liu Qingge ၏ POVတောင်ချင်းအတူတူတောင် ချင်းကျင့်တောင်က လေကမှ ပိုပြီး လတ်ဆတ်အေးမြနေသယောင်။တောင်ပိုင်ရှင်၏ စိမ်းဖန့်ဖန့် ဝတ်လွှာကြောင့်ပေလား။ဘယ်တော့မဆို အပြောင်းမလဲမရှိ ရေပြင်ကဲ့သို့ ငြိမ်သက်အေးချမ်းနေသော တောင်သခင်၏ စိမ်းဖန့်ဖန့် ရုပ်ရည်ကြောင့်လေလား လျိုချင်းကော အခုထိ အဖြေရှာမရ။"ဆရာဦးလေး ကိစ္စရှိလို့ပါလား"မင်ဖန်က သူ့ကို တွေ့တော့ အပြေးအလွှားလာမေးသည်။"မရှိပါဘူး။ ဒီနားက ဖြတ်သွားတာနဲ့""ဟုတ်ကဲ့ ဆရာဦးလေး။ တခုခုလိုရင် တပည့်ကို ခေါ်လိုက်ပါ"သူ ခေါင်းသာ ငြိမ့်ပြမိသည်။ရပ်နေကျ ဝါးတောကလေးနားရောက်တော့ မိန်းမပျိုလေးတစ်ယောက် ရပ်နေရာမှ လှည့်ကြည့်သည်။နျန်ရင်းရင်းကတော့ သူ့ကို မြင်သည်နှင့် သဘောပေါက်သလို ခေါင်းသာငြိမ့်ပြပီး အဝေးကို ထွက်သွားသည်။တောင်သခင်မရှိကတည်းက အားတိုင်း ဒီဖက်ရောက်နေတတ်သည့် လျှို့ချင်းကော အကြောင်း လူရေလည်သော မိန်းကလေးက ရိပ်မိနေခဲ့သည်လား။သူ သေချာမသိ။"ညီလေး.. ဒီဖက်ကို ဘာလာလုပ်တာလဲ"ဖြတ်ခနဲ အသံကြားသဖြင့် လှည့်ကြည့်လိုက်တော့ စိမ်းဖန့်ဖန့် ဝါးရုံတောကသာ သူ့ကို ကြိုဆိုသည်။အရင်က ဆိုလျှင်ဖြင့် ရေပြင်အလား တည်ကြည်ငြိမ်သက်သော အသံဖြင့် တောင်သခင်က ကြိုဆိုနေကြ။အခုတော့ လေလာရာယိမ်းသော ဝါးပင်တို့၏ လှုပ်ခတ်သံသည်သာ နားစည်တွင် ပဲ့ထင်လျှက်။သခင်မဲ့သော ဝါးရုံတောကတော့ အရင်ကထက်ပို၍ အရောင်ဖျော့တော့နေသယောင်။မင်းတို့လဲ သခင်ကို လွမ်းရှာမှာပဲ။"ချင်းကော.. ဒီမှာ ဘာလုပ်နေတာလဲ"ဒီတခါတော့ သူ စိတ်ထင်ယောင်ခြင်းမဟုတ်။တကယ်ပင် လှမ်းမေးလိုက်သော အသံကို ကြားရသည်။"အကိုကြီး .. ဖြတ်သွားရင်းနဲ့.."လျှိုချင်းကော အများကြီး ပြောစရာမလို.. ယွဲ့ချင်းယွမ် နားလည်လိုက်သည်။"ချင်းချိုးကို လွမ်းနေသလား.."ဒီအကိုကြီးက ပြောလိုက်မှဖြင့်..."ကျွန်တော်က.... "လွမ်းစရာလားလို့ ပြောလိုက်ချင်ပေမဲ့ ဘယ်လိုမှ ပြောမထွက်။"မင်း ပြောကြည့်စမ်း ချင်းကော.. အခုချိန် ချင်းချိုး ဘယ်ရောက်နေမယ် ထင်လဲ"ယွဲ့ချင်းယွမ်၏ မေးခွန်းကို သူ မဖြေနိုင်။"တကယ်ပဲ... ငါတို့ကို ခွဲသွားပြီလို့ မင်းထင်လား"တွေးကြည့်ယုံနှင့်တင် တဆစ်ဆစ်နာကျင်လာသည်။"ဒါမှမဟုတ် သူ့ဝိဉာဉ်ကို တနေရာရာမှာ ချိတ်သိမ်းခဲ့မလား"နာကျင်နေသော နေရာမှ တဆင့် အလင်းမဲ့သော ရောင်ခြည်ကလေး ထွက်ပေါ်လာသည် ထင်ရသည်။ခင်ဗျား တတ်လဲတတ်နိုင်လိုက်တာ ရှန်းချင်းချိုး။လူတွေကို ဒီလို ဒုက္ခပေးပြီး ချစ်လှစွာသော တပည့်ကလေးကို ကယ်တင်ခဲ့ရတာ တန်တယ်ပေါ့။ခင်ဗျား သိပ်ချစ်တဲ့ ဟောဒီ့စိမ်းလန်းတဲ့ တောင်တန်းကြီးနဲ့ ကျွန်တော်တို့ကို ထားသွားရလောက်အောင် ခင်ဗျား သိပ်သတ္တိတွေ ကောင်းနေတယ်ပေါ့။"ငါလဲ လွမ်းတယ်.."