အခန်း (၃)
Perth တယောက် နောက်အပတ်တွင် ပြုလုပ်တော့မည့် mini show ပွဲလေးအတွက် ကြိုတင်စီစဉ်စရာ ရှိသော ကိစ္စများအား ပိုပြီးစနစ်တကျရှိရန် ထပ်မံစစ်ဆေးဖို့အတွက် ကွန်ပျူတာတလုံးနှင့် အလုပ်ရှုပ်နေချိန်.....
🍀ည (၉) နာရီ
တောင်
Line မှ မက်ဆေ့ဝင်လာသံကြောင့် Perth တယောက် app ကို ဖွင့်ကြည့်လိုက်ရာ သူမသိသော Line မက်ဆေ့လေး တစ်ခု.....Perth pov
"ဟင် ဒီအချိန်ကြီး ဘယ်ကနံပါတ်လဲ "
မျက်လုံးကတော့ အမှတ်မထင် message ကို အမှတ်မထင် ဖတ်ကြည့်လိုက်မိသည်🍀 မြင်လိုက်ရတာက
"ကိုယ့်ရဲ့ ရင်ခုန်သံ မျက်ဝန်း ပိုင်ရှင်လေး goodnight ပါနော် 🖤"
Perth ရင်ထဲ လှိုင်းလေးတော့ ဖြတ်သွားတယ် ခဏဆိုမှ တကယ့်ခဏ ၂ စက္ကန့်လောက်လေးတင်ပါ...
Perth တယောက် သူ့ဆီ စကားလုံး မျိုးစုံပို့တာ ရှိခဲ့သော်လည်း ခုလို အသုံးအနှုန်းမျိုးတော့ မမြင်ဖူးတာအမှန်ပင်...Perth pov
သြော်ဘယ်သူစပြီး ပို့လဲ မသိဘူး ငါကလည်း စိတ်ထဲ တမျိုးဖြစ်စရာလား ဒါမျိုးက ရိုးနေပြီကို ဒါပေမယ့်Line ကိုဒါမျိုးပို့တာ ပထမပဲ
ထားပါတော့လေ လုပ်စရာအလုပ်ပဲ ဆက်လုပ်တော့မယ်ဖုန်းလေးကို ဘေးနားပြန်ချပြီး လုပ်လက်စအလုပ်ကလေးကို လက်စသတ်နိုင်ရန် အတွက် ကွန်ပျူတာဆီ အကြည့်ရော အာရုံပါ ပြန်ပို့ထားလိုက်သည် ထိုအချိန်တွင်.......
🍀 တီတီ
ဖုန်းမက်ဆေ့သံကြောင့် မက်ဆေ့ကို ထပ်ဖွင့်ကြည့်ရာ Perth တခါမှ မမြင်ဖူးသော မသိသော နံပါတ် ......."ကိုယ့်ရဲ့ ရင်ခုန်သံ မျက်ဝန်း ပိုင်ရှင်လေး goodnight ပါနော် 🖤"
Perth pov
ဟင် Line ကိုရော ဖုန်းကိုရော ပို့တဲ့မက်ဆေ့ စာသားတူနေပါလား လူတယောက်ထဲများလား တယောက်ယောက်စနေတာ နေမှာ personal ph ထိပါဆိုတော့ 🤔ထို့နောက် Perth သည် ထိုအကြောင်းအရာကိုမေ့သွားပြီ အလုပ်ထဲ နစ်မြောသွားလေတော့သည်....
🍀နောက်တနေ့ မနက် (၉)နာရီ......
ညက ညနက်အောင် အလုပ်လုပ်မိလိုက်သောကြောင့် Perth တယောက် နှစ်ခြိုက်စွာ အိပ်ပျော်နေစဉ်...