(Zawgyi)
တင်းတောင် တင်းတောင်!!!!
ရှောင်းကျန့်မားမားဟင်းချက်နေတုန်း အိမ်ရှေ့ကဘဲလ်သံကြောင့် ထွက်ကြည့်လိုက်တော့ အိမ်ရှေ့မှာရပ်နေတဲ့ကောင်လေးတစ်ယောက်..
"ဘယ်သူလဲ?"
"ကျတော်က ရှောင်းကျန့်သူငယ်ချင်း ဝမ်ရိပေါ်ပါ"
"aww ကျန့်ကျန့်အမြဲပြောနေကျကောင်လေးကို ကျန့်ကျန့်ကိုကျောင်းသွားဖို့လာခေါ်တာလား??"
"ဟုတ်"
"လာလာ အဲ့ဆိုဝင်ခဲ့လေ သားသူငယ်ချင်းကတော့ ခုထိမထသေးဘူး"
ရိပေါ်လဲ ရှောင်းကျန့်မားမားနောက်ကအိမ်ထဲကိုလိုက်ဝင်လိုက်ပြီး..
"အဲ့ဆို ကျတော်သွားနှိုးလိုက်မယ်လေ ရလားအန်တီ"
"ရတာပေါ့ သွားသွား အပေါ်ကတံခါးအပြာနုလေးနဲ့က သူ့အခန်းနော်"
"ဟုတ်"
ရှောင်းကျန့်မားမားပြောတဲ့အခန်းထဲ ရိပေါ်ဝင်လိုက်တော့ စောင်တွေနဲ့လုံးပြီး အိပ်လို့ကောင်းနေဆဲဖစ်တဲ့ကောင်လေးကိုတွေ့လိုက်သည်။
အိပ်နေတာများ ပါးစပ်လေးတောင်ဟလို့..
"ချစ်စရာလေး "
ဒီကောင်လေးကို မထိန်းချုပ်နိုင်ဘဲ ချစ်စရာလေးလို့ပြောမိသည်မှာ နှစ်ခါရှိနေပါပြီ။တကယ်လဲ အသဲယားစရာကောင်းလောက်အောင် ချစ်ဖို့ကောင်းနေတာကို..
အခန်းထဲကိုလိုက်ကြည့်မိတော့လဲ ရိပေါ်ပြုံးမိပြန်သည်။ကလေးဆန်လိုက်ပုံများ တစ်ခန်းလုံးအရုပ်တွေကြီးပဲ အရုပ်ဆိုင်တောင် ပြန်ဖွင့်လို့ရလောက်တယ်။
ရိပေါ်ရှောင်းကျန့်ကိုရော အခန်းထဲကိုရော သေသေချာချာကြည့်ပြီးမှ နှိုးရန်ပြင်လိုက်သည်။မနှိုးလို့လဲမရတော့ ကျောင်းနောက်ကျတော့မယ်
"ရှောင်းကျန့် ရှောင်းကျန့်ထတော့!!"
ရှောင်းကျန့် ရိပေါ်အသံကြားနေရပေမဲ့ အိမ်မက်ထင်ပြီးမနိုးသေး..