အပိုင်း (၂၃)
🍀ခုနေ့ကတော့ perth တယောက် saint အိမ်ကို လိုက်ရမှာမို့ စိတ်တွေ လှုပ်ရှားနေပါသည်.. အဝတ်အစားက သပ်သပ်ရပ်ရပ် ဖြစ်အောင် သေချာ ရွေးချယ်ထားပြီး ဖြစ်ပါသည် လက်ဆောင် ဗူးလေး ကို အဆင်သင့် ပြင်ဆင်ထားပြီး အားလုံး အမှားအယွင်းမရှိ အောင် ကိုယ့်ကိုကိုယ် ဂရုစိုက်နေရသည် ပွဲတွေတတ် စတိတ်စင် ပေါ်ဖျော်ဖြေတုန်းက ရင်ခုန်ရတာနှင့်ဆိုရင်တော့ ခုက ပိုတောင် စိတ်လှုပ်ရှားနေပါသည် အဓိက ကတော့ သူက ယောက်ျားလေး တယောက်ဖြစ်နေတဲ့အပြင် cele တယောက်လဲ ဖြစ်နေတော့ saint မေမေ သဘောမကျမှ အရမ်းစိုးရိမ်နေတာ အမှန်ပါ
Perth pov
ကိုကို့ မေမေ သဘောကျပါ့မလား ငါက ယောက်ျားလေး တယောက်လေ ငါ့ မေမေလို သဘောတူပါစေ အမှားအယွင်း မရှိအောင် ဂရုစိုက်ရမယ် ငါက မေ့တတ်လွန်းလို့ ဒါလေးက ဝတ်သွားဖို့ ဒါလေးက လက်ဆောင်ဗူး ကားကတော့ ကိုကို့ကားနဲ့ပဲ လိုက်သွားတော့မယ်
Perth တယောက် အားလုံး အစီအစဉ်တကျ ကုတင်ပေါ် စီထားလိုက်ပြီး ရေချိုးရန် ပြင်ဆင်လိုက်တော့သည် perth တယောက် ရေမိုးချိုးပြီးနောက် ပြင်ဆင်ထားသော အဝတ်အစားများ ကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြုပြင်ပြီး ဝတ်ဆင်လိုက်သည် ပြီးနောက် လက်ဆောင်ဗူးလေး ကိုင်ရာ saint ရဲ့အခန်းဆီသို့ သွားရန် ထွက်လာခဲ့သည်🍀Saint ဒီနေ့က သူ့အမေမွေးနေ့မို့ အစောသွားပြီး perth နှင့်လည်း မိတ်ဆက်ပေးမည် ပြီးနောက် ၃ ယောက် ဘုရားတူတူသွား ညနေ အိမ်မှာညစာစားပြီးမှ ပြန်ရန် စီစဉ် ထားသည် တော်သေးသည်က perth က ခုနေ့ schedule လုံးဝ ရှိမနေတာ ကံကောင်းနေခြင်း ဖြစ်သည်
Saint pov
အင်း perth တယောက်တော့ ဘာတွေလုပ်နေလဲ မသိ ခုထိတော့ မလာသေးဘူး မားအတွက်က သွားရင်းနဲ့ လမ်းမှာ ကိတ်မုန့်ဝင်ဝယ်ရမယ် အိမ်ရောက်ရင် နှင်းဆီပန်းတွေ ခူးပေးရမယ် မားက မွေးနေ့ကို အရိုးရှင်းဆုံးပဲ ကြိုက်တယ် ပြီးရင် ဘုရားပို့ပေး မယ်
Saint တယောက် တွေးနေတုန်း အိမ်ရှေ့မှ လူခေါ်ခေါင်းလောင်း သံကြောင့် perth တယောက် ရောက်လာပြီကို သိလိုက်သည် အခန်းထဲ ပြင်ဆင်နေရင်းမှ အိမ်ရှေ့သို့ ထွက်လာပြီး တံခါးဖွင့်ပေးလိုက်သည်
အခန်းဝတွင် စမတ်ကျကျ ရှိနေသည်က perth.....
အဖြူရောင် ရှပ်အကျီလက်ရှည်လေးကို ကာကီရောင် စတိုင်ပန် လေးနှင့် တွဲ ဖက်ပြီး ဝတ်ဆင်ထားသည် ရှင်းသန့်ပြီး ယောက်ျားပီသ ချောမောနေသော သူတယောက်လို ဆံပင်ကိုလည်း ဂျယ်နှင့် သပ်ရပ်စွာ ဖြီးသင်ထားသည် တကယ် ခလေးကနေ Gentleman စတိုင်ကို ကူးပြောင်းထားသည် လက်ထဲမှာက ကာကီရောင်ကုဒ်အကျီအရှည်နှင့် နက်ကတိုင် ပြီးတော့ လက်ဆောင်အိတ်လေးတအိတ်......
Saint တယောက် ခန့်ညားတည်ငြိမ်စွာ ချောမောနေသော perth ကို ငေးကြည့်နေမိသည်
Perth: အဟမ်း အဟမ်း ကိုကို baby အိမ်ထဲမဝင်ရဘူးလား
Saint တယောက် perth အမေးကြောင့် သတိပြန်ဝင်ကာ အိမ်ထဲဝင်ရန် လမ်းဖယ်ပေးလိုက်သည်
Perth: ရော့ ကိုကို
ပြောပြောဆိုဆို နက်ကတိုင်ကြီး ထိုးပေးလိုက်သည်
Saint: ကြည့် ခုထိ နက်ကတိုင်မချည်တတ်သေးဘူး
Perth: မချည်တတ်တာ မဟုတ်ဘူး ချည်တတ်လည်း မချည်ဘူး တသက်လုံး ချည်ပေးမယ့် ကိုကိုရှိတယ်လေ
Perth အပြောကြောင့် saint မျက်စောင်းထိုးကာ နက်ကတိုင်ချည်နေရင်း ဆွဲလိုက်သောကြောင့် မျက်နှာခြင်း နီးသွားသည်
Perth: ကိုကို က အာ့လိုလုပ်တော့လည်း baby က.....
ပြောလက်စ စကားကို ရပ်ကာ saint ရဲ့ မျက်နှာလေးကို ဆွဲယူပြီး နဖူးလေးကို အရင်နမ်းလိုက်သည် ပြီးတော့ ပါးလေး ကို ဖွဖွလေး နမ်းလိုက်သည် နောက်ပြီး saint ရဲ့ ပန်းနုရောင် နှုတ်ခမ်း အိအိလေးကို အနည်းငယ် ကြာတဲ့အထိ အနမ်းပေးလိုက်သည်
Saint တယောက် သူ့ရှူးသူပတ်ကာ အနမ်းခံနေရသော်လည်း ကျေနပ်ပီတိ ဂွမ်းဆီထိကာ perth ကို ပြန်ဖက်ပြီး နမ်းလိုက်သည်