အခန်း (၁၄)
🍀Perth camp ဝင်ချိန် အတောအတွင်း Saint ကလည်း စာမေးပွဲရှိသောကြောင့် အရင်လောက် perth ကိုဂရုမစိုက်နိုင်ပါ ညတိုင်းတော့ နှစ်ယောက်သား မက်ဆေ့ကနေ နေ့တိုင်းစကား ပြောဖြစ်ကြသည်.....
Saint: baby camp ကပင်ပန်းတယ်မလား camp အတွင်း ကိုယ်လည်း လာမတွေ့ပေးရတော့ baby ကို ကောင်းကောင်း မစိုက်ရလို့ ကိုယ် စိတ်ထဲ မကောင်းဘူး
Perth: အရမ်းပင်ပန်းတယ်တော့ မဟုတ်ပါဘူး ကိုကိုရာ အခန်းအတူကျတဲ့ သူငယ်ချင်းတွေကလည်း ခင်ဖို့ကောင်းပြီး ရယ်ရတော့ အဆင်ပြေပါတယ်
Saint: အာ့တော့ baby က ကိုယ့်ကို သတိမရဘဲ နေနိုင်တယ် ပေါ့လေ
Perth: အွန်း အာ့လိုတော့လည်း မဟုတ်ပါဘူး ကိုကိုကျတော့ ကိုယ့်ညီလေးလိုပဲ အကြိုက်သိတော့ ကျွန်တော်ပို အဆင်ပြေတယ်
( အစ် ထုတ်နေသူ ခလေးလူလည်လေး 😁)
Saint: ကိုယ်က baby ကို ညီလေးလို ဂရုစိုက်နေတယ် ထင်လို့လားဟင်
Perth: သြော် ကိုကိုက တဦးတည်းသော သားလေ အာ့ကြောင့် ညီလေး လိုချင်လို့ ကျွန်တော့ကို ဂရုစိုက်နေတာမလား
Saint: ညီလေးထက် ပိုတယ်ဆိုရင်ရော....
Perth: ကိုကို စာမေးပွဲအတွက် စာတွေအဆင်သင့် ဖြစ်ပြီလား
(အယ် လူလည်လေး perth)
Saint: အင်း အဆင်သင့် ဖြစ်နေပါပြီ baby camp ဝင်ပြီးတာနဲ့ ကိုယ် စာမေးပွဲ ပြီးချိန်အတော်ပဲ baby စင်္ကာပူပွဲ ရှိတာ ကိုယ်လိုက်ခဲ့ချင်တယ်
Perth: ဟုတ် ရပါတယ် အဆင်ပြေပါ့မလား ကိုကို့အတွက်
Saint: အင်း အဆင်ပြေပါတယ် baby ရဲ့. ဒါနဲ့ baby ကို ပြောရဦးမယ် freshman moon ပွဲကို မပြိုင်ရဘူးနော် ခုထက်ပိုပြီး baby ကို အနေမကြပ်စေချင်ဘူး
(တကယ်က သူ သဝန်တိုတာ ကိုယ်သိတယ်😁)
Perth: ဟုတ် ကျွန်တော်လည်း မပြိုင်ချင်ဘူး ငြင်းလိုက်ပါ့မယ် ကိုကို
Saint: အာ့ကို baby နားတော့လ မနက်ဖြန် ပြီးရင်တော့ ပြီးပြီမလား ကိုယ်လည်း မနက်ဖြန် စာမေးပွဲ ပြီးပြီ ညနေ baby ကို အိမ်ပြန်ခေါ်သွားပေးမယ် ခုတော့ goodnight နော်
Perth: ဟုတ် goodnight ပါ🍀ဒီနေ့ကတော့ perth ရဲ့ camp နောက်ဆုံးနေ့ ဖြစ်သလို saint ရဲ့ စာမေးပွဲ နောက်ဆုံးနေ့လည်း ဖြစ်ပါသည်
Saint တယောက် စာမေးပွဲ ပြီးနောက် welcome ပွဲသို့ သွားပြီး perth အပြီးကို စောင့်နေလိုက်သည် ပြီးလျှင် perth နှင့် တူတူ အိမ်ပြန်ရမည် ဖြစ်သောကြောင့် မတွေ့ရတာကြာပြီဖြစ်သော perth မျက်နှာချောလေးကို မြင်ချင်နေပြီ ဖြစ်သည်
Perth တယောက်လည်း ဒီနေ့ camp ပြီးပြီမို့ အတော်ပျော်နေမိသည် ထို့အပြင်ကို မိန်းမချောချောသော ကိုကို့ကို တွေ့ရမှာမို့ ပျော်နေမိသလိုလို.....
Perth တယောက် camp ကာလပြီးပြီမို့ saint စောင့်နေရာသို့ အမြန်ထွက်လာခဲ့သည်......