ယွဲ့ချင်းယွမ်က မကြားလောက်သော လေသံနှင့်သာ ဖွဖွပြောသော်လည်း လျှိုချင်းကော ကြားလိုက်လေသည်။"ချင်းချိုးက ဒီတောင်တန်းတွေကို သိပ်ချစ်တာ.. ဟောဒီ့ ဝါးရုံတောလေးကိုရောပဲ။ သူ့အိမ်ကို ဝါးတွေနဲ့ ဆောက်ထားတာသာကြည့်။ အခု ဟွမ်ဟွားနန်းတော်ကြီးမှာ သူ ပျော်ပါ့မလားပဲ""ကျွန်တော် သူ့ကို ပြန်ခေါ်လာမယ်"ပြောပြောဆိုဆို ထွက်သွားဖို့ ပြင်သော လျှိုချင်းကော ကို ယွဲ့ချင်းယွမ်က လှမ်းဆွဲထားလိုက်သည်။ဘာဖြစ်ဖြစ် ကျွန်တော့်ကို မတားနဲ့ဟူသော အဓိပ္ပါယ်ရသည့်မျက်ဝန်းတွေနှင့် လျှိုချင်းကောက လှမ်းကြည့်တော့ ယွဲ့ချင်းယွမ်က သဘောပေါက်သလို သာသာယာယာပြုံးသည်။"ငါပါ လိုက်ခဲ့မယ်။ ညီလေးကို သွားခေါ်မှာ ဘာဖြစ်လို့ ချင်းကော တစ်ယောက်တည်းကို လွှတ်ရမလဲ"ခိုင်ခိုင်မာမာ ပြောလိုက်သော ယွဲ့ချင်းယွမ်၏ စကားအဆုံး လျှိုချင်းကော ခေါင်းငြိမ့်ပြလိုက်သည်။"ချန်ချုံးတောင်က သူ့အိမ်ပဲ။ သူ့အိမ် သူ ပြန်လာရမှာပေါ့"လျှိုချင်းကောက တဆက်တည်းပင် ပြောသည်။ရှန်းချင်းချိုး...တကယ်ဆို ထိုလူကို သူ မပြောလိုက်ရသော စကားတွေ သိပ်များသည်။အနည်းဆုံးတော့ ပြန်ခေါ်လာရင်း သူ့ခန္ဓာ အနားယူအိပ်စက်သည့် နေရာကလေးကို သွားရင်း စိတ်ထဲကနေ ပြောချင်နေသည့် စကားများကို ပြောရမှကို ဖြစ်မည်။ရှန်းချင်းချိုးရေ..ကျွန်တော် ဒီတခါလောက်တော့ အတ္တကြီးလို့ရတယ် မဟုတ်လား။ခင်ဗျားစိတ်ကို ခေါ်မထားနိုင်ခဲ့ဘူး ဆိုရင်တောင် အသက်မဲ့နေတဲ့ ခင်ဗျားခန္ဓာကိုယ် ကိုတော့ ကျွန်တော် သိမ်းထားခွင့်ရှိမယ် မဟုတ်လား။~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~A:N/ ရှန်းချင်းချိုး ခန္ဓာစတေးတဲ့ အခန်း အပြီး (အပိုင်း လေးဆယ်ကျော် ထင်တယ်)လျှိုချင်းကော ဖက်က ခံစားရတာလေးတွေကို ရေးထားတာပါ။ပြောခဲ့ပြီးတဲ့အတိုင်း spoiler တွေ ပါနေပါတယ်လို့။
YOU ARE READING
The Scum Villain's Self-Saving System (Short Notes)
De TodoWarning : You shouldn't read this if you don't want to be spoiled.