အပိုင်း- ၃၃(အပိုငျး-၃၃)

6.3K 496 43
                                    

Zawgyi

ကိုယ့်​ကို​ကျောခိုင်းဖို့မင်း​ခြေတလှမ်းပဲလှမ်းကြည့်​စမ်းပါ
အဲ့ေ​ခြလှမ်းပြန်​အကျမှာပဲ နားလည်​လိမ့်​မယ်​​ဘေဘီ
ကိုယ့်​အချစ်​ရိပ်​မြုံထဲကမင်း​ခြေတစ်​လှမ်း​တောင်​ထွက်​မရခဲ့ဘူးဆို​တာ​ပေါ့

ကျောခိုင်းဖို့ကြိုးစားမ​နေနဲ့​စမ်းနဲ့ မင်းမလုပ်​နိုင်​ဘူး

•••••

ဘတ်​ဟျွန်း ဒီရက်​ထဲအလုပ်​​တွေကို ဆန်း​ယော့နဲ့လွှဲထားလိုက်​ပီး အိမ်​မှာပဲ​ခြေချမိ​နေသည်​။
အလုပ်​ကိစ္စ​တွေကိုစိတ်​ပူ​မိ​ပေမဲ့ အလုပ်​ထွက်​မယ်​လုပ်​ထားတဲ့ဂျွန်​​မြောင့်​က (ရီရှင်းဘယ်​လိုဆွယ်​ထားလိုက်​သည်​မသိ) အလုပ်​မထွက်​သွားပဲ ကုမ္ပဏီပါ​ရှိ​နေခြင်းမို့ စိတ်​​အေးရ​​သေးသည်​။

ဆန်း​ယော့ ဂျွန်​​မြောင်​ နဲ့ ရီရှင်းတို့ရှိ​နေတာ သူကဘာကိုအဲ့​လောက်​စိတ်​ပူစရာလို​​တော့မလဲ။

ဘတ်​ဟျွန်း​ဒီ​နေ့လဲ​စော​စောထမိတာ အလိုအ​လျောက်​။ချန်​​ယောလ်​ကိုသူ့အခန်း​ခေါ်လာကတည်းက ဆိုဖာမှာပဲအိပ်​တဲ့ ဘတ်​ဟျွန်းက မနက်​ဆိုခါတိုင်းထက်​ပို​စောပီးနိုးလာတတ်​သည်​။

အိပ်​ယာကနိုး​တော့ ၅နာရီမတ်​တင်းပဲရှိ​သေးသည်​။
ဆိုဖာ​ပေါ်ကဆင်းလိုက်​ရင်း ချန်​​ယောလ်​အိပ်​​နေရာနားတချက်​သွားကြည့်​မိ​တော့ ကုတင်​​ပေါ်မှာ​နွေး​နွေး​ထွေး​ထွေးနဲ့အိပ်​​ပျော်​​နေတာကို​တွေ့ရ​လေသည်​။

"​ကောင်း​ကောင်းအိပ်​​နေတာပဲ. . . morning ​ဘေဘီ"

နှဖူးကိုခပ်​ဖွဖွထိရုံနမ်းမိ​တော့ ခါတိုင်းလိုချန်​​ယောလ်​ကိုယ်​သင်းနံ့ကိုမဟုတ်​ပဲ ​ဆေးရုံနံ့ကနှာ​ခေါင်းထဲတိုးဝင်​လာ​လေရဲ့။

မနက်​​စော​စောသက်​ပြင်းချတတ်ခဲ့တာလဲ ဒီ​ကောင်​​လေး​ကြောင့်​ပဲ။ ​​ခေါင်းလုံးလုံး​လေးကိုတစ်ချက်​သပ်​​ပေးလိုက်​ပီး ကိုယ်​လက်​မျက်​နှာသန့်​ရှင်းဖို့​ရေချိုးခန်းထဲဝင်​လာရသည်​။

အကုန်​ပီးစီး​တော့ မနက်​၅နာရီ။

အားကစားဝတ်​စုံလဲလိုက်​ပီး ​အောက်​ထပ်​ဆင်းကာ ​ခြံတစ်​ပတ်​​ပြေးမိသည်​။ ဒီရက်​ထဲ စိတ်​ပင်​ပန်းစရာ​တွေများပီး ထိုင်းမှိုင်း​နေတာကိုရီရှင်းအား​ပြောပြမိ​တော့ ​လေ့ကျင့်​ခန်း​များများသာ လုပ်​ခိုင်းတာမို့ ဘတ်​ဟျွန်း​မနက်​​စော​စော​ကိုယ်​လက်​လှုပ်​ရှားရခြင်း။

Big Boss And His Mochi [ COMPLETE ]Where stories live. Discover now