ကောင်မလေးတစ်ယောက်ရဲ့နာမည်က ဆောင်းနှင်းသဇင် ။
သူ့နာမည်ကိုမြန်မာနိုင်ငံကလူကုံထံအသိုင်းအဝိုင်းမှာမကြားဖူးသူဟူ၍မရှိ။အကြောင်းမှာမြန်မာနိုင်ငံ၏အချမ်းသာဆုံးသူဌေးအယောက်၂၀တွင်၁၁ယောက်မြောက်သူဌေးဖြစ်သော ဦးမင်းဇေယျာသည်သူမ၏ဖခင်ဖြစ်နေခြင်းပင်ဖြစ်သည်။ယနေ့ခေတ်မြန်မာ့Fashionလောကတွင်နာမည်အကြီးဆုံး သြဇာအရှိဆုံး companyကြီးတစ်ခုဖြစ်သော Apple9ရဲ့CEO။Apple9မှထုတ်သည့်fashion Brandများသည်အလွန်နာမည်ကြီးပြီးအဆင့်အတန်းရှိသဖြင့်ပိုက်ဆံရှိပေ့ ချမ်းသာပေ့ဟူသောလူကုံထံများ နိုင်ငံကျော်celebrityများသာဝယ်ယူဝတ်ဆင်နီုင်ကြ၏။ထို့ကြောင့် companyပိုင်ရှင်ဖြစ်သောဦးမင်းဇေယျာ၏ချမ်းသာကြွယ်ဝမှုကို စာဖတ်သူ မှန်းဆနိုင်ပါသည်။ကျိကျိတက်ချမ်းသာတဲ့သူဌေးကြီးဖြစ်သော်လည်း သူမာနမကြီးပါ။မမောက်မာပါ😊 စီးပွားရေးလုပ်သည့်အချိန်မှာလည်း မသမာသော မဟုတ်မမှန်သောနည်းလမ်းမျိုးကိုမသုံးဘဲ လက်အောက်ငယ်သားဝန်ထမ်း တွေကိုလည်းကြည့်ရှုပေးသူဟု နာမည်ကောင်းနှင့်ကျော်ကြားသူပင်။☺️သူ့မှာသားသမီးနှစ်ယောက်ရှိသည် အောင်ကျော်ဇေယျာနှင့် ဆောင်းနှင်းသဇင်ဟူသောမောင်နှမနှစ်ယောက်။
အောင်ကျော်ဇေယျာ။Apple9ရဲ့Manager။ဖခင်နှင့် စီးပွားရေးအမြင်ကျယ်ခြင်း၌တူသောလည်း ကျန်အချက်များ၌မတူပေ။လူငယ်ပီပီစိတ်မြန်လက်မြန်ရှိပြီး ရည်မှန်းချက်ကြီးသည်။ တိကျသေချာပြီး အရာရာကိုစိတ်အားထက်သန်စွာလုပ်တတ်တဲ့သူ။စိတ်ကြီးသူလည်းဖြစ်၏။ထို့ကြောင့်သူ့ညီမနှင့် တစ်စက်မှမတည့်။
သူ့ညီမ ဆောင်း ကတော့သူနဲ့ပြောင်းပြန်😅austrilia၌ကျောင်းသွားတက်နေရာက တစ်ဝက်တစ်ပျက်နဲ့ပြန်လာ companyမှာလည်းဝင်မလုပ် စီးပွားရေးလဲစိတ်မဝင်စား တစ်နေ့တစ်နေ့shoppingထွက်လိုက် လျှောက်လည်လိုက် clubတက်လိုက်ဖြင့် သူဌေးသမီးပီပီကြော့ကြော့မော့မော့လေးနေတတ်သူ။
ဆောင်းတို့တစ်မိသားစုလုံးက တရုတ်စပ်သဖြင့် အလွန်ချောကြသည်။မွေးကထဲက ရွှေဇွန်းကိုက်ပြီးချမ်းချမ်းသာသာကြီးပြင်းလာသော ဆောင်း ကိုယ်တိုင်လည်း တစ်ကြိမ်တစ်ခါမျှမြင်ဖူးရုံဖြင့် မေ့မရအောင်ပင် လှသည်။❤️လူလေးလှသကဲ့သို့ စိတ်ထားလေးကလည်း ချစ်စရာကောင်းသည်။အမြဲပျော်ပျော်ရွှင်ရွှင် လွတ်လွတ်လပ်လပ်နေသည်။ နှုတ်ခမ်းနီနီဖူးဖူးလေးကိုထော်၍ ရန်စွာတတ်သေးသည်။ချစ်စရာကောင်းသောအမူအရာလေးများကြောင့် သူ့ကိုလူတိုင်းကချစ်ကြ ဂရုစိုက်ကြသည်။ သုံးနှစ်ကွာသောအစ်ကိုဖြစ်သူ့ အောင်ကျော်ဇေယျာ နှင့် အပေါက်အလမ်းမတည့်။ ညီမကလိုက်စ အစ်ကိုကလိုက်ရိုက်😂😂။အမြဲတကျက်ကျက် ရန်ထဖြစ်စမြဲ။မတည့်သော်လည်း အရမ်းချစ်ကြရှာသေညမောင်နှမ။တစ်ယောက်ကိုတစ်ယောက်ဂရုစိုက်ကြကာကွယ်ပေးတတ်ကြသည်။ အတိုချုံးပြောရလျှင်တော့ ဆောင်းတို့မိသားစုလေးသည် လူတကာအားကျရသော ပျော်ရွှင်စရာမိသားစုကလေးဖြစ်ခဲ့ပါသည်။အချိန်တစ်ခုအထိ...။
*************************
အိမ်ဖော်မလေး စုစုအေး အလျင်စလို အပေါ်ဆုံးထပ်သို့တက်လာပြီး အခန်းတံခါးကို ခေါက်လိုက်သည်။ "ဒေါက် ဒေါက် ဒေါက်" "မမလေး မမလေး မထသေးဘူးလား ၈နာရီကျော်နေပြီလေ" ကျယ်လောင်သော့အော်သံကြောင့် ဆောင်း ခေါင်းကုတ်ပြီးထလာသည်။ဆံပင်တွေလဲရှုပ်ပွ။မျက်လုံးကတော့မပွင့်သေး။"ဘာလဲဟာ စောစောစီးစီး" အိပ်ချင်မူးတူးအသံဖြင့် စုစုအေးကိုမေးလိုက်သည်။"မမလေး မသိဘူးလား ?ဒီနေ့စနေနေ့လေ လူကြီးတွေလာတော့မယ် မြန်မြန်ထပါ"
ဆောင်း *စနေနေ့?ဘာဖြစ်လို့လဲ ဘယ်သူတွေလာမှာလဲ? ဟာ ဟုတ်သားပဲ ကိုကိုနဲ့စေ့စပ်မယ့်အိမ်ကလူတွေထမင်းလာစားမယ့်နေ့ပဲ!!၉နာရီလာကြမှာ အခု၈နာရီကျော်နေပြီ!!*
ကမန်းကတမ်း ကုန်းရုန်းထပြီးနာရီလှမ်းကြည့်လိုက်တော့၈နာရီ၁၅မိနစ်။
ဆောင်း-(တံခါးဖွင့်ပေးရင်း)ဟဲ့ စုစု ငါ့အကျီင်္ ပြင်ထား။ငါရေချိုးအုံးမယ်။
စုစု-ဟုတ် မမလေး မြန်မြန်လုပ်နော်
ဆောင်းတစ်ေယာက်ရေချိုးရင်း ထွေရာလေးပါးတွေးနေမိ။*ကိုကိုနဲ့စေ့စပ်မယ့်ကောင်မလေးက ဘယ်လိုပုံစံဖြစ်မလဲ?ကိုကိုနဲ့ရောအဆင်ပြေပါ့မလား?ငါ့ထက်အသက်ကြီးလား မသိ?ငါကသူ့ကိုယောင်းမလို့ခေါ်ရမှာလား*
**************************
သုံးထပ်တိုက်ကြီး၏အောက်ဆုံးအထပ် ကျယ်ဝန်းလှသောထမင်းစားခန်းထဲ၌ လူစုံတက်စုံရောက်နေကြပြီ။ဆောင်းကလွဲ၍။ နှစ်ဖက်မိဘတွေက စီးပွားရေးအကြောင်း သားရေးသမီးရေးအကြောင်း စကားပြောနေကြသည်။ကျော်ဇေကတော့ ရှေ့ကချထားသော ထမင်းပန်းကန်ကိုသာ စိုက်ကြည့်နေသည်။ကောင်မလေးကလည်း ဟိုငေးဒီငေးလုပ်နေလေ၏။
ဦးမင်းဇေယျာ-(အခန်းထောင့်မှာရပ်နေတဲ့ အလုပ်သမား သုတ ဘက်လှည့်ပြီး)ငါ့သမီး မပြီးသေးဘူးလား သွားကြည့်စမ်း!
