Part-1

4.2K 128 10
                                    

(Unicode)

ခန့်ညားထည်ဝါလှသော  Hotelကြီးတစ်ခုအတွင်းရှိ ကြီးကျယ်ခမ်းနားလှသော အခမ်းအနားတစ်ခု.....ရှိရှိသမျှလူတိုင်းမှာ အရောင်အသွေးစုံလင်စွာ ထင်ဟပ်တင့်တယ်နေကြသည်.....

ထိုအထဲတွင် အဓိကဇာတ်လိုက်များဖြစ်သော
တောက်ပစွာ ထင်းထွက်နေသည့် အနီအနက်
သတို့သား စုံတွဲ.....

နီနီရဲရဲcoatအကျီကို ဝတ်ဆင်ထားသည့်
ဖြူနုနုကောင်လေး၏ နှုတ်ခမ်းဖူးဖူးထက်တွင် သေသပ်သော အပြုံးလေးကတွဲခိုနေလေပြီး ဘေးနားရှိ eyesmileများပေါ်အောင်ပင်ပြုံးနေသော all blackဝတ်ဆင်ထားသည့်
ကောင်လေး၏ လက်မောင်းအား ချိတ်တွယ်ယှက်သွယ်ထားသေးသည်...

"လိုက်ဖက်လိုက်ကြတာ"

"သတင်းတွေကြားတုန်းက မယုံနိုင်ခဲ့ဘူး
အရမ်းချစ်ကြပုံပဲနော်"

"၂ယောက်လုံးချောလိုက်တာ"

အစရှိသဖြင့် ထောပနာစကားများကို မိန့်မိန့်ကြီးပြုံးကာနားဆင်နေသော
အနီ‌ေကာင်‌ေလးက သူ၏ လက်ဖဝါးအား မချင့်မရဲဖျစ်ညှစ်နေသူထံ
အကြည့်ပို့၍ ငြိမ်ငြိမ်နေရန် မျက်စ,ပစ်ပြလေသည်....

သို့သော်ငြား သူ့စကားဆိုမြေဝယ်မကျမဟုတ် လေပေါ်ပင်မကျအောင် မထိန်းသိမ်းတတ်သော အခွက်ပြောင်တတ်သည့်
ကောင်လေးက ပုခုံးကိုပါ အဆစ်ဖက်ကာ
အနားနားကပ်၍ အကြည့်ချင်းဆုံပြီး
ရန်စ,‌ေတာ့သည်.....

"ငယ်...ကျွန်တော်အရမ်းပျော်တာပဲသိလား"

"အွန်း"

"ငယ်ကမပျော်ဘူးလားဗျ"

" ပျော်လို့ပဲဒီလိုကြီး ပြုံးနေတာပေါ့
ကောင်စုတ်လေးရ"

မင်သေသေ မျက်နှာထားနဲ့ ပြုံးတယ်ဆိုရုံလေး သေချာလုပ်ပြပြီး အဖြေပေးတော့
နှစ်ခမ်းထောင့်နှစ်ဖက်ကို လက်နဲ့အပေါ်သို့
လာမြှောက်တင်ရင်း....

"နည်းနည်းထပ်ပြုံးဦး"

အဟွန်း...သောက်ကလေးလေး....

"ကဲ...ခုကစပြီး စေ့စပ်ပွဲအခမ်းအနားစတင်တော့မှာ ဖြစ်ပါတယ်။သတို့သား၂ယောက်ကလည်း ချစ်ကြည်နူးတစ်တီတူးနေတာလေးတွေရပ်ပြီး နေရာယူပေးကြပါခင်ဗျာ"

Be in love❤️🖤Where stories live. Discover now