[ Zawgyi ]
----------------ညည့်လေအေးကတဖြည်းဖြည်းချင်းတိုက်ခတ်နေကာ တစ်ခြမ်းတည်းသာရှိတဲ့လမင်းဟာလည်း အစွမ်းကုန်ကိုထွန်းလင်းပေးနေ၏ ။ မီးရောင်စုံတို့ဖြင့်ဆင်မြန်းထားသော မိုးကုတ်မြို့လေးရဲ့ချမ်းသာကြီးဘုရားဟာလည်း နာမည်ကြီးဘုရားတစ်ဆူအဖြစ်ပါဝင်ပါသည် ။ ရောင်စုံမီးသီးလေးတွေကြောင့် တစ်မျိုးကြည့်ကောင်းနေသလို တောင်ကုန်းလေးထက်မှမြင်နေရသောမြင်ကွင်းမှာလည်း ရင်သတ်ရူမောဖွယ်ရာကောင်းလှပြန်တယ် ။ မိုးကုတ်အင်းရဲ့အလှဟာ ဘယ်လိုအချိန်ပဲကြည့်ကြည့်လှမြဲတိုင်းလှနေဆဲပင် ။ အဝေးမှပတ္တမြားစေတီဟာလည်း ဝင့်ဝင့်ကြွားကြွားဖြင့် သပ္ပာယ်ဖို့ကောင်းလွန်းနေ၏ ။
ဘုရားရှေ့နားတင်ပဲ ကျောက်မျက်အလှဖန်စီပစ္စည်းလေးများကိုရောင်းနေကြတာ မုန့်ဆိုင်တစ်ချို့လည်းရှိသေးသည် ။ ပိုင်စေတို့အားလုံး ဘုရားတွင်းသို့ဝင်ကာဘုရားရှိခိုးဖြစ်ကြသည် ။ ဘုရားတွင်းမှာတော့ အံ့သြဖွယ်ကောင်းလောက်အောင်ပင် လှူဒါန်းထားသောအရောင်အသွေးစုံကျောက်မျက်မျိုးစုံကိုတွေ့ရပါလိမ့်မည် ။ ကျောက်မျက်ဈေးမှာတောင်မမြင်မိသော အရောင်စုံ ပုံစံမျိုးစုံနှင့်ရတနာပစ္စည်းတွေဟာ လှူဒါန်းထားကြသူများသာမက ထိုပစ္စည်းများကိုမြင်မိသူတိုင်း ကြည်နူးပီတိဖြစ်ရသည် ။
YOU ARE READING
ချစ်သော Rainbow ( Complete ) ချစ်သော Rainbow [ ZG & Uni ]
Teen FictionTeen - fiction / romance & drama OC [ Zawgyi ] ---------------- ချစ်ခြင်းက Rainbow ဆန်တယ် ... အရောင်တွေကွဲပြားနေသလိုပဲ ချစ်ခြင်းတရားတွေကလည်းအမျိုးမျိုးကွဲပြားကြတယ် ... ဒါပေမဲ့ချစ်ခြင်းတစ်ခုစီတိုင်းကတော့လှပကြပါတယ် ... အားလုံးကိုပေါင်းစပ်လိုက်ရင်တော့...