သုတကအခန်းထဲမှအထွက် ဆောင်းလည်းအခန်းထဲအဝင်။
သုတ-လာပါပြီ ခင်ဗျ။(ဖရိုဖရဲပြေးလာတဲ့ဆောင်းကိုကိုင်ထိန်းပေးရင်း)
ဆောင်းကရိုးရိုးယဉ်ယဉ်ပန်းရောင်ဇာဂါဝန်တိုလေး ဝတ်ပြီးဆံပင်ကိုတဝက်မှ ဖဲကြိုးလေးစည်းထားသည်။ခပ်သွက်သွက်ဝင်လာပြီး သူ့အမေနှင့်အစ်ကိုကြားဝင်ထိုင်လိုက်သည်။
ဆောင်း-(ခေါင်းလေးငုံ့ပြီး)ဆောင်းအိပ်ရာထနောက်ကျသွားလို့ပါ 😅အန်ကယ်တို့ အန်တီတို့ စောင့်ရတာကြာသွားတယ်😁
ဟိုဘက်ကမိဘများ-ရပါတယ် သမီးရယ်။ဦးမင်းဇေယျာရေ ခင်ဗျားသမီးလေးကတော့ကြားထားတဲ့အတိုင်းချစ်စရာလေးဗျာ။
သူ့အစ်ကိုကဆောင်းကိုကြည့်ပြီး မပြုံးတပြုံး စပ်ဖြီးဖြီးလုပ်နေသည်။ဆောင်း ကိုကိုနှင့် စေ့စပ်မည့်ကောင်မလေးကို မသိမသာလေ့လာကြည့်ရင်း *ငါ့အစ်ကိုကရွေးတတ်လိုက်တာ ယောင်းမလေးကမိုက်တယ်ဟ😁*လူကြီးတွေစကားပြောနေတုန်း ဆောင်း သူ့အစ်ကို ကိုမျက်စပစ်လိုက်သည်။ကျော်ဇေက ညီမလေးကိုညင်ညင်သာသာပင် ခြေထောက်ဖြင့် တက်နင်းလိုက်သည်🙂😂😂။ဆောင်း ထမင်းစားနေရင်း ထရီလိုက်သဖြင့် သီးသွားလေသည်။မိခင် ဒေါ်နှင်းယု က မောင်နှမနှစ်ယောက်ကို မျက်စောင်းလှမ်းထိုးလိုက်မှသာ ငြိမ်သွားကြလေ၏။
စေ့စပ်မည့်ကောင်မလေးနာမည်က အမရာငြိမ်း။ရုပ်ရည်လေးက မဆိုးလှသော်လည်းအပြင်အဆင်တော်သောကြောင့် ကြည့်ကောင်းသည်။သူ့အဖေက ဦးအောင်ဇေယျာတို့၏ပြိုင်ဖက်Companyတစ်ခုဖြစ်သောJPM companyပိုင်ရှင်။JPMသည်လည်းထိတ်တန်းစီးပွားရေးလုပ်ငန်းတစ်ခုပင် ။ရှင်းရှင်းပြောရလျှင်korean dramaများထဲကလို စီးပွားရေးအရတွက်ချက် လက်ထပ်ခြင်းပင်။ကျော်ဇေနဲ့အမရာ က အရင်ကတစ်ခါမှပင်မတွေ့ဖူးကြပါ။ ထို့ကြောင့် စာဖတ်သူကမေးပါလိမ့်မည်။ဦးမင်းဇေယျာက သူ့သားဆန္ဒမပါဘဲ အတင်းအကြပ်လက်ထပ်ခိုင်းခဲ့သလား ?