(Uni)
"ချစ်တယ်...အရမ်းချစ်တယ်"
"ကျတော်လဲ ချစ်ပါတယ်".....ဦးရဲ့ ရင်ခွင်ကျယ်ကြီးက နွေးထွေးလိုက်တာ ကျတော် တချိန်လုံး ခိုလှုံချင်ခဲ့တဲ့နေရာလေးပေါ့ ဦးက ကျတော့နဖူးလေးကို ယုယစွာနမ်းရှိုက်ရင်း
"မင်းကို ဆုံးရှုံးရပြီလို့ ထင်နေခဲ့တာ တချိန်လုံးလိုက်ရှာခဲ့ပေမဲ့ မတွေ့ခဲ့ဘူး မင်း အလုပ်လာလျှောက်တဲ့နေ့ကမှ မာန် ဖုန်းဆက်လို့ ကို့ရဲ့မျှော်လင့်ချက်တွေပြန်ပြီး ရှင်သန်လာခဲ့တာ"
"ကျတော်ရောပဲ ဦးနဲ့ပုံစံတူတဲ့သူတွေတိုင်း ဦးများဖြစ်နေမလားဆိုတဲ့စိတ်နဲ့ လိုက်ကြည့်မိခဲ့ဘူးတယ်"
"ခလေးရယ်".....သူက ကျတော့ကိုဂရုဏာသက်စွာ ကြည့်ရင်း ကျတော့ပါးနှစ်ဖက်ကို လက်နှစ်ဖက်နဲ့ အုပ်ကိုင်ကာ
"ခု ကိုတို့ ဘာအနှောင့်အယှက်မှမရှိပဲ ချစ်လို့ရပြီပေါ့နော်"
"မေမေရှိသေးတယ်လေ"
"အန်တီက ရပါတယ် ကိုပြောလိုက်ရင် တခွန်းပါပဲ"
"ဟွန့်...သူများမေမေကိုများ"
"😘".....ကျတော့ကိုနှုတ်ခမ်းလေးထော်ကာပြောရင်း မျက်စောင်းထိုးလိုက်တာမို့ ထော်နေတဲ့ သူ့နှုတ်ခမ်းတွေကို အပြစ်ပေးလိုက်သည် ကျတော့ရင်ဘတ်လေးကို တဘုန်းဘုန်းထုရင်း ရှက်ကိုးရှက်ကန်းဖြစ်နေတဲ့ သူ့ကို အသဲယားစွာကြည့်လိုက်ကာ
"လာ..."
"ဘယ်ကိုလဲ"
"ရေသွားချိုးတော့ ကို စားစရာတခုခုလုပ်လိုက်ဦးမယ်"
"တိုက်ခန်းပြန်ရဦးမယ်လေ မိုးချုပ်တော့မယ်"
"ဘယ်သူကပြန်ခိုင်းမယ်ပြောလို့လဲ"
"ဗျာ..."
"မင်းကို ကိုယ် ခိုးလာတာလေ မင်းက ကို့မိန်းမဖြစ်သွားပြီ"
"အာ...ဦးနော်".....ကောင်လေးကို ရေချိုးခိုင်းထားပြီး ကျတော် ရေခဲသေတ္တာထဲမှာရှိသမျှ အသားတွေထုတ်ကာ အကင်လုပ်နေလိုက်သည် မာန်ကိုလဲ လှမ်းခေါ်လိုက်ဦးမယ် ခလေးနဲ့ ကျတော့ရဲ့ Wedding အသေးစားလေးကိုပေါ့
"မာန်..."
ဟုတ် ...Boss"
"မင်းဘယ်မှာလဲ"
"ဟို...ကျတော်..."
"ဘယ်မှာပြဲဖစ်ဖြစ် အိမ်ကို ခုလာခဲ့"
"ဟိုလေ Boss အရေးကြီးလို့လားဟင်"
"အရေးကြီးတာပေါ့ ငါနဲ့ ကောင်လေးရဲ့ Wedding အကြိုပွဲလုပ်မလို့"
"ဗျာ..."
"ဘာလို့လဲ"
"Boss ကျတော်လဲ ဒီနေ့ လွမ်းကို လက်ထပ်ခွင့်တောင်းမလို့"
"ဟေ...ဒါဆိုလဲ ကောင်းတာပဲ သူ့ကိုပါခေါ်ခဲ့ နှစ်ပွဲပေါင်းလုပ်ကြတာပေါ့"
ESTÁS LEYENDO
🔥မီး🔥 {fire}
Fanfic🔥မီး🔥 လို့ ထင်ခဲ့တဲ့အရာက စစ်မှန်တဲ့ မေတ္တာတရားတွေကြောင့် "အချစ်" ဖြစ်လာတဲ့အခါ.....