(zαωgуι)
ဘာရယ်မဟုတ်ရေးလိုက်တာလေးကို
ဖတ်ပေးကြတယ်
ကြယ်လေးတွေလည်းပေးကြတယ်
Reading List ထဲထည့်ပေးကြတာ
တကယ်စိတ်လှုပ်ရှားသွားတာပါ
တကယ်ကျေးဇူးတင်ပါတယ်နော်🙇♀️ကျေးဇူးတင်တဲ့အနေနဲ့
Yibo နဲ့ Xaio zhun အတွက် Fanfic လေးရေးတင်ပေးရမလားဒါမှမဟုတ် BL oc လေးရေးတင်ပေးရမလားဟင်
မရေးတော့ဘူးလုပ်ပေမယ့် တကယ်ကျေးဇူးတင်လွန်းလို့မေးကြည့်တာပါ
ဖတ်ချင်ကြရဲ့လားဟင်❣
(υηι¢σ∂є)
ဝေ့ရင်း............
မင်းရဲ့ကျင့်စဉ်ကို ငါမုန်းတယ် ဒါပေမယ့်
မင်းရဲ့ ပြောင်းလဲလာမှုအနောက်မှာ
နာကျင်မှုကိုအတင်းဖုန်းကွယ်နေတာတွေကို
ငါတွေ့နေရတယ်ဖြူစင်လွန်းတဲ့ မင်းလိုကောင်လေးက
အနစ်နာခံမှုတွေ ကျေးဇူးတရားတွေ မကျေနပ်မှုတွေ တာဝန်တွေအများကြီးကို တစ်ပွေ့တစ်ပိုက်ကြီး ခါးစီးခံနေတာ
ဘယ်သူမှမသိရင်တောင် ငါတော့သိခဲ့တယ်ငါမင်းကို မုန်းရက်ခဲ့ပါ့မလား
ဝေ့ရင်းရယ်""ငါနဲ့ ကူးစူးကိုပြန်လိုက်ခဲ့"" ဆိုတဲ့စကားက
ငါတို့ ကူးစူးရဲ့အပြစ်ဒဏ်တွေ
မင်းအပေါ်ကိုကျရောက်စေချင်လို့ လို့မင်းထင်ခဲ့တယ်မလားမဟုတ်ခဲ့ဘူးဝေ့ရင်း
ငါ...ငါ မင်းကို ဖွက်ထားပေးချင်ခဲ့တာ ကာကွယ်ပေးချင်ခဲ့တာ
ငါက အရာရာကိုလက်ခံပေးနိုင်ပေမယ့် ဘယ်သူမှလက်မခံနိုင်တဲ့အခြေအနေမျိုးရောက်လာမှာကို စိုးရိမ်ခဲ့တာ
အရာအားလုံးထက် မင်းနာကျင်ရမှာတွေကို စိုးရိမ်ခဲ့တာငါ မင်းကိုအပြစ်ပေးရက်ပါ့မလား
ဝေ့ရင်းရယ်ငါ စည်းကမ်း 3000 ကို
တစ်သက်စောင့်ထိန်းလာခဲ့ပေမယ့်
ဝေ့ရင်း မင်းအတွက်မလို့ ငါစည်းကမ်းကိုဖျက်ပြီး
လျို့ဝှက်စာကြည့်ဆောင်ကို ခိုးဝင်ခဲ့တယ်
မင်းအတွက်သံစဉ်အသစ်တွေ
ဖန်တီးလေ့ကျင့်နေပေမယ့်
မင်းကတော့ မင်းကိုငါကမုန်းတယ်လို့ထင်နေတုန်းပဲလေငါက တိတ်ဆိတ်လွန်းတဲ့လူ သည်းခံနိုင်လွန်းတဲ့လူပါ
ဒါပေမယ့်ဝေ့ရင်း.....
မင်းကိုမတရားပြောနေကြရင် မခံနိုင်ပဲ ပြန်ပြောမိတာ
ဒေါသတွေထိန်းချုပ်ရခက်လာတာ
မင်းကြောင့်ပဲ
ဖြစ်ပေါ်လာရတာ
ဒါတောင် မင်းကိုမုန်းနေတယ်လို့ ထင်နေတုန်းပဲလေ
ဝေ့ရင်း....နောက်ဆုံးအချိန်အထိ
မင်းအတွက်တိုက်ခိုက်ပြီး
နောက်ဆုံးအချိန်ထိ
မင်းလက်ကို မလွှတ်တမ်းဆုပ်ကိုင်ထားချင်ခဲ့တာ
ငါဆိုတဲ့ ဟန်ကွမ်းကျွင်းပဲ
ဝေ့ရင်း.....ငါ မင်းရဲ့အထင်မှားမှုတွေအတွက်
မင်းကိုအပြစ်မတင်ဘူး
ဘာလို့လဲဆိုတော့
ဘယ်လောက်ပဲ ကာကွယ်ပေးချင်ပါစေ
အဆုံးထိမကာကွယ်ပေးနိုင်ခဲ့တာ
ငါ့အပြစ်ပဲလေ
ဝေ့ရင်းရယ်28,7,2к19