။ဦးမင်းဇေယျာသည် ငွေကြေးအတွက်မိမိသားသမီးကိုရောင်းစားမည့်လူမျိုး လုံးဝမဟုတ်ပါ။ကျော်ဇေ့ကိုအကြံပေးရုံပေးခဲ့ဖြင်းဖြစ်သည်။အမှန်တကယ်ရွေးချယ်ဆုံးဖြတ်ခဲ့သူကကျော်ဇေကိုယ်တိုင်ပင်။ ယခုလောလောဆယ် apple9၏စီးပွားရေးအခြေအနေမှာ စိုးရိမ်စရာဖြစ်နေသည်။ Projectအကြီးစားတစ်ခုအတွက် badgetအမြောက်အမြားကိုချေးယူသုံးစွဲထားရသည်။မထင်မှတ်ဘဲcompany၏ရှေ့ရေးသည်ထိုprojectအပေါ်မူတည်နေသည်။ဤသို့ဆိုးဝါးနေသောအခြေအနေများကိုထိန်းရန် JPM ဘက်မှအကူအညီများစွာလိုအပ်သည်။ထို့ကြောင့် ကျော်ဇေတစ်ယောက် မည်သို့မျှမတတ်နိုင်ဘဲ အချစ်မပါသောလက်ထပ်မှုတစ်ခုကိုပြုလုပ်ရတော့မည်။Apple9ဘက်ကဒီကိစ္စကိုမသိ။ဆောင်းလဲ မသိ။ထို့ကြောင့်ပင် လက်ကပ်ကပ်သော သူ့အစ်ကို ဒီတစ်ကြိမ်တော့ စွံသွားရှာပြီ ဟူ၍ဝမ်းသာနေခဲ့၏။
စေ့စပ်ပွဲရက်ကိုသတ်မှတ်လိုက်ကြပြီ။၂၀၁၈ခုနှစ်
marchလ ၁၉ရက်။bangkokရှိ နာမည်ကြီးhotelတစ်ခု၌ dinnerပွဲကျင်းပမည်။လူကုံထံအသိုင်းဝိုင်းနှင့်အနုပညာရှင်များ mediaများတက်ရောက်ကြမည်ဟု ဆောင်းကြားထားသည်။ဘာမှမသိသေးသောဆောင်းကတော့ ကြိုတင်ပြီးစိတ်လှုပ်ရှားနေပြီ။☹️
*************************
ဒီနေ့တနင်္ဂနွေနေ့။အိမ်မှာဖေဖေ မေမေ နှင့်ကိုကိုတို့မရှိကြ။Bangko၌ပြင်စရာများပြင်ဆင်နေကြသည်။ဆောင်းကမလိုက်ချင်ဟုဆိုကာ နေခဲ့သည်။အိမ်မှာအလုပ်သမားနှစ်ယောက်တော့ကျန်ခဲ့သည်။ သုတနဲ့စုစုအေး။တစ်နည်းအားဖြင့် ဆောင်း၏သူငယ်ချင်းများ။ ဆောင်းအသက်၁၅နှစ်ကထဲက သုတနဲ့စုစုအေးကို ဖေဖေက အိမ်ခေါ်လာခဲ့သည်။အိမ်တွင်လက်တိုလက်တောင်းခိုင်းရန် ဆောင်းကိုအဖော်ပြုပေးရန်။ ကျော်ဇေက သြဇီမှာကျောင်းတက်နေရသောကြောင့် ဆောင်းမပျင်းရအောင်ခေါ်လာခြင်းဖြစ်သည်။
