အပိုင်း-၃၁(အပိုငျး-၃၁)

5.7K 560 52
                                    

Zawgyi

မင်းမမုန်းအား​အောင်​ ကိုကကူညီ​ပေးမယ်​​ဘေဘီ

••••••

ည​​နေစာအတွက်​ ထွက်​သွားတဲ့ ဂျွန်​​မြောင်​နဲ့ဆယ်​ဟွန်းက ချန်​​ယောလ်​ကို​စောင့်​ဖို့ရာ လူနာလာကြည့်​​ပေးတဲ့ မင်​​ဆော့ကိုထားခဲ့​လေသည်​။

မင်​​ဆော့ကလဲ ချန်​​ယောလ်​အိပ်​​နေတာမို့ ​​အခန်းထဲက ဆိုဖာမှာထို​င်​ရင်း အိမ်​စာ​တွေလုပ်​​နေ​ရဲ့။
သူ့အတွက်​ပီးသွားရင်​ ဂျုံဒဲစာအုပ်​ထဲကိုကူး​ပေးရ​လေ့ရှိ​ပေမဲ့ ခု​တော့ ချန်​​ယောလ်​အတွက်​ပါ ထပ်​ကူး​ပေးရ​တော့မည်​။

စာ​လုပ်​​နေတုံး တတီတီမြည်​လာတဲ့ဖုန်း​ကြောင့်​ အမြန်​ပဲကိုင်​လိုက်​ရသည်​။ ချန်​​ယောလ်​နိုးသွားမှဖြင့်​။

"အင်းဂျုံဒဲ"
"ဘယ်​သွားတာလဲ!! တ​ယောက်​ထဲထားပီးဘယ်​ထွက်​သွားတာလဲမင်​​ဆော့!!"
"ချန်​​ယောလ်​ဆီကိုပါကွာ မင်းအိပ်​​နေတာနဲ့. . "

" ဟင်းး"

အသံကျယ်​သွားမိတာ​နဲ့ လူးလှိမ့်​လာတဲ့ချန်​​ယောလ်​​ကြောင့်​ မင်​​ဆော့အခန်းအပြင်​ထွက်​လိုက်​ရသည်​။ ချန်​​ယောလ်​က မ​နေ့ကတညလုံးငိုထားတာနဲ့ ​ကောင်း​ကောင်းမအိပ်​ရ​သေးဘူးမဟုတ်​လား။ ​ကောင်း​ကောင်းအိပ်​​ပါ​စေဆိုတဲ့ရည်​ရွယ်​ချက်​နဲ့ မင်​​ဆော့အခန်းအပြင်​ထွက်​​ပေးလိုက်​တာက တစ်​​ယောက်​​ယောက်​အတွက်​ အရမ်းကိုသင့်​​တော်​တဲ့ အ​ခြေအ​နေဖြစ်​သွား​လေတယ်​။

"ဆန်း​ယော့ မင်းကြည့်​လုပ်​လိုက်​"

ဆိုတဲ့တစ်​ခွန်းထဲ​ပြောသွားပီး ​အခန်းနံပါတ်​206 ထဲဝင်​သွားတဲ့ ​ဘော့စ်​ကြောင့်​ ဆန်း​ယော့မျက်​ခုံးခပ်​လှုပ်​လှုပ်​။

ကောင်​​လေးက ​ဘော့စ်​​ကြောင့်​​သေ​ကြောင်းကြံထားတာကို လာ​တွေ့ရဲတယ်​​လား​မေးချင်​လာတာများ ပါးစပ်​ကိုယားလို့။
မေးလို​က်​ရင်​ ​သေမှာက ကိုယ်​တိုင်​ပဲဖြစ်​သည်​ကိုအရင်​​တွေးမိလို့သာ ငြိမ်​​နေလိုက်​ရတာ။

•••••

"ဟင်း ဂျွန်​"

ကျောဘက်​က​နွေး​ထွေးမှုဆွဲအား​ကြောင့်​ ​နောက်​ကိုပိုတိုးကပ်​လိုက်​မိ​သည့်​ချန်​​ယောလ်​။

Big Boss And His Mochi [ COMPLETE ]Where stories live. Discover now