Zawgyi
မိုးခြိမ်းသံ အကျယ်ကြီး ကြားတဲ့ခဏ လင်း အိပ်ယာကလန့်နိုးလာခဲ့တယ်။မနက်ကတည်းက စိတ်ကူးပေါက်ပေါက်နဲ့အလုပ်ထိုင်လုပ်နေမိတာ ဘယ်လိုကဘယ်လို မှေးကနဲဖြစ်သွားလဲမသိ အခုတောင် ညနေစောင်း ရောက်နေပြီ ကျွန်မ အကြာကြီးအိပ်ပျော်သွားခဲ့တာပဲ။
နာရီတစ်ချက်ကြည့်လိုက်တော့ ညနေ ၄ နာရီတောင်ထိုးနေပြီ။နေ့လည်စာလွတ်ခဲ့တဲ့ ဗိုက်အခြေအနေကြောင့် အိပ်ယာကအမြန်ထပြီး အောက်ထပ်မီးဖိုချောင်အခန်းထဲဝင်ကာ မနက်က အမေလာပို့ထားတဲ့ မုန့်တွေကို ရှာနေမိတယ်။ အမေဆိုသည်မှာလည်း အိမ်ချင်းဘေးချင်းကပ်ရပ်ကို စားစရာတွေတကူးတက စီစဉ်ပေးသည်လေ။
အဲ့တော့စားစရာကြိုက်တဲ့ လင်း အတွက်ကတော့ ပျော်စရာတွေကြီးပဲပေါ့။ပေါင်မုန့်ထုပ်လေးပိုက်ကာ လင်း ဧည့်ခန်းထဲ ဝင်လာတော့ အပြင်မှာ မိုးကသဲကြီးမဲကြီး ကိုရွာချနေတာ။ သို့သော် လင်း ထိုမိုးစက်လေးတွေကို ချစ်တယ်။အမှန်တိုင်းဝန်ခံရရင် နာမည်မှာ မိုး ပါပြီး မိုးကိုမြတ်နိုးသော သူမကြောင့် ပို၍ပင် ချစ်မိသည်ဆိုလျှင် ပိုမှန်လိမ့်မည်။ မိုးဆိုသည်ုမှာလဲတစ်ခြားသူမဟုတ် လင်းလောကထဲမှာ ချစ်မြတ်နိုးဆုံးသော သူစိမ်းမိန်းကလေးတစ်ယောက်ပင်။ လင်းတို့အချစ်က သာမန် သဘောသဘာဝ နဲ့ ဆန့်ကျင်နေ ပေမယ့် ဘယ်သူ့ကိုမှမထိခိုက်ဘူးလေ အဲ့ဒါကြောင့ှ်ံလင်း ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး။ အခုလည်း Engineer ကျွန်မချစ်သူမလေး စိတ်တိုင်းကျ ပြင်ဆင်ထားတဲ့ လင်းတို့နှစ်ယောက် အိမ်လေးမှာ နေနေတာ လေ။ အခုတော့ မိုး ကိုအိမ်ရှေ့ကအမိုးပါတဲ့ ဒန်းလေးကနေ သွားစောင့်လိုက်မယ်ဆိုပြီး အိမ်ရှေ့ထွက်လာမိလိုကတယ် ဒါကျွန်မ နေ့စဉ်အလုပ်လေ။ အိမ်ပြင်သိပ် မထွက်ဖြစ်တဲ့ လင်းက သူပြန်လာဖို့ကို ဒီအိမ်ကပဲစောင့်နေကြ။
အခုလဲဒန်းပေါ်မှာထိုင်ကာ မိုးတွေကိုငေးရင်း အတိတ်ကိုပြန်တွေးတောနေမိပြန်တယ်။°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ှံလင်းနာမည်အပြည့်အစုံက လင်းမီ... နာမည်ကတော့နည်းနည်းထူးဆန်းတယ်လို့တစ်ချို့ကပြော ကြတာပဲ ဒါပေမယ့် အဲ့ဒါတွေကို လင်းက ဂရုကိုမစိုက်တာ ကိုယ့်နာမည်ကိုယ်ကြိုက်ပြီးရောပေါ့နော့်။ လင်းမှာ အပေါင်အသင်းသိပ်မရှိဘူးရယ် လင်းပုံစံကယောက်ျားလေး ဆန်နေတာလေးရယ် ရုပ်ကတည်နေတာလေးရယ် ကြောင့် တွယ်တာရီ ဆိုတဲ့ သူငယ်ချင်းမလေးတစ်ယောက်သာရှိတယ်။စပ်စု
တတ်ပြီးချစ်စရာကောင်းတဲ့ သူမ က လင်းအတွက်တော့ သူငယ်ချင်းဆိုတာထက် မိသားစုဝင် တစ်ယောက်လိုပဲ ။
မေမေ ရယ် မောင်လေးရယ်သာ ကျန်တော့တယ့် လင်းဘဝမှာ တွယ်တာကတော့ တစ်ကယ့် သူငယ်ချင်းကောင်းပဲ။ တစ်ခါတစ်လေ နားငြီးရအောင် စကားလာများနေတာ လွဲလို့ပေါ့နော်... ထားလိုက်ပါတော့။
သူနဲ့လင်းနဲ့က သူငယ်တန်းထဲက အတန်းတူ ကျောင်းတူလာတာ တက္ကသိုလ်တောင်တူနေခဲ့တယ် ။
အဲ့ဒီ uni မှာပဲ မိုးဆိုတဲ့သူမနဲ့ စတွေ့ခဲ့ရတာလေ...
..................
"လင်းရေ မြန်မြန်လာဟ နင်အဲ့ဒီမှာအိမ်ဆောက်နေတော့မလို့လား
ငါနင့်ကိုစောင့်နေရတာ နှစ်ချီနေပြီ လင်းရေ.."