Childish Partner

640 84 6
                                    

[Uni]

Baekhyun ရဲ့တူလေး နှစ်နှစ်ပြည့်မွေးနေ့အတွက်
မွေးနေ့လက်ဆောင်ဝယ်ဖို့ ကလေးကစားစရာတွေ
ဝယ်ဖို့ ထွက်လာခဲ့တယ်.....

အသစ်ဖွင့်ထားတဲ့ဆိုင်ဖြစ်တာကြောင့် အရာရာက
အသစ်အဆန်းတွေနဲ့ ပြည့်နေတယ်...

အဲ့ထဲက ၁၀နှစ်ကျော်ကျော်ကလေးတွေ အပျော်
မောင်းတဲ့ကားက Baekhyun အတွက်
တလက်လက်တောက်ပနေတယ်....

"မော်င မောင် အဲ့ကားလေးသွားကြည့်ရအောင်"

"ဟမ် Hyunee တူလေးက နှစ်နှစ်ဆို အဲ့ကားကို
၇နှစ်လောက်မှဝယ်ပေးတာကောင်း....Hyunee!!"

Sehun ပြောတာမဆုံးသေး Baekhyun က
သူ့ခြေထောက်တစ်ဝက်စာတောင်မရှိတဲ့
ကားထဲကို အတင်းဝင်သွားလေပြီ!!

"မောင်ရေ မောင်ရေ Hyunee သေးသေးလေး
ဖြစ်နေတုန်းတွေ့လား!!!"

Baekhyun က သူကားသေးသေးလေးထဲ
ခြေထောက်နှစ်ချောင်းထည့်လို့ရတာကို
အတော်သဘောကျနေပုံရသည်....

ထိုကလေးဆန်ဆန်ချစ်စဖွယ်အမူအရာတွေကြောင့်
သူHyunee ကို ငုံထားမတတ်ချစ်ရတာ...

Baekhyun ကားထဲမှာဟိုနှိပ်ဒီနှိလုပ်ကြည့်ရင်း
တော်တော်ကြာတဲ့ထိထွက်မလာ....

"Hyunee မဝယ်ဘူးဆိုရင် ထွက်လာတော့လေ
၁၅မိနစ်လောက်ထိုင်နေတော့ ဝန်ထမ်းတွေက
မျက်စောင်းထိုးနေပြီ"

"မောင် အနားကပ်လာဦး တိုးတိုးလေးပြောစရာ
ရှိတယ်"

Baekhyun ပြောတဲ့အတိုင်း Sehun သူ့နားကို
နားကပ်ပေးလိုက်တော့ တိုးတိုးလေးပြောလိုက်တဲ့
စကားက

"ခြေထောက်ကကြပ်နေပြီး ထွက်မရတော့ဘူး"
တဲ့.....

နောက်ဆုံးမှာတော့ ထိုကားလေးက နည်းနည်း
ဒဏ်ရာဖြစ်တာကြောင့် အလျော်ပေးလည်း
မထူးတာမို့ ဝယ်လိုက်ရတော့တယ်....

Baekhyun ကတော့ ပျော်လို့ထင့်
ခုန်ပေါက်နေတယ်....

သူ့ရဲ့ပိုက်ဆံအိတ်ထဲမှာ အကြွေကလွဲ ဘာမှ
မရှိတော့ပေ...

Sehun တွေးမိတယ်....
အဲ့လို ဖြစ်နေတာတောင် Baekhyun
ပုံစံက ဘာလို့ ချစ်စရာကောင်းတယ်လို့ ထင်နေမိတာလဲလို့....



[Zawgyi]
ဝယ်ဖို့ ထွက်လာခဲ့တယ်.....


တလက်လက်တောက်ပနေတယ်....




ဖြစ်နေတုန်းတွေ့လား!!!"




မျက်စောင်းထိုးနေပြီ"

ရှိတယ်"

စကားက

တဲ့.....


ခုန်ပေါက်နေတယ်....

မရှိတော့ပေ...

Sehun တွေးမိတယ်....

My Boyfriend Is  ❤Where stories live. Discover now