+ပါပါတယ်.... 😖😖
ချစ်ရသူအိပ်ပျော်နေသည်ကားကလေးတစ်ယောက်လိုဖြူစင်လွန်းသည်မို့မောင်ရဲ့ပါးမို့မို့လေးကိုအနမ်းတွေပေးလိုက်မိသည်။သူမနားမှာလဲပြီးရင်ခွင်ထဲသို့ ထွေးပွေ့ထားလိုက်သည်။
ပြတင်းပေါက်ကကောင်းကင်းကြီးကိုလှမ်းကြည့်ပြီး
"မောင်...မောင့်ပါးစပ်ကဘယ်လောက်ပဲမုန်းတယ်
ပြောပြောနှလုံးသားကတော့မောင့်အချစ်တွေကို
ဖော်ပြနေတယ်ဆိုတာမောင်သိရဲ့လား.......
မ ကိုမုန်းတယ်ဆိုပေမဲ့အချိန်တန်မ ဆီပဲပြန်လာ
တတ်တယ်...
မ ကလွဲ ဘယ်မိန်းမနဲ့မှမပတ်သတ်ဘူး...
မူးနေရင်တောင် မ ပဲရှာနေတတ်တယ်...
မောင်..ဘယ်လောက်ဆိုးဆိုး မ အရမ်းချစ်တယ်"ပြတင်းပေါက်ကနေရောင်ကမျက်နှာလာထိုးနေတာမို့
ကျွန်မနိုးသွားခဲ့သည်။မောင်အတွက်ပြင်ဆင်စရာရှိတာပြင်ဆင်ဖို့မောင့်ပါးလေးကိုနမ်းကာအိပ်ရာမှထလိုက်သည်။နိုးနေပေမဲ့အိပ်ချင်ယောင်ဆောင်နေသောသူ့ မောင့်ကိုမသိရှာပေ.....
"လရိပ်ချို ...မင်းကိုငါမုန်းတယ်
ငါ့ဘက်ကအရာရာစွန့်လွှတ်ပြီးချစ်ခဲ့တာတောင်မင်း
ကငွေမျက်နှာနဲ့ငါ့ကိုစွန့်ပစ်ခဲ့တာ...ငါမင်းကိုမုန်းတယ်
ငါ့ကိုဒဏ်ရာတွေပေးခဲ့လို့...မုန်းတယ်""မောင်...နိုးနေပြီလား
မ ကအခုပဲလာနိုးတာ..."ခေတ်သခင်တစ်ယောက်အိပ်နေရာမှထလိုက်ပြီးဘာမှမပြောဘဲရေချိုးခန်းသို့ဝင်သွားသည်။
ကျွန်မလည်းမောင်စားဖို့မနက်စာအဆင်သင့် စားပွဲမှာသွားပြင်လိုက်သည်။
ခဏကြာတော့ချစ်ရတဲ့မောင်ကပြင်ဆင်ပြီးထွက်လာသည်။
"မောင်...ဒီမှာမောင်ကြိုက်တဲ့နန်းကြီးသုတ်
မ...သုတ်ထားတယ်"မောင်ကဘာမှပြန်မပြောဘဲထိုင်ခုံမှာနေရာယူသည်။
ВЫ ЧИТАЕТЕ
အမုန်းမီးလျှံ
Короткий рассказသိပ်ချစ်ကြတဲ့ချစ်သူနှစ်ဦးကြားမုန်တိုင်းတစ်ခုဝင်ရောက်ခဲ့သည်.........