သုတ ကရောက်ခါစကထဲက ရိုးသားတဲ့ကောင်လေး။ခိုင်းသမျှမညီးမညူ ဘဲအကုန်လုပ်သည်။စိတ်ချရသည်။စုစုအေး ကမူ ရိုးသားသူမဟုတ်ခဲ့။ဆောင်းနဲ့သူက သက်တူရွယ်တူ မိန်းကလေးချင်းအတူတူဖြစ်သော်လည်း တစ်ယောက်ကမိုးကျရွှေကိုယ် တစ်ယောက်ကတော့အောက်ခြေအလုပ်သမား။အစစ အရာရာပြီးပြည့်စုံတဲ့ ဆောင်း၏ ဘဝကိုသူအလွန်အားကျခဲ့ရသည်။မနာလိုလည်း ဖြစ်ခဲ့မိ၏။သူကမကောင်းသောစိတ်ထားသော်လည်း ဆောင်းကသူ့အပေါ်ကောင်းရှာသည်။အလုပ်သမားလိုမဟုတ်ဘဲ သူငယ်ချင်းတစ်ယောက်လို ဆက်ဆံပေးခဲ့သည်။ တောကတက်လားသော စုတ်စုတ်ပြတ်ပြတ် မလှမပ ကောင်မလေးတစ်ယောက်ကို သူ့အတွက်မလိုသော ပိုလျှံနေသည့်အဝတ်အစားများ Make up အကောင်းစားများပေးသည်။ကြုံလျှင်ကြုံသလို မုန့်ဝယ်ကျွေးသည်။မိသားစုနဲ့ပျော်ပွဲစားများထွက်သောအခါလည်း(over seaကလွဲ၍)သုတနဲ့စုစုအေးကိုပါ ခေါ်လာတတ်သည်။ငါကသူဌေးသမီးပဲဟူ၍ အထက်စီးကဆက်ဆံတာမျိုးမရှိခဲ့။နောက်ပိုင်း အိမ်ဖော်မလေးစုစုအေး ကိုယ့်ကိုကိုယ်နောင်တများရကာ ဆောင်းအပေါ်စိတ်ရင်းမှန်ဖြင့် စောင့်ရှောက်ပေးခဲ့သည်။သူငယ်ချင်းလိုရော ညီအစ်မလိုရော သခင်လိုပါ ချစ်ရှာသည်။
သုတ စုစုအေးနဲ့ဆောင်းတို့သုံးယောက် လူကြီးများမရှိချိန်တွင် သူငယ်ချင်းများကဲ့သို့ပြင်ပြောဆိုဆက်ဆံနေကျဖြစ်သည်။အစပိုင်းက သုတနှင့် စုစုအေးကငြင်းဆန်ကြသော်လည်း နောက်ပိုင်း ဆောင်း၏သဘောအတိုင်း လုပ်ကြရတော့သည်။
**********************
စုစုအေးတစ်ယောက်မီးဖိုချောင်မှာ အလုပ်ရှုပ်နေသည်။သုတကတော့ ထိုင်ခုံမှာထိုင်ပြီး ပြတင်းပေါက်မှ အပြင်သို့ငေးရင်း သီချင်းလေးညည်းနေသည်။ထိုစဉ်
ဆောင်း-(ရုတ်တရက်ဝင်လာပြီး)ဟဲ့ နင်တို့ကဒီရောက်နေတာကိုး။ငါလိုက်ရှာနေတာကြာပြီ။
စုစုအေး-မမလေး အဲ ဆောင်း ဘာခိုင်းမလို့လဲ
ဆောင်း-ဘာမှမခိုင်းဘူး ငါပျင်းလို့😁😅အပြင်ထွက်မယ်လေ
သုတ-မနေ့ကပဲတစ်နေကုန် လျှောက်သွားပြီးပြီလေ😕
ဆောင်း-ဘာဖြစ်လဲ ဒီနေ့ထပ်သွားတော့ 😒game cityသွားမယ် လိုက်မှာလားပြော
စုစုအေး-ငါမအားဘူး ဟင်းချက် ချက်....
