Special_အခန်းဆက် 2
ယနေ့သည် အားလပ်ရက်ဖြစ်သည်။ငယ်ရော JongIn အတွက်ပါအားလပ်ရက်ဆိုပေမဲ့ JongIn တို့ဆရာတွေစုပေါင်းပြီးမိတ်ဆုံစားပွဲရှိသည်။JongIn ကငယ့်ကိုခေါ်သွားချင်သလို၊ငယ်ကလည်းတစ်ယောက်တည်းကျန်ရစ်မနေခဲ့ချင်တာကြောင့် နှစ်ယောက်အတူတူသွားဖြစ်ကြမည်ဖြစ်သည်။
JongIn အနေနှင့်ငယ့်ကိုဖွင့်ပြောစရာတစ်ခုလည်းရှိနေသည်မို့ မနက်ပိုင်းမိတ်ဆုံစားပွဲပြီးသည်နှင့် ငယ်နဲ့အတူ
တစ်နေရာရာမှလမ်းလျှောက်ထွက်ပြီးပြောရမည်ဖြစ်သည်။ငယ်ရေချိုးနေတုန်းမနက်စာအတွက် ပြင်ဆင်ခြင်းပြီးသွားတော့ JongIn အိပ်ခန်းထဲဝင်သွားလိုက်သည်။
ငယ်ကရှပ်အင်္ကျီကိုကြယ်သီးတပ်နေတုံးဖြစ်ရာ JongIn ကိုလည်းလှည့်ကြည့်လာသည်။ခုတင်ပေါ်တင်ထားသည့်
ငယ်နဲ့သူ့ရဲ့ ပုံစံတူအရောင်ကွဲကုတ်အင်္ကျီကိုယူပြီး ငယ့်ဆီကိုလျှောက်သွားလိုက်ကာ ငယ့်ပါးအိအိကိုမွှေးကြူလိုက်သည်။'ကိုယ့်ရဲ့အမွေးတုံးအူကြူကြူးလေးကွာ...'
စကားလည်းပြောရင်း ပါးတစ်ဖက်ကိုငယ့်ဆီထိုးပေးတော့
အနမ်းတစ်ခုကိုမရရှိ။လက်နဲ့တွန့်ထုတ်တာကိုခံလိုက်ရသည်။'မောနင်းကစ်စ် မပေးရသေးဘူးလေကွာ....'
အသံရှည်နဲ့ပြောရင်းပါးတစ်ဖက်ကိုဖောင်းပေးတော့မှ
နမ်းလာသည့်ငယ်။ချစ်သူတွေဖြစ်တုန်းကအချိန်နှင့်ယခုလက်ထပ်ပြီးတဲ့အချိန်ဘာကွာသွားသလဲမေးရင် ချစ်သူဘဝတုန်းကငယ်ကသူ့ဆီကအနမ်းတောင်းသည်ဖြစ်ပြီး၊ ယခုအိမ်ထောင်သည်ဘဝမှာတော့ သူကငယ့်ဆီကအနမ်းတောင်းရသည့်ကွာခြားချက်ဖြစ်သည်။
ငယ့်ဆံပင်တွေကိုဖွပြီး အိပ်ခန်းတံခါးကိုဖွင့်ကာ JongIn
ထွက်လာလိုက်သည်။'မနက်စာပြင်ပြီးပြီ ကုတ်လည်းယူသွားပြီး ပြင်ဆင်ပြီးရင်
လာခဲ့လိုက်တော့နော်'
VOUS LISEZ
Special_Sequel[KaiHun]
Fanfictionနားလည်မှု၊ချစ်ခြင်းမေတ္တာ၊သိတတ်မှု၊နွေးထွေးမှုတွေနဲ့တည်ဆောက်ထားတဲ့ အစ်ကိုနဲ့ငယ်တို့ရဲ့အိမ်ထောင်ရေး။