(Zawgyi)
ဒီနေ့ ဘာစိတ်ကူးပေါက်လည်းတော့မသိ
ကျောင်းကိုစောစောလာမိသည်.ထုံးစံအတိုင်း ရှေ့နားလေးကခုံနေရာလေးကို ငေးနေမိပြန်ပြီး"ဒီနေ့ကော သူလာပါ့မလား"
တွေးနေတုန်းမှာပင် ရုတ်ချည်းဆိုသလို မြင်ကွင်းထဲရောက်လာသောသူ လာမယ်လို့မထင်ထားခဲ့ပေမယ့် ဒီနေ့တော့ ကျွန်တော့်ဆုတောင်းတွေပြည့်သွားပြီးပဲ...။
သူ့နေရာသူဝင်ထိုင်ပြီး အနောက်လှည့်လာတယ် ဘာလို့လည်းတော့မသိ...
ရုတ်တရက်ကျွန်တော့်နာမည်ကို သူခေါ်လိုက်တယ် ပြီးတော့ကျွန်တော့်ကိုကြည့်ပြီး သူပြုံးပြတယ်
"Jimin."
"Nae?"
"ငါ့ကို ညနေကျရင် စာရှင်းပြပေးလို့ရမလား?"
"Humm.."
"ဘာလို့လည်း အဆင်မပြေဘူးလား?"
"Arnyi... ရုတ်တရက်ချည်းဆိုတော့"
"Hkhk ညနေကျရင် စာကြည့်တိုက်တူတူသွားပြီး ငါ့ကိုစာရှင်းပြပေးနိုင်မလား?"
"အင်း Yoongi"
ကျွန်တော်စကားဆုံးတော့ သူကျွန်တော့်ကို ထပ်ပြုံးပြတယ်.
ကျွန်တော်လည်း ပြန်ပြုံးပြမလို့လုပ်တုန်းရှိသေး
"Ya Yoongi ဘယ်တွေပျောက်နေတာလည်း?"
အခန်းထဲဝင်လာသော Yoongiရဲ့သူငယ်ချင်း Hosoekက လှမ်းခေါ်လိုက်သောကြောင့် ပြန်ပြုံးပြခွင့်မရလိုက်
Yoongiကလည်း ကျွန်တော့်ကိုကျောပေးပြီး Hosoekနဲ့သာ စကားပြောနေသည်.
......................
နေ့လည် ကျောင်းသား အသီးသီး Canteenသွားကြချိန် ကျွန်တော်ကတော့ ခုံတန်းလေးတစ်ခုမှာထိုင်ပြီး နားကြပ်တပ်ကာ အေးဆေးထိုင်နေလိုက်သည်
ဒီလိုအချိန်တွေ တစ်ယောက်တည်း အေးဆေးနေနေရတာမျိုးကိုသဘောကျတယ်. လူများတဲ့နေရာတွေမှာ နေရတာကို ငြီးငွေ့လာတယ်
အပေါင်းအသင်းလည်းမရှိတဲ့ ကျွန်တော့်အဖို့ ဘယ်သူကမှလည်း' Canteenမသွားဘူးလား နေ့လည်စာမစားဘူးလား'ဆိုပြီး လာမေးနေမှာလည်း မဟုတ်ဘူးလေ. တစ်ခါတစ်လေတော့ အဲ့လိုမျိုး လိုချင်မိရဲ့...။