"Jeon....!!အပြင်မှာ ဘာဖြစ်နေတာလဲ? အသံတွေဆူညံနေတာပဲ''
Jungkookအခန်းထဲသို့ဝင်ဝင်ချင်း ကျွန်တော့၏ စပ်စုတက်သည့် အကျင့်ကြောင့် သိချင်စိတ်ဖြင့်မေးလိုက်၏ ။
"ဘေးခန်းက ကလေးလေး အမောဖောက်နေလို့..အဲ့ဒါဆရာဝန်တွေ ရောက်လာကြတာ....''
"ဟုတ်လား...ကောင်လေးသနားပါတယ် အဲ့ဒီ့မောတာကအသေခံရတာ လူကြီးတွေတောင်မခံနိုင်တာ ကလေးဆိုတော့ပိုဆိုးတာပေါ့....''
ရောဂါအကြောင်းသိသူပီပီ ပြောသောအခါ စာနာတက်တဲ့ ကျွန်တော့ရဲ့jeonက ကျွန်တော့အနားရောက်လာကာ နှစ်သိမ့်၏ ။ ကျွန်တော်လည်း နှလုံးရောဂါသည်ပဲမို့လား ။ နှလုံးကုသဆောင်မှာ အချိန်တော်တော်ကြာ ကုသနေဆဲဖြစ်တဲ့ ရောဂါသည် ။
"အားတင်းထားပါ အစ်ကို ခနနေဆို အစ်ကိုခံစားနေရတာတွေ ရှိတော့မှာမဟုတ်ဘူး...''
"ငါပြန်လာနိုင်ပါ့မလား....jeon''
"အစ်ကို.....!!!!"
Jungkookဒေါသတကြီး အော်မိ၏ ။
"ဘာကြောင့် ဒီလိုတွေးရတာလဲ? အစ်ကို သာမရှိရင်လေ.......''
"တောင်းပန်ပါတယ် jeon...အစ်ကို တကယ်တောင်းပန်ပါတယ်...အစ်ကိုjeonကိုတစ်ယောက်တည်းမထားခဲ့ပါဘူး...''
ရှိုင့်ကြီးတစ်ငင်ငိုနေသော ကျွန်တော့ရဲ့jeon...
အရင်က လူကြီးဆန်ခဲ့သလောက် အခုတော့ကျွန်တော့ကြောင့်သူပါ အရာရာတွေးကြောက်တက်တဲ့ ကလေးတစ်ယောက်လိုဖြစ်နေပါရောလား...အစ်ကိုကရော စိတ်ချခဲ့ပါ့မလား...jeonလိုဖြူစင်တဲ့ကောင်လေးတစ်ယောက်ကို ထားခဲ့ပြီး အစ်ကိုစိတ်ဖြောင့်ဖြောင့် ထွက်သွားနိုင်ပါ့မလား....ဒါပေမယ့်လည်း အသက်ရှင်ဖို့က ၃၀%တဲ့လေ ။ အစ်ကို အားတင်းထားနိုင်ပါ့မလား jeon..."ကယ်.....တော်ပါတော့...မငိုနဲ့တော့နော် အစ်ကိုတို့စကားတွေအများကြီးပြောကြရအောင် အစ်ကို ခွဲခန်းထဲဝင်ဖို့ အချိန်ကသိပ်မလိုတော့ဘူးလေ...''
အတော်ပင်ချော့ယူရသည် ။ဒီကလေးလို ကောင်လေးကို ချစ်လွန်းလို့ အတိုက်အခံနဲ့ ကဲ့ရဲ့တဲ့ကြားက တည်မြဲနေတဲ့ အချစ်တွေ ။ သိပ်ကိုအံသြစရာကောင်းလွန်းခဲ့သည် ။ကျွန်တော့လိုလူ မဟုတ်ဘူး သူ့လို ယောက်ျားပီသပြီး အနေအေးတဲ့ကောင်လေးက အချစ်ကြောင့် မျက်စိမှိတ်ပြီး မိုက်မဲခဲ့တာတွေ ။ ဒါက အချစ်ကြောင့်လို့ သူတဖွဖွပြောခဲ့တယ် ။ kim taehyungဆိုတဲ့ကျွန်တော်က jeon jungkookဆိုတဲ့ လူသားကို သေရင်တောင် စိတ်ချနိုင်မှာမဟုတ်ဘူး ။
YOU ARE READING
ကျွန်ုပ်၏အစိမ်းရောင်နေတစ်စင်း (သို့မဟုတ်) ဦးဆီသို့...
Fanfictionကျွန်ုပ်၏အစိမ်းရောင်နေတစ်စင်းဆီသို့...