Zawgyi
" မမလေး Chae နဲ့ LiLi ကိုနိုးလိုက်ရတော့မလား ''
ရွှေအိုရောင်ဝင်းနေသော ဧည့်ခန်းအလယ်တွင် အနီရောင်ဂါဝန်အရှည်ကို ဝတ်ဆင်ကာခြေချိတ်ထိုင်နေသော
မိန်းမလှလေးသည် အရှေ့တွင်ခစားနေသော အိမ်တော်ထိန်းအား တစ်ချက်ကြည့်ကာ ခက်ပြတ်ပြတ်ပြန်
ဖြေလိုက်သည် ။" နှိုးလိုက်တော့လေ....ဒီအချိန်တောင်ရှိနေပြီ အဲ့ကလေးတွေ အိပ်နေကြတုန်းလား အခုချက်ချင်းနှိုးလိုက် ''
သူမ၏သြဇာသံကြောင့် အိမ်တော်ထိန်းဂျောင်းလည်း
အိမ်အပေါ်ထပ်သို့ တက်လှမ်းလာကာ ပန်းနုရောင်
အခန်းကျယ်အတွင်းသို့ ဝင်သွားခဲ့သည် ။ ကုတင်ကျယ်
ပေါ်တွင်အိပ်နေသော ကလေးမလေးနှစ်ယောက်ကို
ကြည့်ရင်း ခပ်ဖွဖွပြုံးမိသည် ။ ပါးဖောင်းဖောင်း ဆံပင်
ရွှေအိုရောင်နုနုနှင့်ချစ်စရာကောင်မလေးနှင့် နှုတ်ခမ်းဖူးဖူး နှာခေါင်းချွန်ချွန်လေးနှင့်ကလေးဆန်တတ်သော
ကောင်မလေး ။
Chae နဲ့ LiLi ကအမွှာတွေဆိုပေမယ့် စိတ်ကတော့တခြားစီလို့ပဲ ပြောရမယ်ထင်တယ် ။ Chae ကလူကြီးဆန်တယ် ကလေးတစ်ယောက်နဲ့မလိုက်ဖက်စွာ တွေးတောတတ်တယ် ရင့်ကျက်တယ် ။ LiLi ကတော့
ဂျစ်တစ်တစ်နဲ့ သိပ်ကို ကလေးဆန်လွန်းတယ်....။" Chae....LiLi ကလေးတို့ရေ ထကြတော့လေ
ကျောင်းသွားရအုံးမယ် မဟုတ်လား ''" Chae ထပြီ ဟီးဟီး ''
" အားရိုးလိမ္မာလိုက်တဲ့ Chae လေး LiLi လေးရော
မထသေးဘူးလား ''" မထချင်သေးပါဘူး....LiLi ကအိပ်ချင်သေးတာ''
" ကလေးတွေ မထကြသေးဘူးလား ''
အောက်ထပ်မှ အသံစူးစူးကြောင့် LiLi ကုတင်ပေါ်မှ
ချက်ချင်းဆင်းလာတော့သည် ။ ဒီကလေးတွေ သူတို့
အမေ Jennie ကိုတော့ကြောက်ကြသားပဲ..." LiLi မ နင့်ကြောင့်ငါပါ ဆူခံရပြီ ''
" ကြောက်တယ် ထပြီ ''
"ကလေးတွေကို ဘာတွေရစ်နေတာလဲ Mrs Kim''
အိမ်ပေါက်ဝမှ တစ်လှမ်းချင်းစီလျှောက်လှမ်းလာသော
အဖြူ ရောင်နတ်ဘုရားမသဖွယ် သူမအားမြင်ပြီး
Jennie အံ့သြသွားခဲ့သည် ။
YOU ARE READING
MOMENT
Short StoryZawgyi Jennie သူတို့က ဘာတွေဖြစ်ချင်နေတာကြလဲ ငါသူတို့လိုအပ်တာပေးထားတယ်လေ ဘ၀မှာ အလိုအပ်ဆုံးကငွေပဲမဟုတ်လား.... Jisoo အမှန်တော့သူမရဲ့ ဘ၀မှာအလိုအပ်ခဲ့ဆုံးကငွေဖြစ်ခဲ့ပြီး ငွေအတွက်ရုန်းကန်ခဲ့ရတဲ့ သူမရဲ့ဘ၀ဟာသနားစရာကောင်းပါတယ်.... Rose Chae က O...