ဘဝခြားတဲ့ ရင်​ခုန်​သံ (အပိုင်း_၃)

510 55 7
                                    

ဝမ်း​ချောင်​ဖန်​ဂိုဏ်
_______________

ဝမ်း​ချောင်​•••(ဦးရီး​တော်​ရဲ့အမိန့်​အတိုင်း သံ​လှောင်​အိမ်​အတွင်းမှ အကျဉ်းသားအား​ခေါ်ထုတ်​ရန်​ပြင်​လိုက်​ပါတယ်​။) တံခါးဖွင့်​စမ်း...သူ့ကိုချည်​ထားတဲ့သံကြိုး​တွေကိုဖြည်​လိုက်​ ပြီးရင်​​ငါ့​နောက်​က​နေ​ခေါ်လာခဲ့ (ဟု​နောက်​လိုက်​တပည့်​များအား ​လေသံမာမာနဲ့​ပြောလိုက်​ပါတယ်​။)

ဖန်​​ချောင်​ယမ်​°°°​ရောက်​လာပြီလား ဝမ်း​ချောင်​။ငါ့ရဲ့အချစ်​​တော်​ လူဆိုး​လေး "ရွှယ်​ယမ်း" ​လေးကို​ခေါ်ထုတ်​လာခဲ့လား။

ဝမ်း​ချောင်​•••ဟုတ်​ကဲ့။ဦးရီး​တော်​ အမိန့်​အတိုင်း​ခေါ်လာပါတယ်​။ဒူးမ​ထောက်​ပဲ ဘာရပ်​လုပ်​​နေတာလဲ မ​လောက်​​လေးမ​လောက်​စားနဲ့။

ရွှယ်​ယမ်း>>>(ဝမ်း​ချောင်​က​ပြော​ပြောဆိုဆိုနဲ့ ကျွန်​​တော်​ရဲ့ ဒူး​ခေါက်​ခွက်​ကို သူ၏​ခြေ​ထောက်​ဖြင့်​ကန်​လိုက်​​သော​ကြောင့်​ ကျွန်​​တော်​ဒူး​ထောက်​ရပ်​အတိုင်းဖြစ်​သွားခဲ့ပါတယ်​။ကျွန်​​တော်​စိတ်​ဆိုးဆိုးနဲ့ထိုလူများအားပြန်​လည်​ ခုခံခြင်​​ပေမဲ့ သံကြိုးများဖြင့်​ ခန္ဓာကိုယ်​တစ်​ခုလုံးအား ရစ်​ပတ်​ချုပ်​​နှောင်​ထား​သော​ကြောင့်​စိတ်​သွားတိုင်းကိုယ်​မပါခဲ့ပါဘူး။)

ဖန်​​ချောင်​ယမ်​°°°​ကောင်းတယ်​ ဝမ်း​ချောင်​။အရမ်း​တော်​တယ်​ ငါ့တူ​လေး။ရွှယ်​ယမ်းလိုအဆိပ်​ပြင်းတဲ့သူကို ဒီလိုလုပ်​ရတာ ​တော်​​တော်​အရသာရှိတယ်​။ဟား...ဟား...ဟား(​လှောင်​​ပြောင်​ရယ်​သံ)

ရွှယ်​ယမ်း>>>မင်း မင်း ငါ့ကိုလွှတ်​​ပေးစမ်း။

ဖန်​​ချောင်​ယမ်​°°°​ဖြေ​ဖြေ​ပေါ့ "ရွှယ်​ယမ်း" ရယ်​နှစ်​​ပေါင်း၆၀ကြာ​အောင်​ ​လှောင်​အိမ်​ထဲမှာလူ​သေ​ကောင်​လို​နေ​နေပြီး အခုကျမှ ဘာလို့လွှတ်​​ပေးခိုင်း​နေတာလဲ။မင်းကို ငါကလွှတ်​​ပေးလိုက်​ရင်​ ငါ့ဂိုဏ်​တစ်​ခုခုလုံးပြုတ်​ကုန်​မှာ​ပေါ့ မင်းသတ်​တာနဲ့။

ရွှယ်​ယမ်း>>>စဉ်းစားတတ်​သားပဲ။ငါက သတ်​...ပစ်​...မှာ အကုန်​လုံး(ထိုသို့စကား​ပြောရင်​ မူလရယ်​​နေတယ်​အတိုင်းနှုတ်​ခမ်းတစ်​ဖက်​ရွဲ့ကာ​ပြောလိုက်​ပါတယ်​။)

ဘဝခြားတဲ့ ရင်​ခုန်​သံ Where stories live. Discover now