တိမ်တွေ မပြာတဲ့တစ်နေ့က
ဖိတ်စာပြာလေးတစ်စောင် အိမ်ကိုရောက်တယ်
ချစ်သူရယ် ... မင်း ပျော်နေမှာပဲ
ငါ ဝမ်းသာပါတယ်မြတ်နိုးလှချည်ရဲ့ဆိုပြီး
အိတ်ကပ်ထဲ ထည့်လိုက်မိတဲ့ နေရောင်ခြည်ဟာ
လမ်းတဝက်မှာ ခုန်ပေါက်ထွက်ပြေးသွားခဲ့တော့
ဇကာပေါက်အသည်းနဲ့ ငါက
ဖိနပ်ကို ကမန်းကတန်းချွတ်ပေးခဲ့သူပေါ့သနပ်ခါးလိမ်းတဲ့ ပန်းပွင့်လေးရယ် ...
နှုတ်ခမ်းကိုက်တတ်တဲ့ ဝါဂွမ်းငယ်ရယ်
ရင်ထဲမှာ ဆတ်ခနဲပါပဲ
ငါ့မေတ္တာတွေ မစင်ကြယ်မိတာ အားနာရပါတယ်ကောင်းကင်တစ်ခု ကောက်ရတယ် ...
ဘာဖြစ်လို့ လွှတ်လိုက်တယ်။
ငါ့ကို နင် မချစ်မိစေချင်လို့ပေါ့ကွယ်
ဒါဟာ ဖြစ်သင့်ပါတယ်