ကျွန်တော် ပြေးထွက်လာခဲ့သည်
ကျွန်တော် ဘာမှ မသိတော့ ဘာမှမကြားတော့
တိုးတိုးယဲ့ယဲ့ ခေါ်သံ "Kookie Kookie"
ဘာမှ အာရုံမစိုက်နိုင်တော့
အပြင်မှာ တိုက်ခိုက်တဲ့လေတောင် ကျွန်တော့်ကို ရက်စက်စွာ လှောင်ရယ်နေတာလား
မီးရောင်စုံအလင်းတစ်ခု
အနောက်ဘက်က ပြင်းထန်စွာ တွန်းလိုက်တဲ့အား
ကျွန်တော် ဘာမှမသိတော့
ကျွန်တော် မြင်ကွင်းထဲ မျက်နှာမှာပွန်းပဲ့ရာတွေနဲ့ သွေးအိုင်ထဲလဲနေသူတစ်ယောက်
"Yoongi hyung"
ဖြေးညှင်းတုန်ယင်စွာ ထွက်လာတဲ့ ကျွန်တော့်အသံ
"hyung"
ကျွန်တော် လက်ထဲမှာ အသက်ငွေ့ငွေ့ရှုနေတဲ့ လူတစ်ယောက်
"Yoongi hyung ကျွန်တော့်ကို ထပ်မထားခဲ့ပါနဲ့ ကျွန်တော့်အနားမှာပဲရှိနေပေးပါ"
-
-
-
[ဆေးရုံတွင်]"ဒီက Min Yoongi ရဲ့ လူနာရှင်လား"
"ဟုတ်ပါတယ် ကျွန်တော်ပါ"
"Min Yoongi အရေးပေါ်ခွဲစိတ်ဖို့ အတွက် လက်မှတ်လေးထိုးပေးပါ"
"ဘာဖြစ်လို့လဲ ဘာလို့ခွဲစိတ်ရမှာလဲ"
"သူ့ဦးနှောက် သွေးယိုစိမ့်မှုဖြစ်နေလို့ပါ အချိန်မှီမလုပ်ရင် အသက်အန္တရာယ်စိုးရိမ်ရတဲ့ အထိဖြစ်နိုင်လို့ပါ"
"ဟုတ်...... ဟုတ်ကဲ့"
"ဆရာ... ဆရာမ အဲဒါဆို သူအသက်ရှင်နိုင်တယ် မဟုတ်လား သူ...သူ"
"အဲဒါတော့ တပ်အပ်ပြောလို့မရဘူး ၅၀-၅၀ ပါ စိတ်ထဲအရမ်းမတင်းထားပါနဲ့လို့ပြောချင်ပါတယ်"
"အဲဒါဆို သူ...သူ"
ကျွန်တော့်ရှေ့မှ ဖြတ်သွားသော လူနာတင်ကုတင်
"Yoongi hyung Yoongi ကျွန်တော့်ကို ထပ်ပြီးမထားသွားပါနဲ့"
သူ့၏လက်ကိုတင်းကြပ်စွာကိုင်ထားမိပြီး ရှုးသွပ်စွာဖြင့် ကယောင်ကတမ်းပြောနေမိသည်။
"ခွဲစိတ်ဖို့ အချိန်ကျပြီ"
ကျွန်တော်သူ့လက်ကိုမလွှတ်ချင်
YOU ARE READING
တောင့်တတဲ့ အချစ်
Fanfictionပထမဆုံး fanfics လေးမို့လို့ အမှားပါခဲ့သည်ရှိသော် ခွင့်လွှတ်ပေးကြပါ TOP 💓 Yoongi Bottom 💓 Jungkook