသော ကောင်လေးကား အလောတကြီးလာခဲ့ရလို့ထင်ပါသည်. ထီးတောင်ယူလာပုံမရ ဒီပုံစံအရဆို တော်တော်လေးကိုဗိုက်ဆာနေတဲ့ပုံပါဘဲ
ခေါက်ဆွဲဘူးလေးကိုသာ အာရုံရောက်နေသော ကောင်လေးသည် မိုးစက်များကျနေပြီးဖြစ်သော်လည်း သတိမူပုံမပေါ်
ခေါက်ဆွဲဘူးကိုသာ အားပါးတရငုံ့စားနေမိသည်
ထိုစဉ် Mini Markမှထွက်လာသော လူတစ်ယောက်...တစ်ဖြည်းဖြည်း အစားငမ်းနေပါသော ကောင်လေးအနားသို့လျှောက်လာကာ