မီးခွက်စောင့်နတ်သားလေး

1.9K 147 107
                                    

"တောက်! ချီးလိုပဲ မင်ယွန်းဂီ မင်းသေဖို့သာပြင်ထား လခွမ်းလိုမှ ငါ့ကိုဂျင်းထည့်သွားရတယ်လို့ သစ်ရွက်ပဲ!"

ချယ်ရီတွေကြွေကာ နုနယ်သန့်စင်လှပနေသောလမ်းထက်တွင် ဖုန်းတစ်လုံးကိုစိုက်ကြည့်ရင်း အော်ဟစ်ဆဲဆိုနေသော ကောင်လေးတစ်ယောက်။

ဘယ်သူလည်းသိချင်လား။

ကျွန်တော့်နာမည်က ကင်မ်နမ်ဂျွန်း။ Graphic design တွေနဲ့ Program တွေရေးတဲ့ နာမည်ကြီးEngineer တစ်ယောက်။

ဒါပေမယ့် ကျွန်တော်က အိမ်မှာပဲနေပြီးဒီဇိုင်းဆွဲတယ်။ အတူတူပူးပေါင်းလုပ်ချင်တဲ့ နည်းပညာကုမ္ပဏီတွေက အလုပ်လုပ်ချင်ရင်အိမ်အထိ ကိုယ်တိုင်လာတွေ့ရတယ်။

ထားပါ ဒါတွေကအရေးမပါပါဘူး...အရေးကြီးကကျွန်တော့်ရုပ်ရည်။

မိန်းကလေးတွေအဓိကကြွေကျနေတာ မာမီလက်ဆောင်ပေးထားတဲ့ပါးချိုင့်နှစ်ဖက်နဲ့ ဒယ်ဒီ့ဆီကအမွေရတဲ့ အရပ်ကြောင့်ပဲ ။ ဒီလောက်ဆို ကင်မ်နမ်ဂျွန်းဘယ်လောက်ခန့်ညားမလဲ မြင်ယောင်ကြည့်ကြပေတော့။

"မင်ယွန်းဂီ! မသာကောင်! မင်းပြောတော့ အဲ့ဒီကောင်မလေးကအလန်းပါဆို
ငါသွားကြည့်တာပုံမလာလိုက်တာများ "

မကိုင်တဲ့ဖုန်းဆီအသံမက်ဆေ့ခ်ျပဲပို့ပြီး သိပ်ကိုလှပနေတဲ့လမ်းမထက်မှာ ကျွန်တော် စိတ်မအေးလက်မအေးနဲ့ လမ်းလျှောက်လာလိုက်တယ်။ ကားမောင်းရင် လမ်းပိတ်တာနဲ့တင် အိမ်မရောက်တော့ဘူးလေ။

ထူးထူးဆန်းဆန်း ဒီနေ့ညနေမှ ဒီလမ်းကလူရှင်းနေသလိုပဲ။

"ဟင်! ဟိုဟာကဘာလေးလည်း "

လမ်းအဆုံးကချယ်ရီပင်ကြီးရဲ့ခြေရင်းမှာ ရွှေရောင်ခပ်လုံးလုံးအရာလေးကိုတွေ့တာမို့ သူအပြေးသွားကြည့်တော့ ရှေးဟောင်းပုံစံမီးခွက်လေးတစ်လုံးပဲ။ စပ်စုချင်စိတ်နဲ့ကောက်ယူကြည့်ပြီး ဘယ်ပြန်ညာပြန် လှန်လှော ကြည့်နေမိတယ်။

"ဘာလဲဟ အာလာဒင်လိုမျိုးများလား ဝိုးးး မီးခွက်ကလှသားပဲ ဘယ်သူကျန်ခဲ့တာပါလိမ့် "

ဘေးဘီဝဲယာကို မျက်လုံးကစားကြည့်တော့ဘယ်သူမှမတွေ့တာမို့ ကင်မ်နမ်ဂျွန်းတို့ ပွပေါက်တိုးပြီဆိုပြီးပျော်သွားမိသည်။ မီးခွက်လေးကိုကုတ်အင်္ကျီရဲ့အိတ်ကပ်ထဲသေချာထည့်ရင်း အိမ်ကိုအပြေးပြန်လာမိသည်။

You've reached the end of published parts.

⏰ Last updated: Aug 04, 2019 ⏰

Add this story to your Library to get notified about new parts!

Coincidence AngelWhere stories live. Discover now