အခန်း (၆)
🍀တကယ်တော့ Saint တယောက် Perth ရဲ့ ဘေးအခန်းမှာ အခန်းလာကြည့်ရတာလည်း ဖြစ်သောကြောင့် ကိုယ်တိုင် လာခဲ့ခြင်း ဖြစ်ပေမယ့် သူကိုယ်တိုင်တော့ မပေးရဲပါ ဒါကြောင့် သူ့လူတယောက်ကို ပစ္စည်းပေးခိုင်းပြီး သူကတော့ ဘေးအခန်းကနေ ကြည့်နေယုံလေးပဲ ဖြစ်သည်
ဒီအခန်း ရသွားတာ သူ့အတွက် ကံကောင်းသည် ပြောရမည် ဘာလို့ဆို သူ ခလေးနား နေရန် အိမ်ရှာနေတုန်း ထိုအခန်းမှ လင်မယားမှာ နိုင်ငံခြားအပြီးပြောင်းမည်ဖြစ်သောကြောင့် အိမ်ကို အပြီးရောင်းသွားမည် ဟု သတင်းကြားလိုက်ရာ သူလိုချင်တာနှင့် ကွက်တိ ရသွားသောကြောင့် အတော်ပျော်ခဲ့ရပေသည်🍀Saint တယောက် Perth အိမ်ကထွက်တဲ့အထိ အခန်းထဲကနေပဲ စောင့်ကြည့်နေမိသည် ထို့ကြောင့်ပင် Perth တယောက် သူပေးတဲ့ စက္ကူအိတ်လေး ယူသွားကြောင်း မြင်လိုက်ရသောကြောင့် ရင်ထဲ ဝမ်းသာပီတိ ဂွမ်းဆီထိပြီး ဖုန်းလေးပေါ် အပြေးအလွှားလေး မက်ဆေ့လေး ရိုက်ပြီး Perth ဆီ ပို့လိုက်သည်.....
"ကိုယ်ပေးတဲ့ အစားအသောက်အိတ်ကလေး ယူသွားတာ ကျေးဇူးပါကွာ မင်းနှစ်သက်မယ်လို့ မျော်လင့်မိတယ် ခုနေ့ ဒီဇိုင်းက မင်းကို ပိုပြီး လူငယ်ဆန်စေတာကြောင့် ကိုယ် ပိုပြီး မြတ်နိုးမိတယ် 🖤"
Saint pov
ဒီခလေးလေး ကျန်တာတော့ မသိ အစားမက်တာတော့ သေချာတယ် အစားလည်းပုံမှန်စားမယ့်ပုံမပေါ်ဘူး နောက်နေ့ကစပြီး ကလေးအတွက် လက်ဆောင်ပေးတဲ့အခါ စားစရာလေး ထည့်ပေးရမယ်
(ငှယ် ကလေးမုန့်ပေးကြိုက်သူကြီး 😁)🍀အခန်းလေးကို လှည့်ပတ်ကြည့်ပြီး သဘောလည်းကျသောကြောင့် Saint တယောက် အခန်းကို အမြန်ဆုံး ပြောင်းလာရန် စဉ်းစားလိုက်သည်
(သြော် အခန်းမကြိုက်လည်း သူနေမှာလေ မသိတာ မှတ်လို့)
ထို့နောက် ကွန်ဒိုမှ ကားလေးကို ကျောင်းဆီသို့ ဦးတည် မောင်းထွက်လာခဲ့လေသည် ကားပါကင်ထိုးပြီးနောက် ကျောင်းခန်းထဲ ဝင်လာသော သူ့ကို စပ်ဖြဲဖြဲ ကြည့်နေသော Plan အား မြင်လိုက်ရလေသည်
Plan: ခုတလော တအားတွေ အလုပ်ရှုပ်နေလား Saint
Saint: ဘာလဲကွ ရုပ်က စပ်ဖြဲဖြဲနဲ့ ဘာဖြစ်နေတာလဲ
Plan: ကျောင်းမနောက်ကျဖူးတဲ့သူက ကျောင်းတွေ နောက်ကျနေပါလား ပြီးတော့ မင်း Title ဆီက Perth ဖုန်းနံပါတ်နဲ့ line ID တောင်းတာ ငါသတင်းရပြီးပြီ ဟျောင့်
Saint: ဘယ်သူပြောလဲ (ဟင် ခပ်တည်တည်ပဲဟ)
Plan: နေစမ်းပါကွာ မင်းပါလာမယ်ဆိုတာ Title ကိုလှမ်းပြောရင်း သိတာပေါ့ ငြင်းချင်သေး ငါပေးတုန်းက စိတ်မဝင်စား သလိုလိုနဲ့နော် ဟွန့်  ခု အခြေအနေကောင်းနေပြီလား
Saint: အေးကွာ လူစုံမှ ပြောပြမယ် ခုတော့ဒီလိုပါပဲ ငါလည်း ဘာဖြစ်နေလဲ ဝေခွဲနေတုန်း
(ဝေခွဲနေတုန်းတဲ့ သူပဲ ရိုနေတာကို လူလည်ကြီးက 😁)
Plan : အေး ပြီးရော မပြောရင် လုပ်မှာ ငါ့ကိုကို Mean ကို ပြောပြရမယ် ရေခဲတုံးတတုံး အရည်ပျော်စပြုနေကြောင်းကို 😂
ပြောပြောဆိုဆို plan တယောက်Mean ဆီ ဖုန်းခေါ်ရင်း ထသွားသည်
(အတင်းပြောတာဆိုတော့လည်း Saint ကြားမှာဆိုးပုံရတယ်)
Saint လည်း ခေါင်းခါရင်း အိတ်ထဲမှ စာအုပ်တွေ ထုတ်ကာ စာသင်ရန် ပြင်ဆင်နေလိုက်တော့သည်