Chapter 66 - နန်းတက်သည့်နေ့ / နန်းတက်သည့်နေ့

4.7K 566 7
                                    

အ​ကြောင်းစုံကိုသိပြီး​နောက်​မှာ Chai Shilin ရုတ်​တရက်​စိတ်​​အေးသွားသည်။ သူစိတ်​ပူ​နေရတဲ့ပြဿနာတစ်​ခုရှင်းသွားပြီ။ သူ​တောက်​​လျှောက်​စိတ်​ပူ​နေရတဲ့ တစ်​ခုတည်း​သောအရာက Luliဟာ Yaleမျိုးနွယ်​ဖြစ်​​နေတာ​ကြောင့်​။ အခု​တော့ Luli​ ​အ​စကတည်းက ​တော်​ဝင်​အနွယ်​ဝင်​ဖြစ်​​​နေသည်။ LaoZiက သူ့လျို့ဝှက်​ချက်​ကို​ပြောပြီး​နောက်​ စိတ်​​ပေါ့သွားဟန်တူသည်။

" ကျွန်​​တော်​အကြာကြီး ဖုံးကွယ်​ထားရတဲ့အတွက်​ ​တောင်းပန်​ပါတယ်​ ​ခေါင်း​ဆောင်​။ "

LaoZiက ဒူးတုပ်​ဝတ်​လိုက်​တာမို့ Chai Shilin ​နေရခက်​သွားသည်။ သူ့အ​ရှေ့ကပုဂ္ဂိုလ်​ဟာ ယောက္ခထီးကြီးဖြစ်​​နေတာ​ကြောင့်​ ကျင့်​ဝတ်​အရအရင်​လို ​ပြောဖို့မဝံ့ရဲဖြစ်​​နေသည်။

" LaoZi အဲ ... ဆရာLaoZiaဒီလိုမ​နေပါနဲ့။ ဆရာ​တောင်းပန်​ဖို့မလိုပါဘူး။ ​ကျေးဇူးတင်​ရမယ့်​သူက သမက်​​တော်​ပါ။ "

LaoZiရဲ့လက်​ဖမိုးကို Chai Shilin ထိကာဆိုသည်။

" ကျွန်​​တော်​ Luliအ​ကြောင်းကိုသိ​နေတာ မနှစ်​ကတည်းကပါ။ သူ့အကို BaiYiနဲ့ ဆက်​သွယ်​ရှိ​နေမှန်းသိ​တော့ အကျိုးအ​ကြောင်းဆက်​စပ်​ပြီး ကျွန်​​တော်​နားလည်​သွားတယ်​။ Luliက သူ့အ​မေနဲ့လည်းရုပ်​မတူ​တော့ ကျွန်​​တော်​သတိမထားမိခဲ့ဘူး။ "

Chai Shilinက သူ့​ဘေးက​ရေနံဆီမီးခွက်​ကို မီးစာလဲ​နေရင်း တစ်​ခွန်းချင်းဆိုသည်။

" Luliကို ​ကိုယ်​တိုင်​​ပြောပြမှာလား ဆရာLaoZi ။ "

LaoZi ဒူး​ထောက်​လျက်​​ဖြေသည်။

" အရင်​က​တော့ တစ်​သက်​လုံးဖုံးကွယ်​ထားဖို့ပါ။ အခု​တော့ အ​ခြေအ​နေအရ သူလည်းသိသင့်​တယ်​။ ​ခေါင်း​ဆောင်​အတွက်​ ဆုံးဖြတ်​ရလွယ်​မယ်​လို့ ​တွေးမိသွားတာ​ကြောင့်​။ "
" ဆရာ့သ​ဘောကို နားလည်​ပြီ။ "

Chai Shilin ပါးနပ်​သူပီပီ LaoZiရဲ့မူလအကြံကို သိနားလည်​လိုက်​သည်။

" သမက်​​တော်​ဘုရင်​ဖြစ်​ဖို့အတွက်​ ... Luliတို့သားအမိ​တွေလည်း ​ဘေးကင်းဖို့အတွက်​ တစ်​ခုတည်း​သောလမ်းက ဒါကိုး။ "
" ​ခေါင်း​ဆောင်​ ... ​ကျေးဇူးပြုပြီး နန်း​တော်​ကိုဝင်​စီးဖို့ဆုံးဖြတ်​ချက်​ချ​ပေးပါ။ ​ခေါင်း​ဆောင်​သာ နန်းတက်​ရင်​ ​ရွှေမြို့​တော်​တစ်​ခုလုံး ​အေးချမ်းသာယာသွားမှာ။ အဲဒီအခါကျ ကျွန်​​တော်​ကိုယ်​တိုင်​ Luliနဲ့က​လေး​တွေကိုရှာပြီး ​​ခေါင်း​ဆောင်​ဆီ အပ်​နှံ​ပေးပါမယ်​။ "

My Rude Husband ( Zawgyi and Unicode )Место, где живут истории. Откройте их для себя