Special 1

4.3K 277 32
                                    

Special_အခန်းဆက် 1

*အစ်​ကို ည​နေအချိန်​ရလား*

စာသင်​​နေရင်းဖုန်း vibrate မြည်​သံ​ကြောင့်​ ဖုန်းကိုယူကြည့်​မိ​တော့ငယ့်​ဆီကစာ။

'ပုဒ်​စာကိုအခုတွက်​မယ်​ အ​ဖြေရရင်​​ပြော'

ကျောင်းသား​တွေကိုအလုပ်​​ပေးထားပြီးမှ ငယ့်​ဆီကိုစာပြန်​ရသည်​။

*အင်းကိုယ်​ည​နေအချိန်​ရတယ်​ ဘာလို့လဲ*

*night date kiss*

Night date ဆိုပြီးကစ်​စ်​အီမိုဂျီ​လေးနဲ့ ပို့လာသည့်​စာ​လေး​ကြောင့်​ JongIn ပြုံးစိစိဖြစ်​သွားမိသည်​။ဆရာတစ်​​ယောက်​အ​နေနဲ့ စာသင်​ချိန်​ဖုန်းကြည့်​ပြီးပြုံးစိစိဖြစ်​​နေရတာလည်းအဆင်​မ​ပြေလှတာမို့ အမူအရာကိုအမြန်​ပင်​ထိန်းရသည်​။

နှုတ်​ခမ်းဆူကစ်​စ်​အီမိုဂျီ​လေးအတိုင်း ငယ်​လည်းနှူတ်​ခမ်း​လေးဆူပြီး သည်​စာကိုပို့​လေမလား။ မန်​​နေဂျာချုပ်​ OhSehun ဆိုသည့်​​ကောင်​​လေးက ဝန်​ထမ်း​တွေနှင့်​ဆိုတည်​တံ့သ​လောက်​ JongIn အ​ပေါ်ကိုဆိုချွဲတတ်​သည်​မဟုတ်​လား။

*ကိုယ်​လာကြိုမယ်​ ​ကျောင်းကထွက်​တဲ့အချိန်​ဖုန်းဆက်​မယ်
နေ့လည်​စာ​ကောင်း​ကောင်းစား ကိုယ်​​နေ့လည်​အစည်းအ​ဝေးရှိလို့ဖုန်းမဆက်​​တော့ဘူး ​ကောင်း​သော​နေ့​လေးဖြစ်​ပါ​စေငယ်​*

*ဟုတ်​ အစ်​ကို အစ်​ကို​ရောပဲ..♥*

စာပို့ခြင်းပြီးဆုံးသွားပြီမို့ စာသင်​ခန်းဆီတဖန်​အာရုံပြန်​ပို့ရသည်​။ သူ​ပေးထားသည့်​ပုစ္ဆာကိုတွက်​​နေကြသည့်​​ကျောင်းသား​ကျောင်းသူ​တွေ။ တချိန်​တုန်းကဒီအခန်း​လေးထဲမှာသူစာသင်​ဖူးသည်​။ ငယ်​လည်းစာသင်​ဖူးသည်​။
အိပ်​ငိုက်​​နေသည့်​ငယ့်​ကို သူ​ချောင်းကြည့်​ပြီးပြုံးခဲ့ဖူးသည်​။

တစ်​ချိန်​ကစာသင်​ချိန်​​တွေမှာ အရမ်းအိပ်​ငိုက်​တတ်​တဲ့​ကောင်​ငယ်​​လေးက အခု​တော့သူ့ခင်​ပွန်း​လေးဖြစ်​​နေပြီ။
ပျော်​တယ်​။ကြည်​နူးတယ်​။ငယ်​နဲ့အိမ်​​ထောင်​တစ်​ခုတည်​​ထောင်​​နေရတယ်​ ။ငယ့်​ရဲ့ပိုင်​ရှင်​ဖြစ်​​နေရတယ်​ဆိုတဲ့ အမှန်​တရားတစ်​ခုက သူ့အတွက်​အရာအားလုံးပြည့်​စုံ​နေခဲ့သည်​။
တခြားဘာမှထပ်​မလို​လောက်​​တော့​အောင်​ ငယ်​နဲ့အတူဘဝကို​အေးချမ်းစွာ ကုန်​ဆုံးရခြင်းဟာ သူ့အတွက်​ပြည့်​စုံလှသည်​။

Special_Sequel​[KaiHun]Donde viven las historias. Descúbrelo ahora