အပိုင်း-၂၈(အပိုငျး-၂၈)

5.8K 565 20
                                    

Zawgyi

မနက်​​စော​စော ဘတ်​ဟျွန်းအိမ်​မှာ ဝိုင်းဒိုင်းကြဲအသံများဖြင့်​ ဆူညံ​နေ​​သည်​။

ဒီ​လောက်​အိမ်​အကြီးကြီးမှာ​တောင်​ ဇွန်းခွက်​ပန်းကန်​​တွေ တခွမ်​ခွမ်​မြည်​​နေသံက ​​ကျယ်​ကျယ်​​လောင်​​လောင်​ပျံ့နှံ​နေ​တော့သည်​။ ဘယ်​​လောက်​ထိဆို တ​နင်္ဂ​နွေ​နေ့မို့အိပ်​ယာထဲလှဲ​နေတဲ့ ဘတ်​ဟျွန်းကိုနိုးလာ​စေတဲ့အထိပဲ။

"ကျစ်​! ဂင်​ဂျုံအင်​!!!!"

မ​နေ့ညက အသည်းဦး​လေးနဲ့ညနက်​တဲ့ထိဖုန်း​ပြောခဲ့ကြတာမို့ အတိုးချအိပ်​​နေတာကို ဖျက်​လို့ဖျက်​ဆီး!

ဘတ်​ဟျွန်း​တော်​​တော်​​ပေါက်​ကွဲ​နေပြီ။
နေ့တိုင်းမရိုး​အောင်​ ​ဗြောင်းဆန်​​နေတဲ့ ဂျုံအင့်​ကိုကြိုးတုတ်​ပီးသာအိမ်​ပြန်​ပို့လိုက်​ချင်​​တော့သည်​။

အိပ်​ယာထဲကဖြစ်​သလိုထွက်​လာတဲ့ ဘတ်​ဟျွန်းက ​ဒေါနဲ​မောနဲ့ ။ သူ့မနက်​ခင်းအလှ​လေးကို တတိယကမ္ဘာစစ်​ဖြစ်​သလိုအသံ​တွေနဲ့ ဖျက်​ဆီးတဲ့ ဂျုံအင်​ကို အမဲဖျက်​​တော့မည့်​ပုံနှင့်​။

တင့်​တယ်​လှပတဲ့ ​လှေကားထစ်​​တွေက​နေ ဆင်းလာတဲ့ ဘတ်​ဟျွန်းက ဝတ်​ထားတဲ့ pajama ရဲ့ အ​ပေါ်ကြယ်​သီးနှစ်​လုံး​လောက်​ကို စိတ်​ရှုပ်​ရှုပ်​နဲ့ ဖြုတ်​​​ပစ်​​လေရဲ့။

"ဂျုံအင်​!! ဂင်​ဂျုံအင်​ ဘယ်​​ရောက်​​နေလဲထွက်​ခဲ့စမ်း!!"

မီးဖို​ဆောင်​ရှိရာကိုအသွား ကြားမှာဖြတ်​ရတဲ့ ဧည့်​ခန်းထဲရှိ တီဗီစင်​​ဘေးမှာ​ထောင်​ထားတဲ့ ကြက်​​မွှေးတုတ်​ကိုပါ ဆွဲကိုင်​လာပြီးသား။

"​ဆမ်း ဆမ်းချွန်း"

မီးဖို​ချောင်​ထဲက​နေ မျက်​နှာငယ်​​လေးနဲ့ထွက်​လာတဲ့ ဂျုံအင်​က ​ချွေးတလုံးလုံးဖြင့်​ ဆံပင်​​တွေကရှုပ်​ပွပီး ရူပကာက တကမ္ဘာလုံးကို အရှုံး​ပေးထားသည့်​ဟန်​ဖြင့်​။

"မင်းကဘယ်​လိုဖြစ်​. . ."
"ကိုကို​ရေ့"

ဂျုံအင်​နဲ့ ​ရှေ့ဆင့်​​နောက်​ဆင့်​​ပေါ်ထွက်​တဲ့ ချန်​​ယောလ်​။
ချန်​​ယောလ်​!
ချန်​​ယောလ်​!!!!!!

Big Boss And His Mochi [ COMPLETE ]Where stories live. Discover now