ဆောင်း-(စုစုအေး လက်ကိုဖြတ်ခနဲဆွဲပြီး)ချက်မနေနဲ့ ထားခဲ့ လာ သွားမယ်
စုစုအေး-အေးပါဟယ် နင်ကလည်းဇွတ်ပဲ
**************************
xxxမြို့နယ် xxxရပ်ကွက် တိတ်ဆိတ်အေးချမ်းသည့်xxxလမ်းကလေးအဆုံးတွင် Astroအမည်ရှိcafe'လေးတစ်ဆိုင်ရှိ၏။သူလိုကိုယ်လိုcafe'မဟုတ်ဘဲ ထူးခြားသည်။ပထမဆုံး ဆိုင်ရှေ့ ရပ်လိုက်သည်နှင့် တမူထူးခြားသောဆိုင်ပုံစံကို ဦးစွာ သတိထားမိလိမ့်မည်။အဆင်မြင့်သော ယနေ့ခေတ်cafe'များလိုမဟုတ်ဘဲ သဘာဝဆန်ပြီးအေးချမ်းသော အငွေ့အသက်များ...ဆိုင်ရဲ့ခေါင်မိုးကိုxxxxသစ်ပင်အကြီးကြီးတစ်ပင်ရဲ့အမြစ်ကြီးတွေကဝါးမြိုထားသည်။တစ်ဆိုင်လုံးနီးပါးကိုနွယ်များကရစ်ပတ်ထားပြီးဆိုင်၏လေးဘက်လေးလံတွင် ချစ်စရာပန်းပင်မျိုးစုံကိုစနစ်တကျ စိုက်ပျိုးထားသည်။ဆိုင်ကလေးကသိပ်တော့မကျယ်လှ။၁၀ပေစာမျှသာရှိသည်။ဆိုင်သေးသော်လည်းထိုဆိုင်တွင်coffeeအမျိုးအစားပေါင်းစုံရနိုင်သည်။အေးအေးဆေးဆေး စာအုပ်လေးဖတ်ရင်း အနားယူချင်သူများအကြိုက်ပင်ဖြစ်သည်။ဆိုင်ပိုင်ရှင်က ဆိုင်ကိုဝယ်ရုံဝယ်ထားပြီး မိန်းကလေးတစ်ယောက်ကို ပေးထားသည်။ထိုမိန်းကလေးပင် ဆိုင်ထိုင်ရပြီး baristaလုပ်ရသည်။ရောင်းရသော အမြတ်အစွန်းကို ဆိုင်ရှင်ကမယူဘဲ သူမကိုအကုန်ပေးထားသည်။ ဆိုင်ငှားခကိုလည်း အနည်းငယ်သာယူသည်။သုံးလတစ်ခါမျှသာ ဆိုင်ကိုလာကြည့်သည်။ထို့ကြောင့် ထိုမိန်းကလေးပင်ဆိုင်ရှင်နှင့်မခြား။ သူမ ကမည်သူနည်း?
*******************
YOU ARE READING
The Day I Can See You💔
Romanceအရင်ကအလွန့်အလွန်ချမ်းသာခဲ့ပေမဲ့ မိဘတွေကိုဆုံးရှုံးလိုက်ရပြီးနောက် အလဲလဲအပြို ပြို ဖြစ်နေတဲ့ဆောင်းနှင်းသဇင် ❤️❤️❤️ဆိုတဲ့ ကောင်မလေး နဲ့ မိဘမဲတစ်ဦ့းဖြစ်တဲ့အပြင် အသက်၁၃နှစ်မှာ အမြင်အာရုံကိုဆုံးရှုံးလိုက်ရတဲ့ အထီးကျန်baristaမလေး နွေရှင်းခ💜💜💜 တို့နှ...