Our Team Should Win!
6.9K 153 18
နျေးဂိုဏ်း၏​မြေကွက်​လပ်​ကွင်းပြင်​ကျယ်​အတွင်းတွင်​ဖြစ်​သည်​....ခြစ်​ခြစ်​​တောင်​ပူ​နေ​သော​နေ​ရောင်​​အောက်​စု​ဝေး​နေကြ​သောလူစု​လူ​ဝေးကြီး...​ချွေးတ​တောက်​​တောက်​စီးကျ​နေသည့်​ကြားမှမျက်​လုံး​ဝေ့ကြည့်​မိ​တော့....လန်​ဂိုဏ်း၏စံပြပုဂ္ဂိုလ်​ဟန်​​ကောကျွင်းမှသူ၏နှစ်​ထပ်​ကွမ်းဦး​လေး​တော်​သူစပ်​စလူးစိန်​​ဝေ့ဝူရှန့်​အား​ချွေးသုတ်​​ပေး​နေသည့်​မြင်​ကွင်း....ထိုချစ်​ကြည်​နူးတစ်​တီတူး​နေကြ​သော​မောင်​နှံသည်​သူ့အားမမြင်​သည့်​တိုင်​သူမျက်​​စောင်းခဲကာမျက်​နှာလွှဲပစ်​ခဲ့သည်​......
"​နေကလည်းပူလိုက်​တာ...အဲ့တာ​ကြောင့်​​လေး​လေးကျန်းကို​ပြောတာ​ပေါ့...​ရွှေငါးကြင်း​မျှော်​စင်​မှာပဲကျင်းပပါမယ်​ဆို...."
"​လေး​လေးကျန်းမှ​သေချာမ​ပြော​ပေးတာ...ဟွန့်​.."
"မင်း!!!!"
နှာမှုတ်​ကာပွစိပွစိဖြစ်​​နေ​သောတူ​တော်​​မောင်​ကို​ဒေါသထွက်​ထွက်​နှင့်​သာမျက်​နှာလွှဲရ​တော့သည်​....ဂိုဏ်း​ပေါင်းစုံရှိ​နေတဲ့​နေရာထဲတူရီးနှစ်​​ယောက်​ရန်​ထဖြစ်​လျင်​ဦးစွာအရှက်​ရမည်​ကသူဖြစ်​​နေ​သော​ကြောင့်​ပင်​....
"လန့်​ကျန်​......"
နက်​​မှောင်​​သောဆံ​ကေသာ​နောက်​မှကျဆင်း​နေ​သောနဖူးစည်​စကိုလက်​ညိုးနှင့်​လိမ်​ကာ​ခွေကာ​ဆော့​နေရင်း​ခေါ်လာ​သောအသံ​ကြောင့်​သူလှည့်​မိသည်​....
"လန့်​ကျန်​...ပွဲကမစ​သေးဘူးဆိုလဲဘာလို့ငါတို့ကို​နေပူထဲမှရပ်​ခိုင်းထားတာလဲ...ပြီးရင်​လဲ​ပြေးရလွှားရဦးမှာ....ငါ​လေးအရမ်းပင်​ပန်း​နေပြီ..."
"အစ်​ကို​မ​ရောက်​​သေးဘူး...."
ခပ်​​အေး​အေးသာဆိုရင်း​မှော်​အိတ်​​လေးထဲမှတစ်​ခုခုကိုဆွဲထုတ်​လိုက်​​သောလန့်​ကျန်​ကိုသာသူ​ငေး​နေမိသည်​....ထို့​နောက်​သူ့အ​ပေါ်သို့မိုးကျလာ​သောအရိပ်​က​လေး​ကြောင့်​သူ​​မော့ကြည့်​မိ​တော့ထီးဖြူလွှလွှ​ပေါ်​ရေးခြယ်​ထား​သောမှင်​နက်​စုတ်​ချက်​များကသူနှင့်​လန့်​ကျန်​၏လူအများမမြင်​ဝံ့​သောအနမ်းနက်​ရှိုင်းရှိုင်းပုံရိပ်​လွှာ.....သူ့မျက်လုံးတို့ဝိုင်းကာလန့်​ကျန်​အားကြည့်​မိတော့...
One Short From MDZSWhere stories live. Discover now