အပိုင်း (၂၁)
🍀မနက်စောစော saint ကတော့ ထုံးစံအတိုင်း အစောနိုးသော ကြောင့် အခန်းမှ ထွက်ပြီး အောင်ထပ်သို့ ဆင်းလာခဲ့သည်
Perth ရဲ့ မား တယောက် မနက်စာပြင်နေသည်ကို တွေ့လိုက်ရ သဖြင့် saint လည်း မီးဖိုထဲသို့ ဝင်လာခဲ့လိုက်သည်
Mae: သြော် သား saint ပါလား အစောကြီးပဲနိုးတာလား
Saint: ဟုတ် မား သား ဘာကူညီပေးရဦးမလဲ
Mae: ရပါတယ် မားက စီမံပေးတာပဲရှိတာ အိမ်က အဒေါ်ကြီးက အကုန်လုပ်မှာ သားရဲ့ လာပါဦး သားနဲ့ စကားပြောရအောင်
Saint တယောက် perth အမေက စကားပြောမည်ဆိုသော ကြောင့် အနည်းငယ်တော့ ရင်ထိတ်သွားသည်
Mae: သားနဲ့ perth နဲ့က တွေ့တာ ကြာပြီလား သား
Saint: အရမ်းတော့ မကြာသေးပါဘူး မား
Mae: မား အတွက်ကတော့ သား perth စိတ်ချမ်းသာဖို့က အဓိကမို့ သားတို့ကို မားက ဘာမှမပြောပါဘူး သားကပဲ perth ကို ဂရုစိုက်ပေးပါနော် မားတို့ လင်မယားနှစ်ယောက်လုံးက အလုပ် ကိုပဲ လုပ်နေရတာများတော့ သား perth လေးက တယောက်ထဲ နေရတာများတယ် ဒီအနုပညာအလုပ်လုပ်မှ သူ့မှာ fan club တွေနဲ့ ပျော်နေတာ သားကို အပ်ပါတယ်နော်
Saint: ဟုတ်ကဲ့ မား ကျွန်တော် မားတို့ထက်မလျော့တဲ့ မေတ္တာပေး ပြီး ဂရုစိုက်မှာပါ
Mae: ကျေးဇူးတင်ပါတယ် သား saint မားဆီကို သား perth မိတ်ဆက်ဖို့ခေါ်လာတာ သားက ပထမဆုံးမို့ သားတို့နှစ်ယောက်ရဲ့ တယောက်အပေါ် တယောက်ထားတဲ့ မေတ္တာကို မြင်ရပါတယ်
Saint: ကျွန်တော့ကို လက်ခံပေးလို့ မားကိုလည်း ကျေးဇူးတင်ပါတယ်
Mae: အင်းပါး သား တို့ ဒီနေ့ ကျောင်းသွားရမှာမလား သွားပြင်တော့လေ perth လေးကိုပါ နှိုးပေးနော် သား
Saint: ဟုတ်ကဲ့ မား အာ့ဆို ကျွန်တော်အပေါ်ပြန်တတ်လိုက် ပါဦးမယ်နော်
Mae: အေး အေး သွားသား ပြီးရင် မနက်စာစားဖို့ ဆင်းလာကြ တော့နော်
Saint: ဟုတ်ကဲ့
Saint လည်း နှုတ်ဆက်ပြီး အိမ်အပေါ်ထပ်သို့ ပြန်တတ်လာခဲ့သည် ဟို အိပ်ပုပ်ကိုယ်တော် perth ကို နှိုးရ ပေဦးမယ်လေ.....🍀Saint တယောက် အခန်းထဲ ဝင်လာပြီး ကွေးကွေးလေး နဲ့ ဖက်လုံးလေး ဖက်အိပ်နေသော ယောကျာ်းပီသ ချောမောနေသော သူ့ရဲ့ ချစ်သူ ကောင်လေး perth ကို ပြုံးပြုံးကြီး ကြည့်နေ လိုက်သည်
Saint pov
ကြည့်ပါဦး ဒီလို ယောက်ျားပီသ ချောမောပြီး ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်က ငါ့ရဲ့ချစ်သူတဲ့လား အရမ်းချစ်တယ် perth ရယ်
အိပ်နေတာလေးကိုက ချစ်ရလွန်းလို့ ရူးတော့မယ် baby ရယ် ကိုကို့ကို စတွေ့ကတည်းက ပြုစားခဲ့တာ ခု ပိုပိုရူးနေပြီ ချစ်ရသူရယ်
ထိုင်ကြည့်နေရင် တနေကုန်တော့မယ် ကျောင်းသွားဖို့ ပြင်မှပဲ ငါရေချိုးပြီးမှ baby ကိုနှိုးတော့မယ်
Saint လည်း သူ့ချစ်သူချောလေး အိပ်ပျော်နေတာကို ငေးကြည့် နေရာမှထကာ ရေချိုးခန်းထဲ ဝင်သွားလိုက်သည်
Saint ပြန်ထွက်တဲ့အထိ perth လေးက အိပ်ပျော်နေတုန်းမို့ နှိုးရန် perth အနားသို့ လှမ်းသွားလိုက်သည်
Saint: baby ထတော့လေ ခုနေ့ ကျောင်းတတ်ရမယ်လေ baby က cele နော် လူအများက စောင့်ကြည့်နေတာ နောက် မကျရဘူးလေ ထတော့
Perth: အွမ်း ကိုကိုကလည်း အစောကြီး ရှိသေးတာကို
ပြောပြောဆိုဆို မျက်လုံးဖွင့်လိုက်ရာ saint ရဲ့ ဖြူဖွေးနေတဲ့ ရေဆင်းငါးအလှ ဘော်ဒီကြီး ရေစက်တွေ သုတ်နေဆဲနှင့်ပင် သူ့ကို နှိုးနေတာ တွေ့လိုက်သည်
Perth pov
ဟာ ငါ့ကိုကို ချောယုံမက ဘောဒီကလည်း အမိုက် အသဲယားလာပြီ
Perth: ကိုကိုက ရေတောင်ချိုးပြီးပြီလား မွှေးနေတာပဲနော် နမ်းချင်လာပြီ
Saint: မညစ်ပတ်နဲ့ baby ထတော့လေ ရေချိုးတော့
Perth: ရေချိုးပြီးရင်ရော နမ်းလို့ရပြီလား
Saint: ဟင် ဘာတွေမေးနေတာလဲ baby အာ့မျိုး ဘယ်သူက ခွင့်ကြိုတောင်းနေလို့လဲ မသိဘူး ခုတော့ ရေသွားချိုးတော့
Perth: အိုကီပါ ကိုကိုရေ
Perth လည်း အိပ်ယာမှ ထကာ ရေချိုးခနိးထဲ ဝင်သွားသည်