ဆောင်းရာသီရဲ့ချမ်းအေးသော အရှေ့မြောက်လေများက
တဝှီးဝှီးစတင်တိုက်ခတ်နေလေပြီ
အင်းယားကမ်းဘောင်ပေါ်၌ မနက်စောစောအချိန်ဖြစ်တာမို့
လူသိပ်မရှိ...
ဘီယာဘူးကိုလက်တွက်ကျစ်ကျစ်ပါအောင်ကိုင်ထားပြီး
ခန့်ပိုင်မျက်ရည်တွေစီးကျနေမိသည်ခန့်ပိုင်မေမေသည်ယခု အသက်၃၀သာရှိသေးသည်
ငယ်ရွယ်နုပျိုကာ အိမ်ထောင်သည်ဟုပင်မထင်ရပေ
ငယ်ငယ်ထဲမှ မေမေသည်ပိန်ပိန်ပါးပါး
ဖြူဖြူသွယ်သွယ်လေးဖြစ်ခဲ့သည်
အလွန်လဲချောလှခဲ့သည်
ထို့ကြောင့်အဖွားကလုံးဝစိတ်မချခဲ့ရ
ယခုမေမေသည်အိမ်ထောင်ကျပြီး
ကျွန်တော့ကိုမွေးပြီးသည်အထိ လာရောက်ပိုးပန်းသူ
များကရှိနေသေးသည် ဖေဖေသည်လည်း ထိုကိစ္စတွေကြောင့်
သွေးတက်ရပေါင်းလည်းမနည်းတော့ပေ
ကျွန်တော့် ဖေဖေ ဦးမင်းအောင်မှာ ယခုအသက်၄၆ရှိချေပြီ
ဖေဖေသည် ကျန်းမာရေးသိပ်ပြီးမလိုက်စားတတ်
မေမေနှင့်စပြီးအိမ်ထောင်ကျထဲက ဖေဖေသည်ဆေးလိပ်နှင့်အရက်ကိုနေ့တိုင်းလိုလိုပင်
သောက်စားနေခဲ့သည်သို့ပေမယ့်ဖေဖေသည်အလွန်အကျွံသောက်ပြီး
မူးကာဆဲဆူရိုက်နှက်တာမျိုးမလုပ်ပေ
အရက်သောက်ပြီးအနည်းငယ်သာမူးတတ်ပြီး
ပြန်လာလျှင်မေမေ့ကိုဘယ်လောက်ချစ်ကြောင်း
ကျွန်တော့ကိုဘယ်လောက်ချစ်ကြောင်း အနာဂတ်တွင်
ကျွန်တော်တို့ဘယ်လိုနေသွားမည်ဆိုသည်ဖြင့် ပြောတတ်သည်ရီစရာတွေလဲပြော အနာဂတ်အကြောင်းတွေလဲပြောသဖြင့်
ဖေဖေမူးလာတိုင်းကျွန်တော်တို့သားအမိမှာ ဘာကိုမှစိတ်ပူစရာမရှိ
မေမေကအရက်သောက်တာမကြိုက်
ဖေဖေသောက်တာကိုလည်း ကြည်ကြည်ဖြူဖြူလက်မခံသော်လည်း
သောက်ခွင့်တော့ပေးထားသည်သို့ပေမယ့်.... ထိုဒဏ်များက ကျွန်တော်၎တန်းလောက်တွင်
ဖေဖေဆီသို့ထိရောက်ခဲ့သည်
ဖေဖေသည်ယခု နှလုံျးသွးကြောကျဉ်းရောဂါကိုခံစားနေရပြီဖြစ်သည်
မေမေကထိုအကြောင်းကိုသိသိချင်း ဖေဖေကိုထုရိုက်ကာ
ဝမ်းနည်းတကြီးတစ်ညလုံးငိုကျွေးခဲ့သည်
ဖေဖေကကုလျှင်ပျောက်နိုင်ကြောင်း ဆရာဝန်ကပါ
နားချပေမယ့် မေမေ့မှာ စိတ်မသက်သာနိုင်ပေ
