Zawgyi
နွေဦးစလာတာနဲ့ ကျနော်တို့ရွာက လူကြီးရော ကလေးပါမကျန် အကုန် ပျော်ကြတယ်။ ကလေးတွေပျော်ရတဲ့အကြောင်းအရင်းကတော့ ရိုးရှင်းပါတယ်
ကျောင်းတွေအကုန်ပိတ်လို့ တစ်နှစ်စာ သင်ခန်းစာတွေ လွှတ်ချရချိန်ပေါ့ ။ လူကြီးတွေကတော့ ကလေးတွေကျောင်းပိတ်တာနဲ့ ကူဖော်လောင်ဖက်ရကြတော့
ဝမ်းသာကြတယ်။ကျနော်တို့ရွာလေးမှာ ကျောင်းသားဆိုလို့ အလယ်တန်းထိပဲ ရှိတယ်၊ အထက်တန်းရောက်တာနဲ့
Seoul ဒါမှမဟုတ် Busanကိုသွားပြီး ကျောင်းတက်ကြတဲ့ သူတွေချည်းပါပဲ၊ရွာလေးက ငယ်ပေမဲ့ သိပ်အေးချမ်းတယ် အရမ်းလဲမပူသလို အရမ်းကြီးလဲ မအေးဘူး ပင်လယ်ကမ်းစပ်မြို့လေးဖြစ်သလို တောင်တွေလဲပေါတယ်။
ကျနော်တို့ရွာလေးက လက်ဖက်စိမ်း စိုက်ခင်းတွေကြောင့်နာမည်ကြီးတယ်၊ နိုင်ငံရဲ့ 37% လက်ဖက်စိမ်းတွေက ကျနော်တို့ရွာကထုတ်တာ၊သွားရေးလာရေးကတော့ ဘယ်သိပ်ကောင်းမလဲဗျ
ရထားပဲရှိတယ် ၊ရထားကလဲ နှေးလိုက်တာဆိုပဲ
စီးဖူးတဲ့သူတွေပြောပြကြတယ်။ ရွာမှာက Bus စီးနိုင်တဲ့သူရှားတယ်ဗျ ကိုယ်ပိုင်ကားဆို ဝေးပေါ့
ကိုယ်ပိုင်နွားတွေပဲရှိကြတယ်။ကျောင်းပိတ်ရက်ဆိုတော့ အဘနဲ့အဘွားကို ကူလိုက် ရွာထိပ်က ကာတွန်းစာအုပ်တွေသွားပြီးငှားဖတ်လိုက်နဲ့ အဆင်ပြေနေခဲ့တာပါပဲ၊ နှစ်တိုင်း ကျနော့်ရဲ့ဖြတ်သန်းနေကြပုံစံပေါ့
အဲ့ဒီနေ့ကလဲ ပုံမှန်နေ့တွေလိုပါပဲ၊
အိမ်ရှေ့က ကွပ်ပျစ်မှာ ပက်လက်လှန်လိုက် မှောက်လိုက်နဲ့ စာဖတ်နေတုန်း ကားအဖြူတစ်စီးကခြံရှေ့မှာလာရပ်တယ်။ ရွာထဲကတော့မဖြစ်နိုင်ဘူး
ကိုယ်ပိုင်ကားနဲ့ဆိုတော့ တော်တော်ချမါးသာတဲ့ပုံပဲလို့ ကျနော့်စိတ်ထဲရေရွတ်နေမိတယ်။ကားမှန်ကိုချပြီး အဘကို တစ်ခုခုမေးနေတဲ့ အမျိုးသမီးရဲ့မျက်နှာဟာ တစ်ခါမြင်ရုံနဲ့ တစ်သက်စွဲမဲ့ရုပ်မျိုးရယ်ပါ
ရုပ်ရှင်မင်းသမီးများလားလို့တောင်ထင်ရတယ်။အဘကိုမေးပြီးတာနဲ့ ဘေးအိမ် နှစ်အိမ်ကျော်လောက်ရောကိတော့ ကားရပ်လိုက်ပြီး ဝင်သွားတယ်။
သိချင်ဇောနဲ့ အဘကိုမေးဖို့ ကျနော်လဲ ခြံထဲဆင်းသွားလိုက်တယ်၊